Thursday, June 4, 2020

Dhanus ဓနု ရာသီ (Sagittarius) လဂ် (Ascendant)

Dhanus ဓနု ရာသီ (Sagittarius) လဂ် (Ascendant)

        မွေးဇာတာ လဂ် = ဂြိုလ်အိမ် နံပါတ် (၁)   ဓနုရာသီ (Sagittarius)      
                                   ဂြိုလ်အိမ် နံပါတ် (၂)   မကာရရာသီ (Capricorn)
                                   ဂြိုလ်အိမ် နံပါတ် (၃)   ကုံရာသီ (Aquarius)
                                   ဂြိုလ်အိမ် နံပါတ် (၄)    မိန်ရာသီ  (Pisces)
                                   ဂြိုလ်အိမ် နံပါတ် (၅)    မိဿ ရာသီ (Aries)
                                   ဂြိုလ်အိမ် နံပါတ် (၆)    ပြိဿရာသီ (Taurus)
                                   ဂြိုလ်အိမ် နံပါတ် (၇)    မေထုန်ရာသီ (Gemini)
                                   ဂြိုလ်အိမ် နံပါတ် (၈)    ကရကဋ်ရာသီ (Cancer)
                                   ဂြိုလ်အိမ် နံပါတ် (၉)    သိဟ်ရာသီ (Leo)
                                   ဂြိုလ်အိမ် နံပါတ် (၁၀)    ကန်ရာသီ (Virgo)
                                   ဂြိုလ်အိမ် နံပါတ် (၁၁)    တူရာသီ (Libra)
                                   ဂြိုလ်အိမ် နံပါတ် (၁၂)    ဗြိစ္ဆာရာသီ (Scorpio)  
                                                                                           

မှတ်ချက်။       ။ အောက်ပါ ခန့်မှန်းချက် ဟောကိန်းသည် ပထမအိမ် မှာ လာဂ်ကိုထားပြီး အခြား ရာသီ ဂြိုလ်များကို အိမ် ၁၂ အထိ တဂြိုလ် တအိမ်နုံးနဲ့ အစဉ်လိုက်တည်ရှိနေသည်ဟု့ ယေဘူရ ယူဆကာ တွက်ချက်ထားခြင်းဖြစ်သည်။ တခါတရံမှာ တချို့သောသူများရဲ့ မွေးတဲ့အချိန် နဲ့ မွေးရာဒေသများကြောင့် ရာသီဂြိုလ် ၂ခု ဟာ အိမ်တအိမ်ထဲမှာ ရှိနေတတ်ပြီး အချို့အိမ်တွေမှာ ဘာဂြိုလ်မှ မရှိတတ်ကြသလို တချို့ ဂြိုလ်တွေက အိမ် ၂ အိမ်ကို ခွပြီး ဆက်တိုက်နေရာ ယူထားတတ်ကြလို့ ထိုသူများရဲ့  ပုံမှန်မဟုတ်သော ရာသီခွင်တွေအတွက် မမှန်နိုင်ပါ။

မွေးဇာတာ လဂ်က ဓနု ရာသီ စက်ဂျီတေးရိယတ်နတ်ခတ် ကို အင်္ဂါဂြိုလ် စိုးမိုးသဖြင့် ရှည်သော မျက်နှာ၊ နှာတံ နဲ့ လည်တိုင်၊ ကြီးမားတဲ့ နားရွှက်၊ တုတ်ခိုင်တဲ့ ကိုယ်ခန္ဓာ၊ နဖူးကြီး၊ မျက်ခုံးကောင်း၊ တောက်ပတဲ့ မျက်လုံး၊ ကြည့်ကောင်းတဲ့ ရုပ်ရည် အသားအရည်တွေ ရှိတတ်ပါသတဲ့။ သုူတို့က အပြင်ထွက်တာ ကြိုက်တတ်၊ ရိုးရိုးရှင်းရှင်းနေ၊ ဘွင်းဘွင်းပြော၊ မျှတတဲ့စိတ်ရှိတဲ့ သူတို့ဟာ ခရိးသွားတာကြိုက်၊ အပြင်မှာ ထွက်လုပ်ရတဲ့ အားကစားတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုူမူရေးအရ၊ ဘာသာရေးအရ လုပ်တဲ့ပွဲတွေ ပါတီတွေ၊ စားပွဲသောက်ပွဲတွေ၊ အရက် နဲ့ မူးယစ်ဆေးဝါးတွေကို ကြိုက်နှစ်သက်ကြပါသတဲ့။ သူတို့က လူမူ့ရေး ဘာသာရေးပွဲတွေမှာ အခြားသူတွေ မမြင်အောင် သူတို့ရဲ့  ပါစင်နယ် ပြသနာတွေကို ဖုံးထားပြီး ပျော်ရွင်ဟန်ဆောင်နေလေ့ရှိပါတယ်။ ကျန်းမာရေး အနေနဲ့တော့ ပင်ကရိယ အားနဲတတ်ပြီး အရက်သေစာ နဲ့ မူးယစ်ဆေးဝါး သောက်သုံးမူ့များလို့ အသဲ နဲ့ ကျောက်ကပ်ရောဂါတွေ အလွယ်တကူရတတ်ပါသတဲ့။

ဒုတိယမြောက်အိမ်မှာ မကာရရာသီ ကက်ပရီကွန်နတ်ခတ် ကို စနေဂြိုလ် စိုးမိုးသဖြင့် (Saturn occupy 2nd house and Capricorn ruled) အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်၊ တာဝန်ယူမူ့၊ တာဝန်ခံမူ့၊ နံမည်ကြီးလူသိများမူ့၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် စနေဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့ဟာ စည်းရုံးမူ့အားကောင်း၊ ခေါင်းဆောင်မူ့ အရည်အချင်းရှိ၊ အလုပ်ကျိုးစားပြီး ပန်းတိုင်ကို မမှိတ်မသုံ အရောက်လှမ်းတတ်တဲ့သူတွေဖြစ်ကြသော်လည်း အစနှေးတတ်သူများဖြစ်ပါသတဲ့။ သိပ္ဗံပညာ၊ သုတေသနပညာ၊ ပညာရေးဌာန ဆိုင်ရာလုပ်ငန်းများ၊ သတ္တုဗေဒပညာ၊ ပန်းပု ရုပ်ထု ဖောင်းကြွ စတဲ့ ပညာတွေမှာ အောင်မြင်နိုင်ပြီး ဒါရိုက်တာ၊ မန်နေဂျာ နဲ့ စီစဉ်ညွန်ကြား
သူတွေ ဖြစ်နိုင်ပါသတဲ့။

တတိယမြောက်အိမ်မှာ ကုမ်ရာသီ အက်ကွာရိယပ်စ်နတ်ခတ် ကို စနေဂြိုလ် စိုးမိုးသဖြင့် (Saturn occupy 3rd house and Aquarius ruled) အကျိုးအမြတ်၊ အခွင့်အရေး၊ အကို အစ်မ၊ သူငယ်ချင်း မိတ်ဆွေ၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် စနေဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့တွေဟာ လူမူရေးကောင်းပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သူတွေ ဖြစ်ကြပေမဲ့ တပါးသူတွေအပေါ်မှာ ခပ်တင်းတင်း နဲ့ အဆုံးအဖြတ၊ အမိန့်ပေးတတ် သူတွေ ဖြစ်ကြပြီး၊ အလေးအနက်ထားသူ၊ တာဝန်ယူတတ်သူ၊ သစ္စာရှိသူတွေကိုသာ ရွှေးပြီး အပေါင်းအသင်း လုပ်တတ်လေ့ ရှိပါသတဲ့။

စတုထ္တကြိမ်မြောက်အိမ်မှာ မိန်ရာသီ ပိစ်နတ်ခတ် ကို ကြာသာပတေးဂြိုလ် စိုးမိုးသဖြင့် (Jupiter occupy 4th house and Pisces ruled) အသုံးစရိတ်၊ စားသောက်မူ့အကျင့်၊ နိုင်ငံခြားခရိး၊ ဆေးရုံတက်၊ ခိုးမူ့၊ အချုပ်အနှောင် စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ကြာသာပတေးဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့က တယောက်ထဲနေပြီး သူတို့ရဲ့ ဘာသာရေး ယုံကြည်မူ့ နဲ့ စိတ်နယ်လွန်ခြင်းတွေကို ရှာဖွေစူးစမ်းလိုကြပါသတဲ့။

ပဉ္စမကြိမ်မြောက်အိမ်မှာ မိဿ ရာသီ (Aries) ကို အင်္ဂါဂြိုလ် စိုးမိုးသဖြင့် (Mars occupy 5th house and Aries ruled) အသုံးစရိတ်၊ စားသောက်မူ့အကျင့်၊ နိုင်ငံခြားခရိး၊ ဆေးရုံတက်၊ ခိုးမူ့၊ အချုပ်အနှောင် စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ကြာသာပတေးဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့က စည်းစိမ်ခံစားမူ့မှာ အလွန်ကြိုက်နှစ်သက်သူတွေဖြစ်သဖြင့် ကိုယ်ကျိုးမနဲအောင် အလွန်အကွျှံမဖြစ်အောင် သတိထားရမဲ့သူတွေဖြစ်တယ်။ အလွန်အမင်း အကျိုးအမြတ်ကို မတော်လောဘနဲ့ ရဘို့ကျိုးစားရင်း ရှိတာပြောင်နိုင်ကိန်းလဲ ရှိတတ်ကြပါသတဲ့။

ဆဌမကြိမ်မြောက်အိမ်မှာ ပြိဿရာသီ သောကြာဂြိုလ် စိုးမိုးသဖြင့် (Taurus occupy 6th house and Venus ruled) မိသားစု ကိစ္စအရေး၊ စိးပွားရေး၊ ဝင်ငွေ၊ အကြွေး၊ မျက်လုံး၊ သွား၊ စားသောက်မူ့ အလေ့အကျင့်၊ ကာယကံရှင်ရဲ့ သေရေး၊ အိပ်မရရောဂါ၊ အလုပ်အကိုင် နဲ့ အချုပ်အနှောင် စတာတွေနဲ့ ပါတ်သတ်တယ်လို့ဆိုပါတယ်။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် သောကြာဂြိုလ် Venus ရဲ့တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ဒီဇာတာရှင်မှာ မွေးရာပါ အရည်အချင်းတွေ ပါလာတတ်ပါသတဲ့။ ငွေကြေးပိုင်ဆိုင်မူ့နဲ့ လုံခြုံမူ့ကို အလေးထားတတ်ကြသလို အစားအသောက် နဲ့ ကာမဂုဏ်မှာ အလွန်ပျော်ပါးလိုကြသတဲ့။

သတ္တမကြိမ်မြောက်အိမ်မှာ မေထုန်ရာသီ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးသဖြင့် (Gemini occupy 7th house and Mercury ruled) သတ္တိဗျတ္တိ၊ ခံန္ဓာကိုယ် ကြံခိုင်မူ့၊ ကာမဆက်ဆံနိုင်မူ့ အခြေအနေ၊ အောင်မြင်ကျော်ကြားမူ့၊ ခရီးသွားလာမူ့၊ မိတ်ဆွေ၊ စစ်တပ်၊ စိတ်စွမ်းရည်၊ ဖန်တီးမူ့၊ အားကစား၊ ပန်းချီ ပန်းပု၊ ဂီတ စတဲ့ အနုပညာ၊ ပခုံး၊ နားရွက်နဲ့ လည်ချောင်းစတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း၊ မိဘ၊ မိထွေးတို့ရဲ့  ကျန်းမာရေး၊ ညီ၊ ညီမတို့ အကြောင်း စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ဗုဒ္ဓဟူးဂြိုလ် Mercury ရဲ့တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ဒီဇာတာရှင်ဟာ အခြားသူများကို နားလည်အောင် သဘောကျအောင် စကားပြောကောင်းသူများဖြစ်ကြပြီး ပုံပြောကောင်းသူတွေလဲ ဖြစ်ကြပါသတဲ့။ သူတို့ရဲ့ ညီ၊ ညီမတွေဟာလဲ အတတ်ပညာတော်ပြီး၊ စိးပွားရေး တတ်ကွျှမ်းနားလည်သူတွေဖြစ်ကြပါသတဲ့။ သူတို့ရဲ့နေအိမ် နဲ့ အလုပ်အကိုင်တွေဟာလဲ မကြာခဏရွေ့ပြောင်းနေရတတ်ပါသတဲ့။

အဌမကြိမ်မြောက်အိမ်မှာ ကရကဋ် ကင်ဆာရာသီ တနင်းလာ လဂြိုလ် စိုးမိုးသဖြင့် (Moon occupy 8th house and Cancer ruled) ပျော်ရွင်မူ့၊ အမေ၊ စည်းစိမ်ဥစ္စာ၊ ကားတိုက်မုူ့၊ အိမ်၊ မြေ၊ ခြံ ပိုင်ဆိုင်မူ့၊ ရင်ပတ်၊ ရင်အုံ စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် တနင်းလာဂြိုလ် Moon ရဲ့တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် အမေလုပ်တဲ့သူက ရိုးရာကို ထိမ်းကြောင်းသူ၊ မိသားစုကို ချစ်သော်လည်း စိတ်ပျောင်းလွယ်၊ စိတ်ဆိုးလွယ်၊ သူလုပ်တာ သိတာ အမှန်လို့ ထင်နေပြီး တင်းကြပ်တဲ့ မိသားစုမျိုးကို တည်ထောင်လိုသူ ဖြစ်နိုင်ချေရှိပါသတဲ့။

နဝမကြိမ်မြောက်အိမ်မှာ သိဟ်ရာသီ လီယိုနတ်ခတ် တနင်းဂနွေ နေဂြိုလ် စိုးမိုးသဖြင့် (Sun occupy 9th house and Leo ruled) သားသမိးရေး၊ ပညာရေး၊ ကိုးကွယ်ယုံကြည်မူ့၊ နိုင်ငံခြား ပညာတော်သင်၊ သင်ယူလေ့လာသင့်သော ဘာသာရပ် စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် တနင်းဂနွေဂြိုလ် ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ခလေးယူတာကို အချိန်ဆွဲခြင်း (သို့) သားသမိး မွေးမြူထိမ်းကျောင်းရန် အခက်အခဲရှိတတ်ပြီး ပွဲလမ်းသဘင် ရုပ်ရှင် နဲ့ ပါတီပွဲတွေမှာ အချိန်အား၊ ငွေအား သုံးကာ ပျော်ရွင်နေတတ်ကြသူတွေဖြစ်ပါသတဲ့။

ဒဿမကြိမ်မြောက်အိမ်မှာ ကန်ရာသီ ဗာဂိုနတ်ခတ် ကို ဗုဒ္ဓဟူးဂြိုလ် စိုးမိုးသဖြင့် (Mercury occupy 10th house and Virgo ruled) အကြွေးကိစ္စ၊ ဒဏ်ရာ အနာတရ၊ ရန်သူ၊ တရားဥပဒေ၊ အမူ့အခင်း၊ မျက်လုံးကျန်းမာရေး၊ အိပ်မပျော်တဲ့ ရောဂါ၊ အရေပြားရောဂါ၊ အူသိမ်အူမရောဂါ၊ ယောက်ကျား ငယ်ပါရောဂါ၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ဗုဒ္ဓဟူးဂြိုလ် Mercury ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် တပါးသူတွေ ရဲ့ အရူတ်ထုတ် ပြသနာများကို ဝင်ရောက်ဖြေရှင်းပေးရင်း တာဝန်ရှိသူများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အစာခြေအင်္ဂါများ၊ အစာအိမ် နဲ့ အူသိမ် အူမတို့ ရောဂါအလွယ်တကူ ရကိန်းရှိသောကြောင့် ကိုလက်ကျန်းမာရေး လေ့ကျင့်ခန်း၊ လေကောင်းလေသန့်ရူလေ့ကျင့်ခန်းများလုပ်ပြီး၊ အစာကြေလွယ်သော အစားအစာ အသီးအနှံများစားကာ ရေသန့်များများသောက်ပေးရန် လိုအပ်ပါသတဲ့။

ဆယ့်တစ်ကြိမ်မြောက်အိမ်မှာ တူရာသီ လီဘရာနတ်ခတ် ကို သောကြာဂြိုလ် စိုးမိုးသဖြင့် (Venus occupy 12th house and Libra ruled) အချစ်ရေး၊ အိမ်ထောင်ရေး၊ လက်တွဲဖော်၊ နိုင်ငံခြားခရိး၊ ပြည်ပမှာ နေထိုင်ရေး၊ ကာမ အင်္ဂါများ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် သောကြာဂြိုလ် Venus ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ရုပ်ရည်လှပ ဆွဲဆောင်မူ့ ကောင်းကြသလို အချစ်ရေးမှာ မနာလိုတတ်သူများ ဖြစ်ကြပါသတဲ့။ သူတို့နဲ့ငြားတဲ့ အိမ်ထောင်ဖက်တွေဟာလဲ အချစ်စိတ် ပြင်းထန်သူများဖြစ်နိုင်ပါသတဲ့။

ဆယ့်နှစ်ကြိမ်မြောက်အိမ်မှာ ဗြိစ္ဆာရာသီ စကော်ပီယိုနတ်ခတ် ကို အင်္ဂါဂြိုလ် စိုးမိုးသဖြင့် (Mars occupy 12th house and Scorpio ruled) အိမ်ထောင်ရေးပျော်ရွင်မူ့၊ ကုရခက်ရောဂါ နဲ့ ပတ်သက်လာနိုင်မူ့၊ ခွဲစိပ်ကုသခံရနိုင်မူ့၊ လှိုျ့ဝှက်ငွေဝင်နိုင်မူ့၊ အမြွေရနိုင်မူ့၊ ကာမနှင့်သက်ဆိုင်သော ကိစ္စများ၊ အကျဉ်းထောင် အချုပ်တို့နဲ့ ပတ်သက်မူ့၊ သုတေသနလုပ်ငန်းများ နဲ့ လျို့ဝှက်ပညာများ၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် အင်္ဂါဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့တွေဟာ သူတို့ရဲ့ လောဘ ဒေါသ မောဟတွေ တိုက်တွန်းချက်နောက်လိုက်စေတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အချိန်တွေ ငွေတွေ ကုန်နေတတ်ပါသတဲ့။ ပြီးတော့ သူတို့က ရေရှည်အတွက်မစဉ်းစားဘဲ ခဏတာအတွက်ဘဲ တွေးလေ့ရှိပါသတဲ့။ သူတို့သည် စိတ်လူပ်ရှားတတ်ကြ၊အငြင်းလဲသန်၊ စိတ်မြန်ပြီး ကာမသန်၊ ရာဂထန်သော သူများဖြစ်ကြပါသတဲ့။

Source: : This research came from the combination of S. GENESH’S BHAVA ANALYSIS, ANDREW BLOOMFIELD’S  How To Practice VEDIC Astrology, Umang Taneja’s The Text Book of Astrology, and Ronnie Gale Dreyer’s VEDIC ASTROLOGY (A Guide to the Fundamentals of Jyotish) book and can get free birth chart from following web sites;
http://www.vedicastrology.us.com
http://www.horoscopes.astro-seek.com

No comments: