Thursday, May 21, 2020

အကြွင်း ၆ MAHABOAT

အကြွင်း ၆ ရှိသော တနင်းဂနွေသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူ ဖြစ်သဖြင့် ချမ်းသာသော မိသားစုမှာ ပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပါတယ်။ ရုပ်ရည် နှင့် အသံသြဇာရှိပြီး၊ တဖက်သားကို ကျအောင်ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။ နောက်အသက် ၇ နှစ်မှ ၂၁ နှစ်တွေအတွင်းမှာ တနင်းလာဂြိုလ် မရဏအိမ်ရောက်နေလို့ ကောင်းစရာရှိရင် အရမ်းကောင်း၊ ဆိုးရင်လဲ အလွန်ဆိုးကိန်းရှိပါတယ်။ အလူဒါနပေးခြင်း၊ အခြားသူများကို ကူညီခြင်း၊ တိရိစ္ဆာန်များကို ဘေးမဲ့လွတ်ပေးခြင်းစတဲ့ ကောင်းမူ့တွေလုပ်ပေးခြင်းဖြင့် မကောင်းသော အကုသိုလ်ကံကို ဖယ်ရှားပေးပါ။ အသက် ၂၂ နစ် ကနေ ၂၉ နှစ်မှာတော့ အင်္ဂါဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ စစ်တပ်၊ ဆေးကျောင်း၊ စက်ပြင်စတဲ့ အသက်မွေးဝမ်းကြောင်း ပညာတို့ သင်ယူရကိန်းရှိတယ်။ အသက် ၃၀ ကနေ ၄၆ နှစ် အတွင်းမှာတော့ သင်ဟာ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် အလုပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ခြင်း၊ သြဇာကြီးမားလာကိန်း ရှိပါတယ်။ အသက် ၄၇ ကနေ ၅၆ နှစ် အတွင်း စနေဂြိုလ်စိးသော ပုတိအိမ် ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ၊ ခလေးတွေ နဲ့ အိမ်ထောင်သည်အတွက် သောကရောက်တာတွေ ခဏခဏ ကြုံကိန်းရှိပါတယ်။ အသက် ၅၇ နစ် ကနေ ၇၄ နှစ်မှာတော့ ကြာသာပတေးစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၇၅ ကနေ ၈၆ နှစ်ထိ အသင်ဟာ စနေဂြိုလ် ရာဇအိမ် မှာရောက်နေလို့ အိုဇာတာ ကံကောင်း လာကိန်းရှိပါတယ်။ စိးပွားရေးလုပ်ငန်းများတိုးတက်လာကာ အခြား စိးပွားရှယ်ရာပိုင်သူများအပေါ် သြဇာညောင်းသူဖြစ်လာပြီး နောက်လိုက်တွေ တပျော်ကြီးနဲနေရကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ချမ်းသာသော ဇနီးမယားမရ၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော တနင်းလာသားသမိး အသင်ဟာ မရဏ လို့ခေါ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို အလွန်အမင်း ဖြစ်စေခြင်း နဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် ကျန်းမာရေးညံ့ခြင်း (သို့) တယောက်ထဲ နေလျင် ကြောက်တတ်ခြင်း၊ မိဘတွေနဲ့ ရှင်ကွဲ (သို့) သေကွဲ ကွဲနေရခြင်း၊ ဆွေမျိုးများနဲ့ အမူန်းပွားတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အသက် ၁၆ နစ် ကနေ ၂၃ နှစ်အတွင်းမှာတော့ အင်္ဂါဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ် ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ အသက် ၂၄ ကနေ ၄၀နှစ် အတွင်းမှာတော့ သင်ဟာ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိဘတွေရဲ့ ထောက်ပံ့မူတွေရပြီး အလုပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင် ဖြစ်ကိန်းရှိပါတယ်။ အသက် ၄၁ မှ ၅၀ နှစ်ထိ စနေဂြိုလ် ပုတိအိမ်မှာရှိနေလို့ ကျန်းမာရေး၊ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ မိမိရဲ့ အလုပ်သမား၊ အပေါင်းအသင်း၊ ဆွေမျိုးတို့နဲ့ ပြသနာလေးများ ရှိနေတတ်ပြီး စိးပွားရေးကလည်း တက်လိုက်ကျလိုက် ရှိနေတတ်ပါသည်။ ဆိးချို၊ သွေးတိုး နဲ့ မျက်လုံး ရောဂါတွေလဲရတတ်ပါတယ်။ အသက် ၅၁ နှစ်နဲ့ ၆၉ နှစ်ကြားကာလမှာ အသင်ဟာ ကြာသာပတေးဂြိုလ် စိးသော အထွန်းအီမ်မှာ ရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကြီးကိန်းလဲရှိပါတယ်။ ဇနီးမယားရဲ့ ထောက်ပံ့မုူ့ကိုလဲ ရနိုင်ကိန်းရှိတယ်။ အသက် ၇၀ နှစ်ကနေ ၈၁ နှစ်ထိ အသင်ဟာ ရာဟုဂြိုလ် ရာဇအိမ် မှာရောက်နေလို့ အိုဇာတာကံကောင်းလာကိန်းရှိပါတယ်။ စိးပွားရေးလုပ်ငန်းများ တိုးတက်လာကာ အခြား စိးပွားရှယ်ရာပိုင်သူများအပေါ် သြဇာညောင်းသူဖြစ်လာပြီး နောက်လိုက်တွေတပျော်ကြီးနဲ့ နေရကိန်းရှိပါတယ်။ ကျန်းမာရေးကတော့ ကျဆင်းလာပြီးအသက်၇၄ နှစ်မှာ တိမ်းပါးနိုင်ပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရကိန်းရှိပြီး ယောက်ကျားဆိုလျှင် ထက်မျက်သော ဇနီးမယားရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော အင်္ဂါသားသမိး အဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလျှင် အသင်ဟာ ချမ်းသာသော ရာထုူးကြီးသော မိဘများထံမှာ မွေးဖွားလာတတ်ပါတယ်။ အသင့်မှာ ခေါင်းဆောင်တယောက် ဖြစ်လာနိုင်တဲ့ ရုပ်ရည်မျိုးရှိပြီး အိမ်မက်ကြီး ရည်မှန်းချက်ကြီးသူတယောက်ဖြစ်တတ်ပါတယ်။ သင့်မိဘတွေလဲ သင်မွေးပြီးနောက် ပိုကံကောင်းလာကိန်းရှိပါတယ်။အသက် ၉ မှ ၂၅ နှစ်ထိ ဗုဒ္ဓဟူးဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ စစ်တပ်၊ ရဲတပ် စသည်တို့ကို ချိတ်ဆက်ပြီး ကံကောင်း အောင်မြင်နိင်ကိန်းလဲရှိပါတယ်။အသက် ၂၆ နှစ်နောက်ပိုင်း ၃၅ နှစ်အတွင်း စနေဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေ၍ ကံကောင်းတာတွေမလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ နေအိမ်၊ ကျောင်း၊ အရွေ့အပြောင်းများ၊ ပစည်းခဏခဏပျောက်၊ ဆွေမျိုးတွေနဲ့ မတဲ့ကိန်း အပြင် ကျန်းမာရေး ချုချာလာကိန်းတွေရှိပါတယ်။ ပြီးတော့ အသက် ၃၆ ကနေ ၅၄ နှစ်မှာတော့ ကြာသာပတေး စိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ ဘဝတကွေ့လို့ ဆိုလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၅၅ နှစ် ကနေ ၆၆ နှစ် အတွင်းမှာတော့ သင်ဟာ ရာဟုဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင် စိးပွား တိုးတက်မ့ုူမှာ သင်ဟာ အခရာ ဖြစ်လာကိန်းရှိပါတယ်။ နှစ်ပေါင်းများစွာ အိမ်မက်မက် ကြိုးစားထားတာတွေလဲ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ အသက် ၆၇ မှ ၈၇ အတွင်း သောကြာဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ ရှိသလို၊ အမျိုးသမိးကိစ္စတွေနဲ့ တရားရုံးမှာ အမူရင်ဆိုင်ရကိန်းရှိသလို ငယ်ရွယ်သော မယားလေး နဲ့ ကွဲကိန်းလဲရှိပါသည်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ဇနီးတယောက်မက ရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော ဗုဒ္ဓဟူး (နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်သည် ဗုဒ္ဓဟူးဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ ချမ်းသာ အာဏာရှိ ဂုဏ်သရေရှိ မိဘများမှ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက၊ ဘာသာတရားကိုင်းရိုင်းသုူ (သို့) မူံတေတေ ခပ်စွေစွေ ခလေးမျိုး ဖြစ်နိုင်ချေရှိပါသည်။ ရုပ်ရည်ကောင်း၊ ညဏ်ကောင်း၊ အပြောကောင်းနှင့် ပြည့်စုံသော ဘဝကောင်းလေးတခုကို ရထားနိုင်ပါတယ်။ အသက် ၁၈နှစ်မှ ၂၇ နှစ်အတွင်း စနေဂြိုလ်စိး ပုတိအိမ်မှာ ရောက်နေလို့ ကံကောင်းတာတွေမလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ သင်နေသောအိမ် မိးလောင်နိုင်ပြီး ပစည်းတွေ ပျောက်၊ အခိုးခံရကိန်းလဲရှိပါတယ်။ ကျောင်းတို့ အလုပ်တို့မှာ စကားများ ရန်ဖြစ်ရာမှ ကျောင်းထုတ်၊ အလုပ်ပြုတ်သည်အထိ ဖြစ်လာနိုင်ချေလဲရှိတယ်။ပြီးတော့ အသက် ၂၈ ကနေ ၄၆ နှစ်မှာတော့ ကြာသာပတေး စိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၄၇ နှစ်မှ ၅၈ နှစ်ထိ ရာဟုဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ မန်နေဂျာ ဒါရိုက်တာတွေဖြစ်ပြီး ကံကောင်း အောင်မြင်နိင်ကိန်းရှိပါတယ်။ အသင်သည် အသက် ၅၉ ကနေ ၇၉ နှစ် အတွင်းမှာတော့ သောကြာဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ စပ်တူလုပ်တဲ့သူတွေ၊ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ အသင်က မွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပြီး မိသားစုဝင်တွေနဲ့ ခွဲနေရကိန်း၊ အိမ်ထောင်ဖက်နဲ့ ကွဲကိန်းတွေလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါရတတ်ပြီး အသက် ၆၅ နှစ်နဲ့ ၇၁ နှစ်တွေမှာ သေဆုံးကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရနိုင်ပြီး၊ ပထမ မိန်းမနဲ့ ကွဲကိန်း၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော ကြာသာပတေးသားသမိး အသင်သည် နံမည်ကြော်ကြား လူချစ်လူခင်များသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် မိဘတွေ ကောင်းစားတဲ့ အချိန်မှာ သင့်ကိုမွေးလာ (သို့) သင်မွေးလာလို့ မိဘတွေ ကောင်းစားလာကိန်းရှိပါတယ်။ ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်း စတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာကိန်းရှိပြီး စိတ်ထားမြင့်သူ ဖြစ်နိုင်ပါတယ်။ အသက် ၂၀ နစ်ကနေ ၃၁ နှစ် အတွင်းမှာတော့ သင်ဟာ ရာဟုဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ် ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင်တွေ အောင်မြင်သလို သင်လဲ သက်မွေးဝမ်းကြောင်း ပညာတွေတတ်၊ အစိုးရဌာနတွေမှာ အရာရှိဖြစ်လာကိန်းရှိပါတယ်။ နံမည်ကောင်းလဲရလာကိန်းရှိပါတယ်။ အဖွဲ့အစည်း သမ္မဂ္ဂ စသည်တို့မှာ ခေါင်းဆောင်ဖြစ်နိုင်ကိန်းရှိပါတယ်။ အသင်ဟာ မိန်းခလေးဆိုရင် အသက် ၂၂ နှစ်မှာ လင်ကောင်း ရကိန်းရှိပါတယ်။ အသင်သည် အသက် ၃၂ နှစ်ကနေ ၅၂ နှစ် အတွင်းမှာတော့ သောကြာဂြိုလ်ဟာ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ အစုရှယ်ယာနဲ့ လုပ်တဲ့သူတွေ၊ ဆွေမျိုးတွေနဲ့ အဆင်မပြေဖြစ်တတ်၊ နောက်မီး၊ ရှေ့မိးလင်း ကိစ္စတွေနဲ့ ရုံးရောက်၊ ဂတ်ရောက်ပြီး တရားရင်ဆိုင်တာတွေ ဆုံးရူံးတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါရတတ်ပါတယ်။ အသက် ၅၃နှစ် ကနေ ၅၈ နှစ်ရောက်တော့ တနင်းဂနွေဂြိုလ်စိုးမိုးသော သိုက်အိမ်မှာရောက်လို့ အသက်မွေးဝမ်းကြောင်းပညာနဲ့ အလုပ်အကိုင် တွေ မန်နေဂျာ၊ စီအီးအို စတဲ့ရာထူးကြီးနေရာတွေ ရရှိလာကိန်းရှိပါတယ်။ အသက် ၅၉ နှစ် မှ ၇၃ နှစ်အကြား အသင်ဟာ တနင်းလာစိုးမိုးသော မရဏ ဂြိုလ်အိမ်မှာ ရောက်နေသောကြောင့် ကျန်းမာရေးညံ့နေကိန်းရှိပြီး အရက်၊ ဆေးလိပ်၊ ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့်အညီနေထိုင်ခြင်းတို့ မလုပ်ဆောင်ပါက အသက် ၅၉ နှစ်(သို့) ၆၇ နှစ်မှာ တိမ်းပါးကိန်း ရှိပါတယ်။ မတိမ်းပါးခဲ့သော်အသက် ၈၁ ထိ နေရကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော သောကြာသားသမိး အသင်သည် မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင့် မှာ မွေးရာပါ ရောဂါတွေပါလာနိုင်ကိန်းရှိပါသည်။ အသက် ၁၁ နှစ်မှာ အသင် (သို့) အသင်ရဲ့ အမေ ဆုံးပါးကိန်းရှိပါတယ်။ သင်မသေခဲ့ရင် မိဘတွေဟာ ပညာရေးမှာ သင်ယူမူ့နှေးကွေးလို့ သင့်အတွက် ရတက်မအေးရှိနေပြီး သင်ဟာ စကားနဲ၍ စိတ်ကောင်းသူဖြစ်နိုင်ပါတယ်။ အသက် ၂၂ နှစ်နောက်ပိုင်း ၂၇ နှစ်အတွင်း တနင်းဂနွေဂြိုလ် စိုးမိုးသော သိုက်အိမ်မှာ ရောက်လာလို့ မိဘတွေ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ဝင်ငွေလဲကောင်းလာကိန်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မနာလိုသူ ခြေထိုးလို့ ဒုက္ခလဲ ရောက်နိုင်ပါတယ်။ အသက် ၂၈ နှစ် မှ ၄၂ နှစ်အကြား အသင်ဟာ တနင်းလာစိုးမိုးသော မရဏဂြိုလ်အိမ်မှာ ရောက်နေသောကြောင့် ကျန်းမာရေးကြောင့်ဖြစ်စေ၊ ထိခိုက်မူကြောင့်ဖြစ်စေ အသက် ၃၅ မှာ တိမ်းပါးကိန်း ရှိပြန်ပါတယ်။ အသက် ၄၃ နှစ် မှ ၅၀ နှစ်အကြား အင်္ဂါဂြိုလ်အဓိပတိအိမ်ရောက်သဖြင့် စိးပွားရေး လူမူရေး နိုင်ငံရေး နဲ့ အသက်မွေးဝမ်းကြောင်းနယ်ပယ်တွေမှာ ခေါင်းဆောင်ရကိန်းရှိသော်လည်း သတိမထားရင် အလိမ်လဲ ခံရကိန်းရှိပါတယ်။ အသက် ၅၁ မှ ၆၇ နှစ်ထိ ဗုဒ္ဓဟူးဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင်နိင်ကိန်းရှိပါတယ်။အသက်ပါပျောက်ကိန်းရှိပါတယ်။ အသက် ၆၈ မှ ၇၇ နှစ်ထိ စနေဂြိုလ် ပုတိအိမ်မှာရှိနေလို့ ကျန်းမာရေး၊ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေး စသည်တို့မှာ ပြသနာလေးများရှိနေတတ်ပြီး စိးပွားရေးကလည်း တက်လိုက်ကျလိုက်ရှိနေတတ်ပါသည်။ အသက် ၇၅ နှစ်မှာ သေကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး သားသမိးတွေဆီမှလဲ ထောက်ပံ့မူ့ ရကိန်းရှိပါတယ်။ ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော စနေသားသမိး မွေးတုန်းက ပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်ကစ အသက် ၁၉ နှစ်ထိ ကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခုချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေက သင့်အတွက်စိုးရိမ်နေရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ရှက်တတ်ကြောက်တတ်ပြီး တခါတရံ အတင့်ရဲသူ တစူးစားလဲ ဖြစ်နိုင်ပါတယ်။ အသက် ၁၁ နှစ်နဲ့ ၂၉ ကြားကနှစ်တွေမှာ အသင်ဟာ အင်္ဂါဂြိုလ်စိးသော အထွန်းအီမ်မှာ ရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ မိန်းခလေးဆိုရင် အသက် ၂၉ မှာ ယောက်ကျားကောင်းရနိုင်သလို၊ သက်မွေးဝမ်းကြောင်း အတတ်ပညာတို့နေရာပြောင်းရွေ့ သင်ရကိန်းရှိပါတယ်။ အသက် ၃၀ ကနေ ၄၁ နှစ် အတွင်းမှာတော့ သင်ဟာ ရာဟုဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် ကံကောင်းလာမဲ့ အနေအထားရှိတယ်။ အလူပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အလုပ်မှာ ရာထူးတိုးခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်နိုင်ကိန်းတို့ရှိပါတယ်။ အသင်သည်အသက် ၄၂ နှစ် ကနေ အသက် ၆၂ နှစ် နောက်ပိုင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ သောကြာစိုးမိုးသော ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး နေရာပြောင်းရွေ့မူ့တွေနဲ့ အဆင်မပြေရှိတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၄၄ နစ်မှာ အိမ်ထောင်ကွဲတတ်ပြီး နာမကျန်းရောဂါဝေဒနာတွေနဲ့အတူ အသက် ၄၄ နှစ် သေတတ်ပါတယ်။ သို့သော် အသက် ၆၃ နှစ်ကနေ ၆၈ နှစအတွင်းမှာ တနင်းဂနွေဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေးတွေ ပြန်လည်စိုပြေလာလို့ အိုဇာတာ ကောင်းကိန်းရှိပါတယ်။ ဆုံးရူံးခဲ့တဲ့ အရာတွေ ပြန်ရနိုင်ပါတယ်။ အသက် ၆၉ နောက်ပိုင်း တနင်းလာဂြိုလ် မရဏအိမ်ရောက်လာလို့ အသက် ၇၈ နစ်မှာ ဘဝဆုံးကိန်းရှိပါကြောင်း။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံ့ပိုးမူ့တွေ ရရှိနိုင်ပြီး သားသမိးတွေဆီမှလဲ ထောက်ပံ့မူ့ ရကိန်းရှိပါတယ်။ ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော ရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး အသင်သည် အင်္ဂါဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ အဆင့်အတန်းမြင့်သော မိဘများအောင်မြင်နေတဲ့ အချိန်မှာ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ ဖခင်ရဲ့စောင့်ရှောက်မူ့ကို ပိုမိုရရှိကိန်းရှိပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက လူချစ်လူခင်များ၊ အသံသြဇာနဲ့ပြည့်စုံ၊ အရပ်မရှည်လွန်း၊ ဆံပင်ကောက်ပြီး ကျန်းမာပြည့်ဖြိုးတဲ့ ဥပတိကောင်းသူတယောက်ဖြစ်နိုင်ပါတယ်။ အသင်သည် အသက် ၁၃ ကနေ ၃၃ နှစ် အတွင်းမှာတော့ သောကြာဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်ရရှိရေး၊ ပညာသင်ကြားရေးတွေမှာ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ အသင်က မွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပြီး မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါတွေ ရတတ်ပါတယ်။ အသက် ၃၄ နှစ်မှ ၃၉ နှစ်တွေမှာ စနေဂြိုလ်စိးသော သိုက်ဖွားအိမ်မှာ ရှိနေသဖြင့် စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်းရှိပြီး အသက် ၃၅ နှစ်မှာ ထီပေါက်ကိန်းလဲရှိပါတယ်။ နံမည်ကောင်းလဲရလာကိန်းရှိပါတယ်။အသက် ၄၀ နှစ် မှ ၅၄ နှစ်အကြား အသင်ဟာ တနင်းလာစိုးမိုးသော မရဏဂြိုလ်အိမ်မှာ ရောက်နေသောကြောင့် ကျန်းမာရေးညံ့နေကိန်းရှိပြီး အရက်၊ဆေးလိပ်၊ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့် အညီနေထိုင်ခြင်းတို့မလုပ်ဆောင်ပါက အသက် ၅၃နစ် နဲ့ ၅၄ နစ်တွေမှာ အသဲအသန်ဖြစ်ကိန်း ရှိပါတယ်။ အသက် ၅၅ နစ်ကနေ ၆၂ နှစ်ကြားမှာတော့ အင်္ဂါဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး၊ ထီတွေဘာတွေပေါက်လို့၊ သင့်ဘဝဟာ ပြန်လည် ကောင်းမွန်လာလိမ့်မယ်။ အသက် ၆၃ နစ်မှ ၇၉ နှစ်ထိ ဗုဒ္ဓဟူးဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင်နိင်ကိန်းရှိပြီး အိုဇာတာကောင်းတယ်လို့ ပြောရမယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး သားသမိးတွေဆီမှလဲ ထောက်ပံ့မူ့ ရကိန်းရှိပါတယ်။ ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။

အကြွင်း ၅ MAHABOAT

အကြွင်း ၅ ရှိသောတနင်းဂနွေသားသမိး အသင်ဟာမရဏလို့ခေါ်တဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကို အလွန်အမင်း ဖြစ်စေခြင်းနဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် ကျန်းမာရေးညံ့ခြင်း (သို့) မိဘတွေ ကွဲပြဲကြလို့ ဖခင်နဲ့ ခွဲနေရကိန်းရှိပါတယ်။ သို့သော် သင့်မှာ ဆွဲဆောင်နိုင်သော သနားကမား ရုပ်ရည်မျိုး ရှိတတ်ပြီး ဆံပင်ကောက်သလို စိတ်ကလဲ ကောက်ချင်ပါတယ်။ အသက်အရမ်းငယ်တဲ့ အရွယ်မှာသေလောက်တဲ့ ရောဂါမျိုးရတတ်ပါတယ်။ အသက် ၇ နှစ် မှ ၂၁ နှစ်တွေမှာ တနင်းလာဂြိုလ် အဓိပတိအိမ် ရောက်သဖြင့် အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ရကိန်းတွေ ရှိနေပြီးမနာလိုသူတွေနဲ့ ခိုက်ရန် ဖြစ်ပွားကိန်းတွေရှိပါတယ်။ အသက် ၂၂ မှ ၂၉ နှစ် ထိ အင်္ဂါဂြိုလ် စိုးမိုးသော ရာဇအိမ်မှာရှိနေလို့ စိးပွားရေးတွေ အသက် မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်လုပ်နိုင်သလို၊ စုတ်ကောလတ်ကောဝင်နိင်ကိန်းရှိသော်လည်း တစုံတယောက်ရဲ့ လိမ်လည်ခြင်းကို ခံရနိုင်ပါတယ်။ ပြီးတော့ အသက် ၃၀ ကနေ ၄၆ နှစ်မှာတော့ ဗုဒ္ဓဟူး စိုးမိုးသော အထွန်းမှာ မို့ နံမည်ကြီး၊ ရာထူးတိုး၊ စိးပွားရေးတိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်း ရှိပါတယ်။ သင့်ရဲ့ကလေးတွေကိုလည်း မြေထောင်မြောက်ပေး နိုင်ခွင့်ရကိန်းရှိပါတယ်။ အသက် ၄၇နစ်ကနေ ၅၆နှစ် အတွင်းမှာတော့ စနေအီမ် သိုက်ဖွားရောက်လို့ ငွေကြေး စိးပွားရေး အိုကေပြီး ထီပေါက်ကိန်းလဲရှိပေမဲ့ အချစ်ရေး အိမ်ထောင်ရေးမှာ အရူတ်တွေလဲရှိပါတယ်။ အသက် ၅၇ မှ ၇၅ နှစ် အတွင်း ကြာသာပတေးဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်းစသည်တို့ အပြောင်းအရွေ့ ရှိပြီး ကျန်းမာရေးချို့ယွင်းလာကာ အသက် ၆၂နစ်နဲ့ ၇၃ နစ်တွေမှာ တိမ်းပါးကိန်းရှိပါတယ်။ အချုပ်ပြောရရင် မိခင်ဆီမှလည်းကောင်း၊ သားသမိးနဲ့ ဆွေမျိုးတွေဆီမှ အကူအညီရကိန်းရှိပါကြောင်း။ အကြွင်း ၅ ရှိသောတနင်းလာသားသမိး အသင်ဟာအဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလို့ ကျန်းမာသန်စွမ်းကာ စိးပွားရေးတောင့်တင်းပညာတတ်သောမိဘများဆီမှာ မွေးဖွားတတ်ပါတယ်။ သင့်မိဘတွေလဲ သင်မွေးပြီးနောက် ပိုကံကောင်းလာကိန်းရှိပါတယ်။ အသားအရေလှပြီး ဆွဲဆောင်နိုင်တဲ့ ရုပ်ရည်ရှိနိုင်ပါတယ်။ ဖခင်ထက် မိခင်ရဲ့ ထိန်းကြောင်းမူ့ကို ပိုရနိုင်ကိန်းရှိပါတယ်။ အသက် ၁၆ ကနေ ၂၃ နှစ် အတွင်းမှာတော့ သင်ဟာ အင်္ဂါဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်မြင့်စေသော ရာဇဂြိုလ်အိမ်မှာရောက်နေသဖြင့် အလုပ်အကိုင် စိးပွားတိုးတက်လာကိန်းရှိပြီး အဆင့်မြင့်မြင့်နေရကိန်းရှိပါတယ်။ အသက် ၂၄ နှစ်နဲ့ ၄၀ ကြားက နှစ်တွေမှာ အသင်ဟာဗုဒ္ဓဟူးဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ သက်မွေးဝမ်းကြောင်းအတတ် ပညာတွေသင်ရကိန်းရှိပါတယ်။ အသက် ၄၁ ကနေ ၅၀ နှစ်မှာစနေဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေး၊ အိမ်ထောင်ရေးတွေ စိုပြေအိုကေလာကိန်းရှိပါတယ်။ ရာထူးတွေတက်၊ နေရာပြောင်းရွေ့ရကိန်းလဲရှိပါတယ်။ အသင်သည် အသက် ၅၁ ကနေ ၆၉ နှစ် အတွင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ကြာသာပတေး စိုးမိုးသောဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ အသက် ၆၄ မှာသေကိန်းရှိပြီးမသေခဲ့ရင် အသက် ၈၄ နှစ် အထိနေရကိန်း ရှိပါတယ်။ အချုပ်ပြောရရင် မိခင်ဆီမှလည်းကောင်း၊ သားသမိးနဲ့ ဆွေမျိုးတွေဆီမှ အကူအညီရကိန်း ရှိပါကြောင်း။ အကြွင်း ၅ ရှိသောအင်္ဂါသားသမိး အသင်သည် အင်္ဂါဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ အဆင့်အတန်းမြင့်သော မိဘများအောင်မြင်နေတဲ့ အချိန်မှာ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ ဖခင်နဲ့ ခွဲနေရကိန်းရှိပြီး မိခင်ရဲ့အနီးကပ် စောင့်ရှောက်မူ့ကို ပိုမိုရရှိကိန်းရှိပါတယ်။ သင်ဟာငယ်စဉ်ကတည်းက လူချစ်လူခင်များ၊ အသံသြဇာနဲ့ပြည့်စုံ၊ အရပ်မရှည်လွန်း၊ မပုလွန်း၊ ဆံပင်ကောက်ပြီး ကျန်းမာပြည့်ဖြိုးတဲ့ ဥပတိကောင်းသူ တယောက်ဖြစ်နိုင်ပါတယ်။ အသက် ၉ နှစ်နဲ့ ၂၅ နစ် ကြားကာလမှာ အသင်ဟာ ဗုဒ္ဓဟူးဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ သက်မွေးဝမ်းကြောင်း အတတ်ပညာတို့နေရာပြောင်းရွေ့ သင်ရကိန်းရှိပါတယ်။ အသက် ၂၆ နှစ်မှ ၃၅ နှစ်တွေမှာ စနေဂြိုလ်စိးသော သိုက်ဖွားအိမ်မှာရှိနေသဖြင့် စိးပွါးရေး လုပ်ငန်းများတိုးတက်ကိန်းရှိပြီး အသက် ၃၅ နှစ်မှာထီပေါက်ကိန်းလဲရှိပါတယ်။ နံမည်ကောင်းလဲ ရလာကိန်းရှိပါတယ်။ အသင်သည် အသက် ၃၆ ကနေ ၅၄နှစ် အတွင်းမှာတော့ ကြာသာပတေးဂြိုလ် ဟာမတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ အစုရှယ်ယာနဲ့လုပ်တဲ့သူတွေ၊ ဆွေမျိုးတွေနဲ့ အဆင်မပြေဖြစ်တတ်၊ ရုံးရောက်၊ ဂတ်ရောက်ပြီး တရားရင်ဆိုင်တာတွေ ဆုံးရူံးတတ်ပါတယ်။ အသက် ၅၅ နှစ်နဲ့ ၆၆ ကြားကနှစ်တွေမှာ အသင်ဟာရာဟုဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကောင်းတွေလဲ ပြန်ရလာကိန်းရှိသော်လည်း ကျန်းမာရေးကျဆင်းလာပြီး အသက် ၆၃ နှစ်မှာ သေဆုံးကိန်းရှိပါတယ်။ အသက် ၆၇နစ်ကနေ ၈၇နှစ် အတွင်းသောကြာဂြိုလ် ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။အချုပ်ပြောရရင် မိခင်ဆီမှလည်းကောင်း၊ သားသမိးနဲ့ ဆွေမျိုးတွေဆီမှ အကူအညီရကိန်းရှိပါကြောင်း။ အကြွင်း ၅ ရှိသောဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်သည် နံမည်ကြော်ကြား လူချစ်လူခင်များသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ နံမည်ကျော်ခြင်းစတဲ့ ဂုဏ်ဓါတ်တို့ရှိတတ်ပြီး၊ အိမ်မက်တွေ တလှေကြီး၊ အပေါင်းအသင်းတွေ တပျော်ကြီးဖြင့် ကြီးပြင်းလာကိန်းရှိသည်။ ဖခင် ထက် မိခင် နှင့် ပိုပြီး အတုူနေရကိန်းလဲ ရှိပါတယ်။ အသက် ၁၈ နှစ်နောက်ပိုင်း ၂၇ နှစ်အတွင်းစနေဂြိုလ် စိုးမိုးသောသိုက်အိမ်မှာရောက်လာလို့ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ဝင်ငွေ လဲကောင်းလာကိန်းရှိပြီး ချမ်းသာကြွယ်ဝနိုင်ပါတယ်။ ဒါပေမဲ့ မနာလိုသူခြေထိုးလို့ ဒုက္ခလဲရောက်နိုင်ပါတယ်။ အသင်သည် အသက် ၂၈ နစ် ကနေ ၄၆ နှစ် အတွင်းမှာတော့ ကြာသာပတေးဂြိုလ် စိုးမိုးသောမတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေ မှာ စပ်တူလုပ်တဲ့သူတွေ၊ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ အသင်ကမွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပြီး မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာနာကျင်မူ့ ရောဂါရတတ်ပါတယ်။အသက် ၄၇ ကနေ ၅၈ နှစ်မှာတော့ ရာဟုစိုးမိုးသောအထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က ပြန်လည်ဦးမော့လာမှာဖြစ်ပါတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေးတိုးတက်မူ့၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင် အနုပညာ၊ နိုင်ငံရေးနယ်ပယ်တွေမှာအောင်မြင်မူ့တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၅၉ နှစ်နောက်ပိုင်း ၇၉ နှစ်အတွင်း သောကြာဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေ၍ နေအိမ်၊ ကျောင်း အရွေ့အပြောင်းများကိန်းရှိပါတယ်။ အသက်ငယ်ရွယ်သော အမျိုးသမိးကြောင့် နံမည်ဆိုးထွက်ကိန်းလဲရှိပါတယ်။ ကျန်းမာရေးလဲကျဆင်းလာပြီးအသက် ၈၃ မှာသေဆုံးနိုင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင် မိခင်ဆီမှလည်းကောင်း၊ သားသမိးနဲ့ ဆွေမျိုးတွေဆီမှ အကူအညီတွေ ရကိန်းရှိနိုင်ပါကြောင်း။ အကြွင်း ၅ ရှိသောစနေသားသမိး အသင်သည် မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင့် မှာမွေးရာပါ ရောဂါတွေပါလာနိုင်ကိန်း ရှိပါသည်။ သင်ရဲ့ မိဘတွေဟာသင့်အတွက် ရတက်မအေး ရှိနေပြီး ပညာရေးမှာ သင်ယူမူ့နှေးကွေးလို့ ပညာရေးညံ့ကိန်းရှိပြီး စကားနဲ၍ စိတ်ကောင်းသူဖြစ်နိုင်ပါတယ်။အသက် ၂၀ ကနေ ၃၁ နှစ်မှာတော့ ရာဟုဂြိုလ် စိုးမိုးသောအထွန်းမှာမို့ သင့်မှာအောင်မြင်မူ့လေးတွေ ရှိလာနိုင်ပါတယ်။ အပေါင်းအသင်းတွေရဲ့ အဆက်အသွယ်၊ အမျိုုးတွေရဲ့ ထောက်ပံ့မူတွေနဲ့ အလုပ်အကိုင်တွေရ၊ ရာထူး တိုးကိန်းတွေရှိပါတယ်။ အသက် ၃၂ ကနေ ၅၂ နှစ်ရောက်လာတော့ သောကြာဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေလို့ ဘာသာခြားနဲ့ ညားကိန်းရှိပြီး၊ အဝေးမှာနေရတတ်ပါတယ်။ အပေါင်းအသင်းတွေနဲ့ ပြသနာလေးတွေရှိပြီး၊ တရားရင်ဆိုင်မူ့တွေ၊ ခလေးတွေအတွက် သောကရောက်တာတွေ၊ ငွေကြေးဆုံးရုူံးမူ့တွေ လဲရှိနိုင်ပါတယ်။ အသက် ၅၂ နစ်မှ ၅၃ နစ်အကူးမှာကံဇာတာနိမ့်ပြီးတိမ်းပါးကိန်းရှိသဖြင့် အထူး သတိထားရပါမယ်။ အသက် ၅၃ နှစ် မှ ၅၈ နှစ်အကြားအသင် ဟာတနင်းဂနွေစိုးမိုးသော မရဏဂြိုလ်အိမ်မှာ ရောက်နေသောကြောင့် ကျန်းမာရေးညံ့နေကိန်းရှိပြီး အရက်၊ဆေးလိပ်၊ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့်အညီ နေထိုင်ခြင်းတို့မလုပ်ဆောင်ပါက အသက် ၅၇မှာတိမ်းပါးကိန်းရှိပြန်ပါတယ်။ ခြုံပြောရမယ်ဆိုရင် မိခင်ဆီမှလည်းကောင်း၊သားသမိးနဲ့ အမျိုးအဆွေတို့ဆီမှလည်းကောင်း၊ အထောက်အပံတို့ ရရှိကိန်းရှိပါတယ်။ ယောက်ကျားဆိုရင် ဇနီးကောင်းမရ သို့သော် မိန်းမဆိုရင် လင်ကောင်းရနိုင်ပါကြောင်း။ အကြွင်း ၅ ရှိသောရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး အသင်ဟာအဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာ မွေးဖွားလျှင် ချမ်းသာသော ရာထုူးကြီးသော မိဘများထံမှာ မွေးဖွားလာတတ်ပါတယ်။ အသင့်မှာခေါင်းဆောင်တယောက် ဖြစ်လာနိုင်တဲ့ ရုပ်ရည်မျိုးရှိပြီး အိမ်မက်ကြီး ရည်မှန်းချက်ကြီးသူ တယောက်ဖြစ်တတ်ပါတယ်။ သင့်မိဘတွေလဲသင်မွေးပြီးနောက် ပိုကံကောင်းလာကိန်း ရှိပါတယ်။ အသက် ၁၃ နှစ်နဲ့ ၃၃နစ် ကြားက နှစ်တွေမှာ အသင်ဟာ သောကြာဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ သက်မွေးဝမ်းကြောင်း အတတ်ပညာတို့နေရာပြောင်းရွေ့ သင်ရကိန်းရှိပါတယ်။ အာရုံစူးစိုက်မူ့ အားနဲ၍ ပညာရေးညံကိန်းရှိ၊ အသက် ၃၄ ကနေ ၃၉ နှစ်ရောက်လာတော့ တနင်းဂနွေဂြိုလ် စိးသောပုတိအိမ်မှာ ရောက်နေလို့ လုူမျိုးခြား (သို့)ဘာသာခြားနဲ့ ညားကိန်းရှိပြီး၊ အဝေးမှာနေရတတ်ပါတယ်။ ခလေးတွေအတွက် သောကရောက်တာတွေ၊ ငွေကြေးဆုံးရုူံးမူ့တွေ လဲရှိလာနိုင်ပါတယ်။ အသက် ၄၀နစ်ကနေ ၅၄ နှစ်မှာ တနင်းလာဂြိုလ် စိးနင်းသောသိုက်အိမ် ရောက်နေလို့ ငွေးရေးကြေးရေးအလုပ်အကိုင် စိးပွားရေးတွေ ပြန်လည် စိုပြေလာကိန်းရှိပါတယ်။ အသိုင်းအဝိုင်းရဲ့ လေးစားခြင်းကိုရရှိမယ်။ ပစည်းခဏခဏပျောက်ကိန်းရှိပါတယ်။ အသက် ၅၅ နှစ် မှ ၆၂ နှစ်အကြားရာဟုဂြိုလ် စိုးမိုးသောမရဏအိမ် မှာရောက်နေသဖြင့် အလုပ်အကိုင်တွေ အရမ်းအောင်မြင်တတ်ပြီး ထို့အတွက် အသက်အန္ထရယ်ကလဲ လက်တကမ်းမှာရှိပါတယ်။ ကျန်းမာရေးလဲဂရုစိုက်ပါ။ ကြိုတင်ပြင်ဆင်မူ့မရှိလျှင် အသက်ဆုံးရူံးရကိန်းရှိပါသည်။ အသက် ၆၃ နှစ် မှ ၇၉ နှစ် အကြား ဗုဒ္ဓဟူးအဓိပတိ အိမ်ရောက်သဖြင့် စိးပွားရေး လူမူရေးနိုင်ငံရေးနဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွေမှာ ခေါင်းဆောင်ရကိန်းတွေ ရှိနေပြီး အိုဇာတာက စန်းထလာကိန်းရှိသော်လည်း သတိမထားရင် အလိမ်လဲ ခံရကိန်းရှိပါတယ်။ ချုံငုံသုံးသပ်ရရင် မိဘတွေဆီမှ အထောက်အပံ့တွေ ရနိုင်သော်လည်း သားသမိးဆီက မမျှော်လင့်ပါနဲ့။

အကြွင်း ၄ MAHABOAT

အကြွင်း ၄ ရှိသော တနင်းဂနွေသားသမိး အသင်ဟာ အဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလို့ ကျန်းမာသန်စွမ်းကာ စိးပွားရေးတောင့်တင်း ပညာတတ်သော မိဘများဆီမှာ မွေးဖွားတတ်ပါတယ်။ အသားအရည်လှပ၊ ကိုယ်လုံးကိုယ်ထည်ပြေပြစ်၊ ဆံပင်ကောက်ပြီး မထင်ရင်မထင်သလို ပညာပေးဖို့ ဝန်မလေး သူတယောက် ဖြစ်နိုင်ကိန်းရှိပါတယ်။ အသက် ၇ ကနေ ၂၁ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလူပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ကိန်းရှိပါတယ်။ ပြီးတော့ အသက် ၂၂ ကနေ ၂၉ နှစ်မှာတော့ အင်္ဂါစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေပြီး စစ်တပ်၊ ရဲတပ်ထဲမှာ အောင်မြင်ကိန်းတွေရှိပါတယ်။ အသက် ၃၀ မှ ၄၆ အတွင်း ဗုဒ္ဓဟူးဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ ရှိသလို၊ သားသမိးတွေကြောင့် လုပ်ငန်းတွေမှာ ဆုံးဖြတ်ရခက်တာမျိုး၊ အသက်ကြီးသော အမျိုးသမိးတွေနဲ့ တရားရုံးမှာ အမူရင်ဆိုင်ရတာမျိုးကိန်းတွေရှိပါတယ်။ အသက် ၄၇နှစ် ကနေ ၅၇ နှစ် အတွင်း စနေဂြိုလ်စိးသော မရဏဂြိုလ်အိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်ပြီး အိမ်မက်တွေ အကောင်အထည် ဖော်ဆောင်နိုင်မဲ့ကိန်း (သို့) လုပ်ငန်းခွင်နိုင်ငံရေး အပြိုင်အဆိုင်တွေ၊ စိးပွားရေးမှာ မနာလို သဝန်တိုလို့ သောကဗျာပါဒတွေဖြစ်ပြီး တရားရုံးတွေဘာတွေရောက်နိုင်ပြီး ထောင်တွေ၊ အချုပ်တွေရောက်နိုင်သလို၊ တခါတရံ ကျန်းမာရေးမကောင်းလို့ ဆေးရုံလဲရောက်တတ်ပါတယ်။ အသက် ၅၈ နောက်ပိုင်းမှာတော့ ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်မှာ ရောက်လာကာ ကံကောင်းတာတွေ မလာသေးလို့ သတိထားနေရင်းနဲ့ အသက် ၇၇ မှာ သေမဲ့ကိန်းရှိပါတယ်။ အချုုပ်ပြောရရင်တော့ မိဘတွေဆီက အထောက်အပံ့ ကောင်းကောင်းရနိုင်ပေမဲ့ သားသမိးဆီကတော့ မမျော်လင့်ပါနဲ့။ အကြွင်း ၄ ရှိသော တနင်းလာသားသမိး အသင်သည် စနေဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ ချမ်းသာ အာဏာရှိ ဂုဏ်သရေရှိ မိဘများမှ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက၊ အရမ်းတော် အရမ်းထက်တဲ့ ခလေး (သို့) အထိမ်းရ အတော်ခက်မဲ့ ခလေးမျိုး ဖြစ်နိုင်ချေရှိပါသည်။ အသက် ၁၅ နှစ်တိုင် လိုတရ ပြည့်စုံသော ဘဝကောင်းလေးတခုကို ရထားနိုင်ပါတယ်။ ဥပတိရုပ်ကောင်းသူ တယောက် ဖြစ်နိုင်ပါတယ်။ အသက် ၁၆ နှစ်နဲ့ ၂၃ နစ် ကြားမှာ အသင်ဟာ အင်္ဂါဂြိုလ်စိးသော အထွန်းအီမ်မှာ ရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ မိန်းခလေးဆိုရင် ယောက်ကျားကောင်းရနိုင်သလို၊ သက်မွေးဝမ်းကြောင်း အတတ်ပညာတို့ နေရာပြောင်းရွေ့ သင်ရကိန်းရှိပါတယ်။ အသက် ၂၄ ကနေ ၄၀ နှစ် အတွင်းမှာတော့ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်း အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ ရိးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ နောက်အသက် ၄၁နှစ်မှ ၅၀ နှစ်တွေအတွင်းမှာ စနေဂြိုလ် မရဏအိမ်ရောက်နေလို့ ကောင်းစရာရှိရင် အရမ်းကောင်း၊ ဆိုးရင်လဲ အလွန်ဆိုးကိန်းရှိပါတယ်။အသက် ၄၄ မှာ ကျန်းမာရေးညံ့ပြီး အချိန်မှီပြင်ဆင်မူ့မရှိပါက တိမ်းပါးရကိန်းရှိပါတယ်။ အသက် ၅၁ ကနေ ၆၉ နှစ် အတွင်း ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ၊ ခလေးတွေ နဲ့ အိမ်ထောင်သည်အတွက် သောကရောက်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ အသင်သည် အသက် ၇၀နှစ် နောက်ပိုင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ရာဟုစိုးမိုးသော ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး နေရာပြောင်းရွေ့မူ့တွေနဲ့ အဆင်မပြေရှိတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ သင့်ရဲ့ အိုဇာတာက သိတ်ကောင်းပုံမရပါ သို့သော် မွေးဂြိုလ်ကကောင်းနေလို့ အရမ်းတော့ မစိုးရိမ်ရပါ။ အချုုပ်ပြောရရင်တော့ မိဘတွေဆီက အထောက်အပံ့ ကောင်းကောင်းရနိုင်ပေမဲ့ သားသမိးဆီကတော့ မမျော်လင့်ပါနဲ့။ ကံကောင်းနေတဲ့အချိန်မှာ အတတ်ပညာတွေ နဲ့ အရင်းအနှိးပြုပြီး လုပ်ငန်းတွေကို ထူထောင်ထားမှသာ ကံနှိမ့်တဲ့ အခါမှာ ဒုက္ခလှလှ မရောက်ဘဲ နေမှာပါ။ အကြွင်း ၄ ရှိသော အင်္ဂါသားသမိး အသင်သည် နံမည်ကြော်ကြား လူချစ်လူခင်များသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်း စတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာနိုင်ကိန်းရှိသည်။ အသင်သည် အသက် ၉ နှစ် ကနေ ၂၅ နှစ် အတွင်းမှာတော့ ဗုဒ္ဓဟူး ဂြိုလ်စိးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ကျန်းမာရေးညံ့ကိန်းရှိပြီး မိဘတို့ရဲ့ အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ မိဘတွေ ကွဲကြ (သို့) သင်က မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းရှိပါတယ်။ ယောက်ကျားလေးဆိုရင် ချမ်းသာတဲ့ မိန်းမ ရကိန်းရှိပြီး မိန်းခလေးဆိုရင် အပြောကောင်း ရုပ်ချောတဲ့ စိတ်ကောင်းတဲ့ ယောက်ကျားမျိုး တွေ့တတ်ပါတယ်။ အသက် ၂၆နှစ် ကနေ ၃၅နှစ် အတွင်း စနေဂြိုလ်စိးသော မရဏဂြိုလ် အိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေက သိတ်မဆိုးပေမဲ့ သားရေးသမိးရေး အီမ်ထောင်ရေး သောကဗျာပါဒတွေများလို့ တရားရုံးတွေဘာတေ ွရောက်နိုင်ပြီး ကျန်းမာရေးမလိုက်စားရင် အသက် ၃၅ နှစ်မှာ ဆေးရုံရောက် အသက်ပါပျောက်ကိန်းရှိပါတယ်။ အသက် ၃၆ မှ ၅၄ နှစ်ထိ ကြာသာပတေးဂြိုလ် ပုတိအိမ်မှာရှိနေလို့ ကျန်းမာရေး၊ အလုပ်အတုူလုပ်သူ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ နိုင်ငံရေး စသည်တို့မှာ ပြသနာလေးများရှိနေတတ်ပြီး စိးပွားရေးကလည်း တက်လိုက်ကျလိုက်ရှိနေတတ်ပါသည်။ အသက် ၅၅ နှစ် မှ ၆၆ နစ်အတွင်း ရာဟုဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ အကြပ်အတည်းရှိသလို၊ အလိမ်ခံရကာ တရားရုံးမှာ အမူရင်ဆိုင်ရကိန်းလဲရှိသည်။ အိမ် မီးလောင်ကိန်းလဲရှိသလို အချုပ်အနှောင်ခံရကိန်းလဲ ရှိပါတယ်။ သို့သော် အသက် ၆၇ နစ် ကနေ ၈၇ နှစ်မှာ သောကြာဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေးတွေ ပြန်လည်စိုပြေလာလို့ အိုဇာတာကောင်းကိန်းရှိပါတယ်။ ချုုပ်ပြောရမယ်ဆိုရင် ဘဝအစ နဲ့ ဘဝအဆုံး ကောင်းသော်လည်း ဘဝအလည်မှာ ညံ့နေလို့ အတတ်ပညာ နဲ့ ဗဟုသုတကိုရင်းနှီးလုပ်ရတဲ့ အလုပ်မျိုးကို ဆုပ်ကိုင်ထားနိုင်မှ ဆိုးတဲ့အချိန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်။ အကြွင်း ၄ ရှိသော ဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်သည် အင်္ဂါဂြိုလ်စိးပြီး မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင် နဲ့ သင့် မိဘတို့သည် သင်ငယ်စဉ်အခါ ကံနိမ့်နေကိန်းရှိပါသည်။ မွေးကင်းစမှာ အသဲအသန် ဖျားနာကိန်းရှိပြီး မိဘတွေ ငွေအကုန်အကျများကိန်းရှိပါတယ်။ ဖခင်ဖြစ်သူနဲ့ အကြောင်းတခုခုကြောင့် ခွဲခွာနေရကိန်းလဲရှိပါတယ်။ အသင်ဟာ ညဏ်ထက်မြက်သူ တယောက်ဖြစ်ပြီး ဒေါသ ခဏခဏ ထွက်တတ်သူ၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူဖြစ်နိုင်ပါတယ်။ အသက် ၁၈ နှစ် မှ ၂၇ နှစ်အကြား စနေဂြိုလ်စိုးမိုးသော မရဏအိမ်မှာ ရောက်နေလို့ ကျန်းမာရေးညံကာ ဂရုမစိုက်လျှင် ၁၈ နှစ်မှာ အိမ်မိးလောင်ကိန်း၊ သေပျောက်ကိန်းတွေရှိပါတယ်။ အသက် ၂၈ နှစ်နောက်ပိုင်း ၄၆ နှစ်အတွင်း ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေ၍ နေအိမ်၊ ကျောင်း အရွေ့အပြောင်းများ၊ ပစည်းခဏခဏပျောက်ကိန်းရှိပါတယ်။ အသက် ၄၇ နှစ်နောက်ပိုင်း ၅၈ နှစ်အတွင်း ရာဟုဂြိုလ်စိး ဘင်ဂအိမ်မှာရောက်နေသဖြင့် ကံကောင်းတာတွေ မလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ အသက် ၅၉ နှစ်မှ ၇၉ နှစ်အတွင်း သောကြာဂြိုလ် စိုးမိုးသော သိုက်အိမ်မှာ ရောက်လာလို့ အိုဇာတာရယ် စမ်းထလာပါပြီ။ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ထီသော်လည်းပေါက်ကိန်းရှိပါကြောင်း။ ချုံပြောရရင် မိဘတွေဆီက ထောက်ပံ့မူတွေရပေမဲ့ သားသမိးတွေ၊ ညီအကိုမောင်နှမတွေ၊ အမျိုးတွေဆီကတော့ ရကိန်းမရှိ။ ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းတော့ရှိပါတယ်။ အကြွင်း ၄ ရှိသော ကြာသာပတေးသားသမိး မွေးတုန်းက ပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်ကစ အသက် ၁၉ နှစ်ထိကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခု ချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေက သင့်အတွက်စိုးရိမ်နေရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ သတ္တိကြောင်ပြီး ရှက်တတ်သူလဲ ဖြစ်နိုင်ပါတယ်။ အသင်သည် အသက် ၂၀ ကနေ ၃၁ နှစ် အတွင်းမှာတော့ ရာဟုဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ စပ်တူလုပ်တဲ့သူတွေ၊ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ အသင်က မွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပြီး မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါရတတ်ပါတယ်။ အသက် ၃၂ နှစ်နောက်ပိုင်း ၅၂ နှစ်အတွင်း သောကြာဂြိုလ် စိုးမိုးသော သိုက်အိမ်မှာ ရောက်လာလို့ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ဝင်ငွေလဲကောင်းလာကိန်းရှိပြီး ချမ်းသာကြွယ်ဝနိုင်ပါတယ်။ ဒါပေမဲ့ မနာလိုသူ ခြေထိုးလို့ ဒုက္ခလဲ ရောက်နိုင်ပါတယ်။ အသက် ၅၃ နှစ်မှ ၅၈နှစ် တွေမှာ တနင်းဂနွေဂြိုလ် အဓိပတိအိမ် ရောက်သဖြင့် စိးပွားရေး လူမူရေး နိုင်ငံရေး နဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွေမှာ ခေါင်းဆောင်ရကိန်းတွေရှိနေပြီး သတိမထားရင် အလိမ်လဲ ခံရကိန်းရှိပါတယ်။ အသက် ၅၉ မှ ၇၃ နှစ်ထိ တနင်းလာဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင် နိင်ကိန်းရှိပါတယ်။ ချုံငုံသုံးသပ်ရရင် ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းရှိပါတယ်။ သားသမိးတွေ ဆီက ထောက်ပံ့မူတွေမရနိုင်ပါ။ အိုဇာတာကတော့ ရှယ်ပါ။ အကြွင်း ၄ ရှိသော သောကြာသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူဖြစ်သဖြင့် ချမ်းသာသောမိသားစုမှာ ပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပါတယ်။ ရုပ်ရည် နှင့် အသံသြဇာရှိပြီး၊ တဖက်သားကို ကျအောင်ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။ အသက် ၂၂ ကနေ ၂၇ နှစ်မှာတော့ တနင်းဂနွေဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ အသက် ၂၈ နစ် ကနေ ၄၂ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိဘတွေ ထောက်ပံ့မူတွေရပြီး အလုပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ကိန်းရှိပါတယ်။ ပြီးတော့ အသက် ၄၃ နစ် ကနေ ၅၀ နှစ်မှာတော့ အင်္ဂါစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။အသက် ၅၁ မှ ၆၇ အတွင်း ဗုဒ္ဓဟူးဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ ရှိသလို၊ တရားရုံးမှာ အမူရင်ဆိုင်ရကိန်းလဲရှိသည်။ သို့သော် ဒီဂြိုလ်အိမ်သည် မွေးဂြိုလ်နှင့် မိတ်ဖက်ဖြစ်နေသဖြင့် သိတ်စိုးရိမ်စရာမရှိ။ နောက်အသက် ၆၈နှစ်မှ ၇၇ နှစ်တွေအတွင်းမှာ စနေဂြိုလ် မရဏအိမ်ရောက်နေလို့ ကောင်းစရာရှိရင် အရမ်းကောင်း၊ ဆိုးရင်လဲ အလွန်ဆိုးကိန်းရှိပါတယ်။ အသက် ၇၁ နှစ်မှာ ကျန်းမာရေးညံ့ပြီး အသက်ပါဆုံးကိန်းရှိပါတယ်။ အလူဒါနပေးခြင်း၊ အခြားသူများကို ကူညီခြင်း၊ တိရိစ္ဆာန်များကို ဘေးမဲ့လွတ်ပေးခြင်းစတဲ့ ကောင်းမူ့တွေလုပ်ပေးခြင်းဖြင့် မကောင်းသော အကုသိုလ်ကံကို ဖယ်ရှားပေးပါ။ ခြုံပြောရရင် မိဘတွေရဲ့ ထောက်ပံ့မဲ့မူ့ကို ရပြီး ထောက်ပံ့မဲ့ သားသမိးမျိုး မထွန်းကားနိုင်။ ယောက်ကျားဆိုက မိန်းမ တယောက်ထက်ပိုမည်။ ပညာရေးထက် စိးပွားရေးက ပို အောင်မြင်ကိန်းရှိသည်။ အကြွင်း ၄ ရှိသော စနေသားသမိး အသင်ဟာ မရဏ လို့ခေါ်တဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကို အလွန်အမင်း ဖြစ်စေခြင်း နဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် ကျန်းမာရေးညံ့ခြင်း (သို့) တယောက်ထဲ နေလျင် ကြောက်တတ်ခြင်း၊ မိဘတွေနဲ့ ရှင်ကွဲ (သို့) သေကွဲ ကွဲနေရခြင်း၊ ဆွေမျိုးများနဲ့ အမူန်းပွားတတ်ခြင်းတို့ဖြစ်တတ်ပါတယ်။ အသက် ၁၁ နှစ်နောက်ပိုင်း ၂၉ နှစ်အတွင်း ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေလို့ ကံကောင်းတာတွေမလာသေးဘဲ၊ သတိထားနေရမဲ့ကိန်းရှိတယ်။အသင်သည် အသက် ၃၀ ကနေ ၄၁ နှစ် အတွင်းမှာတော့ ရာဟုဂြိုလ်စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်း အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ ရိးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ သို့သော် အသက် ၄၂နှစ် ကနေ ၆၂ နှစ်ရောက်တော့ သောကြာဂြိုလ်စိုးမိုးသော သိုက်အိမ်မှာရောက်လို့ အလုပ်အကိုင် အရောင်းအဝယ် စိးပွားရေးလုပ်ငန်းတွေ အဆင်ပြေလာကိန်းရှိနိုင်ပါတယ်။ အသက် ၆၃ နှစ် မှ ၆၈ နှစ်အကြား တနင်းဂနွေဂြိုလ် စိုးမိုးသော အဓိပတိအိမ် မှာရောက်နေလို့ ၊စိးပွားရေး လုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစု အခြေအနေ၊ လူမူရေး လုပ်ဆောင်မူတွေ အရမ်း အဆင်ပြေလာပေမဲ့ ကျန်းမာရေးက စတင်ကျဆင်းလာနိုင်တယ်။အသက် ၆၉ ကနေ ၈၃ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် လူမူရေး၊ နိုင်ငံရေးနယ်ပယ်မှာ သင်ဟာ ဆရာ၊ အခရာ ဖြစ်လာကိန်းရှိပါတယ်။ ခြုံပြောရရင် မိဘတွေရဲ့ ထောက်ပံ့မဲ့မူ့ကို ရပြီး ထောက်ပံ့မဲ့ သားသမိးမျိုး မထွန်းကားနိုင်။ ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းရှိပါတယ်။ အကြွင်း ၄ ရှိသော ရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး အသင်သည် အင်္ဂါဂြိုလ်စိးပြီး မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင် နဲ့ သင့် မိဘတို့သည် သင်ငယ်စဉ်အခါ ကံနိမ့်နေကိန်းရှိပါသည်။ မွေးကင်းစမှာ အသဲအသန် ဖျားနာကိန်းရှိပြီး အသက် ၁၂ နှစ်မတိုင်ခင်ထိ မိဘတွေနဲ့ သေခွဲ (သို့) ရှင်ခွဲ ခွဲနေရကိန်းရှိပါတယ်။ အသင်ဟာ ညဏ်ထက်မြက်သူတယောက်ဖြစ်ပြီး ဒေါသ ခဏခဏ ထွက်တတ်သူ၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူဖြစ်နိုင်ပါတယ်။ အသက် ၁၃ နှစ်မှ ၃၃ နှစ်တွေမှာ သောကြာဂြိုလ်စိးသော သိုက်ဖွားအိမ်မှာ ရှိနေသဖြင့် စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်းရှိပြီး ထီပေါက်ကိန်းလဲရှိပါတယ်။ အသက် ၃၄ ကနေ ၃၉ နှစ်မှာတော့ တနင်းဂနွေဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ အသက် ၄၀ ကနေ ၅၄ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိဘတွေထောက်ပံ့မူတွေရပြီး အလူပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ကိန်းရှိပါတယ်။ ပြီးတော့ အသက် ၅၅ ကနေ ၆၂ နှစ်မှာတော့ အင်္ဂါစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့တွေနဲ့ ဝေဆာနေပြီး ကုန်မဏီတွေတောင် ပိုင်ဆိုင်ကိန်းရှိပါတယ်။အသင်သည် အသက် ၆၃နှစ် နောက်ပိုင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဗုဒ္ဓဟူးစိုးမိုးသော ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး နေရာပြောင်းရွေ့မူ့တွေနဲ့ အဆင်မပြေရှိတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ သင့်ရဲ့ အိုဇာတာက သိတ်ကောင်းပုံမရလို့ အလူဒါနပေးခြင်း၊ အခြားသူများကို ကူညီခြင်း၊ တိရိစ္ဆာန်များကို ဘေးမဲ့လွတ်ပေးခြင်းစတဲ့ ကောင်းမူ့တွေလုပ်ပေးခြင်းဖြင့် မကောင်းသော အကုသိုလ်ကံကို ဖယ်ရှားပေးပါ။ ခြုံပြောရရင် မိဘတွေရဲ့ ထောက်ပံ့မူ့ကို ရပြီး ထောက်ပံ့မဲ့ သားသမိးမျိုး မထွန်းကားနိုင်။ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းရှိပါတယ်။

အကြွင်း ၃ MAHABOAT

အကြွင်း ၃ ရှိသောတနင်းဂနွေသားသမိး အသင်သည် အင်္ဂါဂြိုလ်စိးသော ရာဇအိမ်မှာမွေးဖွားလို့ အဆင့်အတန်းမြင့်သော မိဘများအောင်မြင်နေတဲ့ အချိန်မှာ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ သင်ဟာငယ်စဉ်ကတည်းက လူချစ်လူခင်များ၊ အသံသြဇာနဲ့ပြည့်စုံ၊ အရပ်မရှည်လွန်းမပုလွန်း၊ ဆံပင်ကောက်ပြီးကျန်းမာပြည့်ဖြိုးတဲ့ ဥပတိရုပ် ကောင်းသူတယောက် ဖြစ်နိုင်ပါတယ်။အသက် ၇ နှစ်နဲ့ ၂၁ နှစ် ကြားက နှစ်တွေမှာ အသင်ဟာ တနင်းလာဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ သက်မွေးဝမ်းကြောင်း အတတ်ပညာတို့ နေရာပြောင်းရွေ့ သင်ရကိန်းရှိပါတယ်။ အသက် ၂၂ ကနေ၂၉ နှစ်အတွင်းမှာတော့ တနင်းဂနွေဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်း အလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ရီးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၃၀ ကနေ ၄၆ နှစ်ရောက်လာတော့ ဗုဒ္ဓဟူးဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေလို့ ဘာသာခြားနဲ့ ညားကိန်းရှိပြီး၊ အဝေးမှာနေရတတ်ပါတယ်။ တရားရင်ဆိုင်မူ့တွေ၊ ခလေးတွေအတွက် သောကရောက်တာတွေ၊ ငွေကြေးဆုံးရုူံးမူ့တွေလဲ ရှိလာနိုင်ပါတယ်။အသက် ၄၇ ကနေ ၅၆ နှစ်မှာတော့ စနေဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ် ရောက်လာလို့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး၊ ထီတွေဘာတွေပေါက်လို့၊ သင့်ဘဝဟာ ပြန်လည်ကောင်းမွန်လာလိမ့်မယ်။ အသက် ၇၇ နစ်မှာ ကျန်းမာရေးက ညံ့လာပြီးသေဆုံးကိန်းရှိပါတယ်။ ခြုံပြောရရင် သားသမိးထောက်ပံ့မူ့ရခဲတယ်။ ခလေးယူမယ်ဆိုရင် ပထမခလေးကမိန်းခလေးဖြစ်ဖို့များတယ်။ အကြွင်း ၃ ရှိသောတနင်းလာသားသမိး အသင်သည် နံမည်ကြော်ကြား လူချစ်လူခင်များသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် မိဘတွေ ကောင်းစားတဲ့အချိန်မှာ သင့်ကိုမွေးလာ (သို့) သင်မွေးလာလို့ မိဘတွေ ကောင်းစားလာကိန်းရှိပါတယ်။ ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်းစတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာကိန်းရှိပြီး စိတ်အပြောင်းအလဲ အလွန်မြန်သူဖြစ်နိုင်ပါတယ်။ အသက် ၁၆ ကနေ၂၃ နှစ်အတွင်းမှာတော့ အင်္ဂါဂြိုလ်စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်း အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ ရိးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၂၄ ကနေ ၄၀ နှစ် ရောက်လာတော့ ဗုဒ္ဓဟူးဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေလို့ ဘာသာခြားနဲ့ ညားကိန်းရှိပြီး၊ အဝေးမှာနေရတတ်ပါတယ်။ တရားရင်ဆိုင်မူ့တွေ၊ ခလေးတွေအတွက် သောကရောက်တာတွေ၊ ငွေကြေးဆုံးရုူံးမူ့တွေလဲ ရှိလာနိုင်ပါတယ်။ အသက် ၄၁ ကနေ ၅၀ နှစ်မှာတော့ စနေဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး၊ ထီတွေဘာတွေပေါက်လို့၊ သင့်ဘဝဟာ ပြန်လည်ကောင်းမွန်လာလိမ့်မယ်။အသက် ၅၁ ကနေ ၆၈ နှစ်မှာ ကြာသာပတေးဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေးတွေ ပြန်လည်စိုပြေလာကိန်းရှိပါတယ်။ အသိုင်းအဝိုင်းရဲ့ လေးစားခြင်းကိုရရှိပြီး စိတ်ညိမ်းချမ်းရေးကို ပိုမိုရရှိအောင် တရားထိုင်ပေးသင့်တယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် မိဘတွေရဲ့ ထောက်ပံမူ့ကို အကျိုးရှိန်ုင်အောင် ကောင်းကောင်းထိမ်းသိမ်းပေးပါ။ စိတ်လူပ်ရှား၊ ဒေါသနဲ့ပေါက်ကွဲ၊မနာလိုတိုရှည် စတာတွေကိုထိမ်းချုပ်နိုင်ရင် သင်ဟာကံမြင့်သူတယောက်ဖြစ်ပါကြောင်း။ အကြွင်း ၃ ရှိသောအင်္ဂါသားသမိး အသင်သည် အင်္ဂါဂြိုလ်စိးပြီး မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင် နဲ့ သင့် မိဘတို့သည် သင်ငယ်စဉ်အခါက ကံနိမ့်နေကိန်းရှိပါသည်။ မွေးကင်းစမှာအသဲအသန် ဖျားနာကိန်းရှိပြီးမိဘတွေ ငွေအကုန်အကျများကိန်း ရှိပါတယ်။ ဖခင်ဖြစ်သူနဲ့ အကြောင်းတခုခုကြောင့် ခွဲခွာနေရကိန်းရှိပါတယ်။ အသင်ဟာ ညဏ်ထက်မြက်သူတယောက်ဖြစ်ပြီး ဒေါသခဏခဏထွက်တတ်သူ၊ တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူ ဖြစ်နိုင်ပါတယ်။အသက် ၉ နှစ်နောက်ပိုင်း ၂၅ နှစ် အတွင်း ဗုဒ္ဓဟူးဂြိုလ် ပုတိအိမ်မှာ ရောက်နေလို့ သင့်မှာ အလုပ်အတူလုပ်သူများနဲ့ ဆက်ဆံမူမှာ ခက်ခဲတာတွေရှိနိုင်ပါတယ်။ ရေခြားမြေခြား အဝေးမှာနေရကိန်းရှိပြီး ထိုနှစ်တွေမှာရိးစားနဲ့ ကွဲကိန်းလဲရှိလို့ ဆုံးဖြတ်ချက်တွေ အရင်စလို မလုပ်မိဖို့် လိုပါတယ်။ အသက် ၂၆ နှစ် မှ ၃၅ နှစ်အကြား စနေဂြိုလ် စိုးမိုးသော အဓိပတိအိမ် မှာရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေးလုပ်ဆောင်မူတွေ တိုးတက် အဆင်ပြေလာ ကိန်းရှိပြီး အသက်မွေးဝမ်းကြောင်း ပညာတွေ တတ်မြောက်လာနိူင်ပါတယ်။ အသက် ၃၆ နှစ်မှ ၅၄ နှစ်တွေမှာ ကြာသာပတေးဂြိုလ်စိးသော သိုက်ဖွားအိမ်မှာရှိနေသဖြင့် စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်းရှိပြီး ထီပေါက်ကိန်းလဲရှိပါတယ်။ ဆရာကောင်းတယောက် ဖြစ်နိုင်ချေကိန်းလဲရှိပါတယ်။ အသက် ၅၅ နှစ်မှ ၆၆ နှစ်တွေမှာ ရာဟုဂြိုလ် ပုတိအိမ်ရောက်သဖြင့် စိးပွားရေး လူမူရေးနိုင်ငံရေးနဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွေမှာ သတိမထားရင် အလိမ်လဲခံရကိန်းရှိပါတယ်။ နောက်အသက် ၆၇နှစ်မှ ၈၇ နှစ်တွေအတွင်းမှာ သောကြာဂြိုလ် မရဏအိမ်ရောက်နေလို့ ကောင်းစရာရှိရင် အရမ်းကောင်း၊ ဆိုးရင်လဲအလွန်ဆိုးကိန်းရှိပါတယ်။ အသက် ၇၆ နှစ်မှာ ကျန်းမာရေး ညံ့ပြီး အသက်ပါဆုံးကိန်းရှိပါတယ်။ အလူဒါနပေးခြင်း၊ အခြားသူများကိုကူညီခြင်း၊ တိရိစ္ဆာန်များကို ဘေးမဲ့လွတ်ပေးခြင်းစတဲ့ ကောင်းမူ့တွေလုပ်ပေးခြင်းဖြင့် မကောင်းသော အကုသိုလ်ကံကိုဖယ်ရှားပေးပါ။ ခြုံပြောရရင် ထောက်ပံ့မဲ့ သားသမိးမျိုးမထွန်းကားနိုင်။ ယောက်ကျားဆိုက မိန်းမတယောက်ထက်ပိုမည်။ မိန်းမဆိုလျှင် ဆေးသမား၊ လောင်းကစားသမားနဲ့ ညားတတ်ပါကြောင်း။ အကြွင်း ၃ ရှိသောဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး မွေးတုန်းက ပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်က ကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခုချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေက သင့်အတွက် စိုးရိမ်နေရတာမျိုး၊ မိဘတွေ အီမ်ထောင်ကွဲတာမျိုး လဲ ဖြစ်တတ်သလို အသင်က မွေးရပ်မြေရဲ့အဝေးမှာ သွားရောက် နေထိုင်ရတတ်ပါတယ်။ အသက် ၁၈ နှစ်မှ ၂၇ နှစ်တွေမှာစနေဂြိုလ် အဓိပတိအိမ် ရောက်သဖြင့် နယ်မြေအသစ်တွေ ပြောင်းရွှေ့နေရခြင်း၊ အသက်မွေးဝမ်းကြောင်းပညာတွေ သင်ခွင့်ရခြင်း၊ ရေခြားမြေခြားမှာ အိမ်ထောင်ကျခြင်းစတာတွေ ဖြစ်နိုင်ချေရှိပါတယ်။ အသက် ၂၈ ကနေ ၄၆နှစ် အတွင်းမှာတော့ ရာဟုအီမ် သိုက်ဖွားရောက်လို့ ငွေကြေးစိးပွားရေး အိုကေပေမဲ့ အချစ်ရေး အိမ်ထောင်ရေး နောက်မိးလင်းအရေးတွေကြောင့် ရုံးတော်သို့ ချီတက်ရကိန်းရှိပါတယ်။အသက် ၄၇ ကနေ ၅၈နှစ် အတွင်းရာဟုဂြိုလ်စိးသော ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ၊ ခလေးတွေ နဲ့ အိမ်ထောင်သည်အတွက် သောကရောက်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။အသက် ၅၉ နှစ် မှ ၇၉ နှစ် အကြားအသင်ဟာ သောကြာစိုးမိုးသောမရဏ ဂြိုလ်အိမ်မှာရောက်နေသောကြောင့် ကျန်းမာရေးညံ့ကိန်းရှိပြီး အရက်၊ဆေးလိပ်၊ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့်အညီ နေထိုင်ခြင်းတို့မလုပ်ဆောင်ပါက အသက် ၆၅ နဲ့ ၇၂ အကြားမှာ တိမ်းပါးကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် အထောက်အပံပေးနိုင်မဲ့ သားသမိးမထွန်းကားနိုင်ပါ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နံမည်ကြီးနိုင်သဖြင့် ဆုံးဖြတ်ချက်တို့ကို အလျှင်စလိုမပြုသင့်ပါကြောင်း။ အကြွင်း ၃ ရှိသော ကြာသာပတေးသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူဖြစ်သဖြင့် ချမ်းသာသော မိသားစုမှာပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပြီး ညဏ်ထက်မြက်ခြင်း၊ အသံသြဇာရှိခြင်း၊ ရက်ရောတတ်ခြင်း၊ တဖက်သားကိုကျအောင်ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။အသက် ၁၉ နှစ်မှ ၃၀ နှစ်အတွင်း ရာဟုဂြိုလ်စိးပုတိအိမ်မှာ ရောက်နေလို့ ကံကောင်းတာတွေ မလာသေးလို့ သတိထား နေရမဲ့ကိန်းရှိတယ်။အသက် ၃၁ မှ ၅၁ နှစ် ထိ သောကြာဂြိုလ်စိုးမိုးသော မရဏအိမ်မှာရှိနေလို့ ကောင်းရင်အရမ်းကောင်းပြီး၊ ဆိုးရင် အလွန် ဆိုးကိန်းရှိပါတယ်။ ဆွေမျိုးသားချင်းတွေနဲ့ ပြသနာလေးတွေ ဖြစ်နိုင်ကိန်းရှိပြီးရုံးတွေ ဂတ်တွေတောင် ရောက်နိုင်ပါတယ်။ အသက် ၅၂ မှ ၅၇ နှစ်ထိတနင်းဂနွေဂြိုလ် စိုးမိုးသောရာဇအိမ်မှာရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင်နိင်ကိန်းရှိသော်လည်း တစုံတယောက်ရဲ့ လိမ်လည်ခြင်းကိုခံရနိုင်ပါတယ်။ ပြီးတော့ အသက် ၅၈ ကနေ ၇၂ နှစ်မှာတော့ တနင်းလာဂြိုလ်စိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က ပီပီပြင်ပြင်ဖြစ်လာမှာပါ။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေးတိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ လူများစွာက အသင့်ကိုလေးစားလာကြမယ်။ နံမည်လဲရလာမယ်။ အလူအတန်းတွေလုပ်ပါ။ အခြားသူများကိုကူညီပါ။ တိရိစ္ဆန်လေးတွေကို ဘေးမဲ့လွတ်ပေးခြင်းဖြင့် ကုသိုလ်ယူပါ၊ ကံပိုကောင်းလာနိုင်ပါတယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် မိဘတွေရဲ့ ထောက်ပံမူ့ကို ရရှိမယ်။ မိတ်ဆွေ သူငယ်ချင်းပေါမယ်။ အိမ်ထောင်ဖက်ကောင်းလဲ ရနိုင်ကိန်းရှိပါတယ်။ အကြွင်း ၃ ရှိသောသောကြာသားသမိး အသင်ဟာ မရဏလို့ခေါ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုအလွန်အမင်း ဖြစ်စေခြင်းနဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် ခက်ခက်ခဲခဲ မွေးရကိန်းရှိပြီး၊ ကျန်းမာရေးက ညံကိန်းလို့ မိဘတွေကို အနွံအတာပေးဖို့ မွှေးလာသလိုဘဲ။ သို့သော် သင့်မှာဆွဲဆောင်နိုင်သောရုပ်ရည်၊ အသားလတ်၊ နုးညံ့တဲ့စိတ်မျိုးရှိနိုင်ပါတယ်။ အသက် ၁ နှစ် (သို့) ၁၀ နှစ် မှာသေကိန်းရှိပါတယ်။ မသေခဲ့ရင် သေရန်ခက်ခဲသော လူသားတယောက်ပေါ့။ အသက် ၂၂ ကနေ ၂၇ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းဂနွေစိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် သင်နဲ့ သင့်ရဲ့ မိသားစုအလုပ်အကိုင် စိးပွားရေးအနဲငယ်သော အနှောင့်အယှက်မှ တပါး တိုးတက်လာကိန်းရှိပါတယ်။ အသက်မွေးဝမ်းကြောင်းပညာတွေ၊ အလုပ်အကိုင်ကောင်းနေရာကောင်းတွေ အဆက်အသွယ် ရကိန်းလဲရှိပါတယ်။ အသက် ၂၈ ကနေ ၄၂ နှစ်ထိ အထွန်းအိမ်ကို တနင်းလာဂြိုလ် စိးသဖြင့် ထိုနှစ်များမှာ ကုသိုလ်ကံအတော် ကောင်းမွန်ကိန်းရှိပါတယ်။ စီးပွားရေးမှ ဝင်ငွေတွေကောင်း၊ နံမည်ကောင်းလဲ ရလာကိန်းရှိပါတယ်။ အသင်သည် အသက် ၄၃ ကနေ ၅၀ နှစ် အတွင်းမှာတော့ အင်္ဂါဂြိုလ်ဟာ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ အစုရှယ်ယာနဲ့လုပ်တဲ့သူတွေ၊ ဆွေမျိုးတွေနဲ့အဆင်မပြေ ဖြစ်တတ်၊ရုံးရောက်၊ ဂတ်ရောက်ပြီး တရားရင်ဆိုင်တာတွေ ဆုံးရူံးတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါရတတ်ပါတယ်။ အသက် ၅၁နှစ်နောက်ပိုင်း ၆၇ နှစ်အတွင်း ဗုဒ္ဓဟူးဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေ၍ ကံကောင်းတာတွေမလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ နေအိမ်၊ ကျောင်းအရွေ့အပြောင်းများ၊ ပစည်းခဏခဏပျောက်ကိန်းရှိပါတယ်။ အသက် ၆၈ နှစ်မှ ၇၇ နှစ်တွေမှာ စနေဂြိုလ် အဓိပတိအိမ်ရောက်သဖြင့် စိးပွားရေး လူမူရေးနိုင်ငံရေးနဲ့ အသက်မွေးဝမ်းကြောင်းနယ်ပယ်တွေမှာ ခေါင်းဆောင်ရကိန်းတွေရှိနေပြီး အိုဇာတာက စန်းထလာကိန်းရှိသော်လည်း သတိမထားရင် အလိမ်လဲခံရကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် မိဘတွေရဲ့ ထောက်ပံမူ့ကိုရရှိမယ်။ ငယ်ငယ်ကညံ့ချင်ညံ့ပေမဲ့ အိုဇာတာကောင်းမဲ့ကိန်းရှိပါကြောင်း။ အကြွင်း ၃ ရှိသောစနေသားသမိး အသင်ဟာအဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာ မွေးဖွားလျှင် ချမ်းသာသော ရာထုူးကြီးသော မိဘများထံမှာမွေးဖွားလာတတ်ပါတယ်။ အသင့်မှာခေါင်းဆောင်တယောက်ဖြစ်လာနိုင်တဲ့ ရုပ်ရည်မျိုးရှိပြီး အိမ်မက်ကြီး ရည်မှန်းချက်ကြီး သူတယောက်ဖြစ်တတ်ပါတယ်။ သင့်မိဘတွေလဲသင်မွေးပြီးနောက် ပိုကံကောင်းလာကိန်းရှိပါတယ်။ အသက် ၁၈နှစ် ကနေ ၂၉ နှစ်ရောက်တော့ ကြာသာပတေးဂြိုလ် စိုးမိုးသောသိုက်အိမ်မှာရောက်လို့ အသက်မွေးဝမ်းကြောင်းပညာနဲ့ အလုပ်အကိုင် တွေ မန်နေဂျာ၊ စီအီးအို စတဲ့ရာထူးကြီးနေရာတွေ ရရှိလာကိန်းရှိပါတယ်။ အသက် ၃၀နှစ် ကနေ ၄၁နှစ် အတွင်းရာဟုဂြိုလ် ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ ရင်းနီးထားတာတွေ အလိမ်ခံရလို့ အဆင်မပြေဖြစ်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ အသက် ၄၂ ကနေ ၆၂ နှစ် ကာလမှာ သောကြာဂြိုလ်စိးသော မရဏအိမ်မှာရောက်နေခြင်းကြောင့် သင့်ခလေးတွေအတွက်နဲ့ သောကရောက်ကိန်းရှိသလို ကျန်းမာရေးလဲညံ့ပြီး အသက် ၄၄မှာ အသဲအသန် ဖြစ်ကိန်းရှိပါတယ်။ အသက် ၆၃ ကနေ ၆၈ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းဂနွေဂြိုလ် စိုးမိုးတဲ့ သြဇာ ဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာရောက်နေသဖြင့် မိသားစုရဲ့ အလူပ်အကိုင် စိးပွားတိုးတက်မုူမှာ သင်ဟာအခရာ ဖြစ်လာကိန်းရှိပါတယ်။ နှစ်ပေါင်းများစွာ အိမ်မက်မက် ကြိုးစားထားတာတွေလဲ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ အချုပ်ပြောရရင်တော့ မိဘတွေဆီက အထောက်အပံံ့ကောင်းတွေရနိုင်သော်လည်း၊ သားသမိးနဲ့ အိမ်ထောင်ဖက်ဆီက ထောက်ပံမူ့ရခဲလိမ့်မယ်။ အကြွင်း ၃ ရှိသောရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး မွေးတုန်းကပုတိဖွားဖြစ်နေလို့ မကြာခဏဖျားတတ်ပြီး အသက် ၂ နှစ် အရွယ်မှာအကြီးအကျယ် နာမကျန်းဖြစ်တတ်ပါတယ်။ မွေးရာပါ ချို့ယွင်းမုူ့လဲရှိတတ်ပြီး မိဘတွေနဲ့ ခွဲပြီးအဝေးမှာ နေရတတ်ပါတယ်။ အသက် ၁၃ နှစ် မှ ၃၃ နှစ်အကြား ဗုဒ္ဓဟူးဂြိုလ်စိုးမိုးသော မရဏအိမ်မှာရောက်နေလို့ ကျန်းမာရေးညံကာ ဂရုမစိုက်လျှင် သေပျောက်ကိန်းရှိပါတယ်။ အသင်ဟာ ယောက်ကျားလေးဆိုရင် တပြေတရွာသူ အရာရှိအရာခံတို့ ရဲ့သမိးတယောက်နဲ့ တွေ့ကိန်းရှိပါတယ်။ ပြီးတော့ သူမနဲ့ လက်ထပ်ပြီးနောက် ဇနီးရဲ့ အသိုင်းအဝိုင်း အဆက်အသွယ်နဲ့ အလုပ်အကိုင် ကောင်းကောင်းတွေ ရရှိနိင်ပါတယ်။ အသက် ၃၄ ကနေ ၃၉ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းဂနွေဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့အလုပ်အကိုင် စိးပွားတိုးတက်မုူမှာ သင်ဟာအခရာ ဖြစ်လာကိန်းရှိပါတယ်။ အသက် ၄၀ နှစ်နဲ့ ၅၄ ကြားကနှစ်တွေမှာ အသင်ဟာ တနင်းလာဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကောင်းတွေလဲ ရလာကိန်းရှိပါတယ်။ နေရာပြောင်းရွေ့နေရကိန်းလဲရှိပါတယ်။ အသင်သည် အသက် ၅၅ ကနေ ၆၂ နှစ် အတွင်းမှာတော့ မတည်ငြိမ်ပြောင်းလဲတတ်တဲ့ အင်္ဂါစိုးမိုးသော ဘင်ဂအိမ်မှာရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၆၃ ကနေ ၇၉ နှစ် အတွင်း ဗုဒ္ဓဟူးဂြိုလ် စိုးမိုးသောပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ ခဏခဏကြုံပြီး သောကရောက်ကိန်းရှိပါတယ်။ အကယ်၍ အသက် ၇၉ ထိ မသေသေးဘူးဆိုရင် အသက် ၉၀ အထိ နေရကိန်းရှိပါကြောင်း။ အချုပ်ကိုပြောရမယ်ဆိုရင် မိဘတွေဆီကအထောက်အပံံ့ကောင်းတွေရနိုင်မယ်၊ ပြီးတော့ ငယ်ငယ်ကချုုချာနိုင်၊ ကံမကောင်းတာတွေ ရှိကောင်းရှိပေမဲ့ အိုဇာတာကရှယ်ဖြစ်ကိန်းရှိပါကြောင်း။

အကြွင်း ၂ MAHABOAT

အကြွင်း ၂ ရှိသောတနင်းဂနွေသားသမိး အသင်သည် တနင်းဂနွေဂြိုလ်စိးနေပြီး၊ နံမည်ကြော်ကြား လူချစ်လူခင်များစေသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် ကျမ်းမာသန်စွမ်းကာ၊ ဆံကေသာ နက်မှောင်လိမ်ကောက်၍၊ နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ မာနကြီးခြင်း၊ ပြောရဆိုရ ကြပ်ခြင်းစတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာကိန်းရှိသည်။ အသက် ၇ နှစ်နောက်ပိုင်း ၂၁ နှစ်အတွင်း တနင်းလာဂြိုလ်စိး ဘင်ဂအိမ်မှာရောက်နေခြင်း၊ အသက် ၂၂နှစ်မှ ၂၉ နှစ ်အတွင်း အင်္ဂါဂြိုလ်စိးပုတိအိမ်မှာရောက်နေလို့ ကံကောင်းတာတွေ မလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ အဲအသက် ၃၀ နှစ် နောက်ပိုင်း ၄၆ နှစ်အတွင်း ဗုဒ္ဒဟူးဂြိုလ် စိုးမိုးသော သိုက်အိမ်မှာရောက်လာလို့ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ဝင်ငွေလဲ ကောင်းလာကိန်းရှိသော်လည်း သောကဖိစိးမူ့လဲရှိနိုင်ပါတယ်။အသက် ၄၇ မှ ၅၆ နှစ် ထိ စနေဂြိုလ်စိုးမိုးသော ရာဇအိမ်မှာရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သောလုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင်နိင်ကိန်းရှိသော်လည်း တစုံတယောက်ရဲ့ လိမ်လည်ခြင်းကို ခံရနိုင်ပါတယ်။ အသက် ၅၇ မှ ၇၅ နှစ်ထိ ကြာသာပတေးဂြိုလ် စိုးမိုးသောမရဏအိမ်မှာရှိနေလို့ အိုလာချိန်မှာ ဆွေမျိုးသုူငယ်ချင်းတွေနဲ့ ပြသနာလေးတွေ ဖြစ်နိုင်ကိန်းရှိပါတယ်။ အသက် ၅၉ နှစ်မှာဆေးရုံတက်ရ၍သော်လည်းကောင်း၊ တရားရုံးရောက်သောကြောင့် လည်းကောင်း ငွေကြေးကုန်ကျကိန်းရှိပါတယ်။ ခြုံငုံပြောရမယ်ဆိုရင်တော့ အမေဆီကထောက်ပံမူ့ အရနဲပြီးသားသမိးတွေဆီကထောက်ပံမူ့ ရနိုင်ကိန်းရှိပါတယ်။ အကြွင်း ၂ ရှိသောတနင်းလာသားသမိး အသင်သည် မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင့် မှာမွေးရာပါ ရောဂါတွေ ပါလာနိုင်ကိန်းရှိပါသည်။ စကားနဲ၍ စိတ်ကောင်းသူဖြစ်နိုင်ပါတယ်။ အသက် ၁၆နှစ်နောက်ပိုင်း ၂၃ နှစ် အတွင်းအင်္ဂါဂြိုလ်စိးသောပုတိအိမ်မှာရောက်နေ၍ ကံကောင်းတာတွေ မလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ နေအိမ်၊ ကျောင်းအရွေ့အပြောင်းများ၊ ပစည်းခဏခဏပျောက်ကိန်းရှိပါတယ်။ အသက် ၂၄ နှစ်မှ ၄၀ နှစ်တွေမှာ ဗုဒ္ဒဟူးဂြိုလ်စိးသော သိုက်ဖွားအိမ်မှာရှိနေသဖြင့် စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်းရှိပြီး ထီပေါက်ကိန်းလဲရှိပါတယ်။ အသက် ၄၁ နှစ်မှ ၅၀ နှစ်တွေမှာ စနေဂြိုလ် အဓိပတိအိမ် ရောက်သဖြင့် စိးပွားရေး လူမူရေး နိုင်ငံရေးနဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွေမှာ ခေါင်းဆောင်ရကိန်းတွေရှိနေပြီး သတိမထားရင် အလိမ်လဲ ခံရကိန်းရှိပါတယ်။ နောက်အသက် ၅၁နှစ်မှ ၆၉ နှစ်တွေ အတွင်းမှာ ကြာသာပတေးဂြိုလ် မရဏအိမ်ရောက်နေလို့ အမျိုးတွေ အလုပ်အတူလုပ်သူတွေနဲ့ ပြသနာဖြစ်ကိန်း ရှိပါတယ်။ အသက် ၆၁ နှစ်မှာ ကျန်းမာရေးညံ့ပြီး အသက်ပါဆုံးကိန်းရှိပါတယ်။ ခြုံငုံပြောရမယ်ဆိုရင်တော့ အမေဆီ ကထောက်ပံမူ့ အရနဲပြီးသားသမိးတွေဆီကထောက်ပံမူ့ ရနိုင်ကိန်းရှိပါတယ်။ အကြွင်း ၂ ရှိသောအင်္ဂါသားသမိး မွေးတုန်းကပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်က ကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခုချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေကသင့်အတွက် စိုးရိမ်နေရတာမျိုး၊ မိဘတွေအီမ်ထောင်ကွဲတာမျိုးလဲ ဖြစ်တတ်သလို အသင်ကမွေးရပ်မြေရဲ့ အဝေးမှာသွားရောက် နေထိုင်ရတတ်ပါတယ်။ အသက် ၉ နှစ် ကနေ ၂၅ နှစ်အကြား အသင်ဟာ ဗုဒ္ဒဟူးဂြိုလ် စိုးမိုးသောသိုက်အိမ်မှာ ရှိနေသဖြင့် သင့်မှာအခွင့်အလမ်းကောင်းတွေ အနောက်ဖက် နဲ့ တောင်ဖက်အရပ်များမှ ရလာနိုင်ပါတယ်။ အိမ်ထောင်ကျပြီး စိးပွားရေး အခြေကျကိန်း ရှိပါတယ်။အသက် ၂၆ ကနေ ၃၅ နှစ် အတွင်းမှာတော့ သင်ဟာ စနေဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်မြင့်စေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် အလုပ်အကိုင် စိးပွားတိုးတက်လာကိန်းပြီး အဆင့်မြင့်မြင့်နေရကိန်းရှိသော်လည်း အသက် ၃၅နစ်မှာ ပြသနာတက်ကိန်းတော့ရှိပါတယ်။ အသင်သည် အသက် ၃၆ ကနေ ၅၄နှစ် အတွင်းမှာတော့ ပျက်စိးတတ်တဲ့ သဘောရှိတဲ့ ကြာသာပတေးဂြိုလ် စိးသော မရဏအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေ ရကိန်းရှိပြီး အလုပ်အကိုင်တွေ အိမ်ထောင်ရေးတွေမှာ အဆင်မပြေရန်ဖြစ်တတ်၊ နောက်မိးလင်းတတ်လို့ တရားရုံးတက်ရကိန်းလဲမြင်ပါတယ်။ မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၅၅ ကနေ ၆၆နှစ် အတွင်းမှာတော့ ရာဟုအီမ် သိုက်ဖွားရောက်လို့ ငွေကြေးစိးပွားရေး အိုကေပေမဲ့ အချစ်ရေး အိမ်ထောင်ရေး နောက်မိးလင်း အရေးတွေကခြေရူတ်နေကိန်းရှိပါတယ်။ အသက် ၆၇ ကနေ ၈၇နှစ် အတွင်းမှာတော့ သောကြာဂြိုလ်ဟာ အဓိပတိမှာရှိလို့ သင်ကလုူကြီး လူကောင်းလို နေနိုင်လာပေမဲ့ နဂိုက အဖြစ်အပျက်တွေက နောက်ကလိုက်ဆဲမို့ ရှင်းနေရကိန်းရှိပါတယ်။ ခြုံငုံ ပြောရမယ်ဆိုရင်တော့ အမေဆီကထောက်ပံမူ့ အရနဲပြီး သားသမိးတွေဆီကထောက်ပံမူ့ ရနိုင်ကိန်းရှိပါတယ်။ အကြွင်း ၂ ရှိသောဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူဖြစ်သဖြင့် ချမ်းသာသော မိသားစုမှာပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပြီး အသင့်ရဲ့ကိုယ်ခန္ဓာပေါ်မှာ သိသာထင်ရှားတဲ့ အမှတ်အသားတွေ ပါလာတတ်ပါတယ်။ အသံသြဇာရှိခြင်း၊ တဖက်သားကိုကျအောင် ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။ အသက် ၁၈ ကနေ ၂၇ နှစ် အတွင်းမှာတော့ သင်ဟာ စနေဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင် စိးပွားတိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ကိန်းရှိပါတယ်။ အသက် ၂၈ နှစ် မှ ၄၆ နှစ်အကြားမှာ ကြာသာပတေးဂြိုလ် စိုးမိုးသော မရဏအိမ် မှာရောက်နေသဖြင့် ကျန်းမာရေးဂရုစိုက်ပါ၊ ကြိုတင် ပြင်ဆင်မူ့မရှိလျှင် ဆေးရုံတက်ရမယ်၊ အသက်ပါဆုံးရူံးရကိန်းရှိပါသည်။ လုပ်ငန်းတွေမှာ အောက်ကအလုပ်သမားနဲ့ဖြစ်စေ၊ အထက်ကဘော့စ် နဲ့ဖြစ်စေ ပြသနာတက်ကာ အိမ်ထောင်ကွဲကိန်းလဲရှိပါတယ်။ အသက် ၄၇ နှစ် မှ ၅၈ နှစ်အကြားရာဟုဂြိုလ် စိုးမိုးသောသိုက်အိမ် မှာရောက်နေလို့ ကျန်းမာရေးမှတပါး စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေး လုပ်ဆောင်မူတွေ တိုးတက် အဆင်ပြေလာကိန်းရှိပြီး မိသားစုအမျိုးတို့ကို ထောက်ပံနိုင်သူဖြစ်လာနိူင်ပါတယ်။အသက် ၅၉ နှစ်မှ ၇၉ နှစ်အကြား သောကြာဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီးသင့် အိမ်မက်တွေဟာ တကယ်ဖြစ်လာနိုင်လိမ့်မယ်။ ခြုံပြောရရင် ခလေးရမယ်ဆိုရင် ပထမခလေးက ယောက်ကျားလေးဖြစ်ဖို့များတယ်။ သင်အဖေဆီကအတတ်ပညာနဲ့ ဗဟုသုတ၊ ပညာသင်ကြေး အထောက်အပံ့တွေရနိုင်ကိန်းရှိပါတယ်။ အကြွင်း ၂ ရှိသော ကြာသာပတေးသားသမိး အသင်ဟာ မရဏလို့ခေါ်တဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကိုအလွန်အမင်း ဖြစ်စေခြင်းနဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် ခက်ခက်ခဲခဲ မွေးရကိန်းရှိပြီး၊ ကျန်းမာရေးကညံ့လို့ မိဘတွေကို အနွံအတာပေးဖို့ မွှေးလာသလိုဘဲ။ သို့သော် သင့်မှာ ဆွဲဆောင်နိုင်သော ရုပ်ရည်၊ အသားလတ်၊ နုးညံ့တဲ့စိတ်မျိုး ရှိနိုင်ပါတယ်။ သို့သော် အသက် ၂၀ ကနေ ၃၁ နှစ်မှာ ရာဟုဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ သင့်မိဘတွေရဲ့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေးတွေ စိုပြေလာပြီး သင့်ပညာရေးကောင်းမွန်ကိန်းရှိပါတယ်။အသက် ၃၂ ကနေ ၅၂ နှစ်မှာတော့ သောကြာဂြိုလ်စိုးမိုးတဲ့ အဓိပတိ အိမ်ရောက်လာလို့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီးသင့်ဘဝဟာ ပြန်လည်ကောင်းမွန်လာလိမ့်မယ်။ ပြီးတော့ အသက် ၅၃ ကနေ ၅၈ နှစ်မှာတော့ တနင်းဂနွေစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေးတိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၅၉ မှ ၇၃ အတွင်းတနင်းလာဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်းစသည်တို့ အပြောင်းအရွေ့ ရှိသလို၊ အမျိုးသမိးတွေနဲ့ တရားရုံးမှာအမူရင်ဆိုင်ရကိန်းလဲရှိသည်။ သို့သော် ဒီဂြိုလ်အိမ်သည် မွေးဂြိုလ်နှင့် မိတ်ဖက်ဖြစ်နေသဖြင့် သိတ်စိုးရိမ်စရာမရှိ။ အသက် ၆၅ မှာအသင် သေဆုံးနိုင်ပြီးမသေခဲ့ရင် ၇၃ နှစ်အထိနေရကိန်းရှိပါတယ်။ ခြုံပြောရရင် ငယ်ငယ်ကကံနိမ့်ခဲ့သော်ငြားလည်း တတိယအရွယ်အစမှာ အတော်ကံကောင်းနိုင်ပါတယ်။ ဖခင် လုပ်သူဆီမှ ငွေကြေး၊ ပညာ၊ စိတ်ဓါတ်ကူညီပံ့ပိုးမုူ့ အများဆုံးရနိုင်ပါတယ်။ အိမ်ထောင်ဖက် ကောင်းလဲရနိုင်ကိန်းရှိသူဖြစ်ပါကြောင်း။ အကြွင်း ၂ ရှိသောသောကြာသားသမိး အသင်ဟာအဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလို့ ကျန်းမာ သန်စွမ်းကာ စိးပွားရေး တောင့်တင်းပညာတတ်သော မိဘများဆီမှာ မွေးဖွားတတ်ပါတယ်။ အသားအရည်လှပ၊ ကိုယ်လုံးကိုယ်ထည်ပြေပြစ်၊ အတွေးအခေါ် ထက်မျက်ကာအပြောကလဲ ကောင်းမဲ့ကိန်းရှိနိုင်ပါတယ်။ အသက် ၂၁ နှစ် မွေးဂြိုလ်သောကြာ ဂြိုလ်အိမ်မှာရောက်နေမည်။ အသက် ၂၂ ကနေ ၂၇ နှစ်ထိ အထွန်းအိမ်ကိုတနင်းဂနွေဂြိုလ် စိးသဖြင့် ထိုနှစ်မှားမှာ ကုသိုလ်ကံအတော် ကောင်းမွန်ကိန်းရှိပါတယ်။ မိဘများက စိးပွားလုပ်ငန်းခွဲပေးကိန်းလဲ ရှိနိင်ပါတယ်။ အသက် ၂၁ မှာ အိမ်ထောင်ကျကိန်းရှိသော်လည်း မတည်မြဲနိုင်ဘဲ ၂၅ နှစ်မှာယူမှ ပိုခိုင်မြဲကိန်းရှိနိုင်ပါတယ်။ အသင်ဟာ ယောက်ကျားဆိုလျှင် ဇနီးကောင်း ရကိန်းရှိပါတယ်။ အသင်သည် အသက် ၂၈ ကနေ ၄၁ နှစ် အတွင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေ မှာစပ်တူလုပ်တဲ့သူတွေ၊ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာနာကျင်မူ့ ရောဂါတွေ ရတတ်ပါတယ်။ မမျှော်လင့်ဘဲ သင့်ကိုတအားချစ်တဲ့သူနဲ့လဲ ဒီနှစ်တွေမှာတွေ့ကိန်းရှိပါတယ်။ အသက် ၄၂ ကနေ ၅၀နှစ် အတွင်း အင်္ဂါဂြိုလ်စိးသောပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ ဆီးချိုု နဲ့ မျက်လုံးရောဂါ ရကိန်းလဲရှိနိုင်ပါတယ်။ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက် အနေအထိုင် ပြောင်းခြင်းတို့ လုပ်ပေးဖို့လိုပါတယ်။ အသက် ၅၁ မှ ၆၇ နှစ်ထိဗုဒ္ဓဟူးဂြိုလ် သိုက်အိမ်မှာရှိနေသဖြင့် လည်းကောင်း၊ အသက် ၆၈ ကနေ ၇၇ နှစ်ထိအသင်ဟာစနေဂြိုလ် ရာဇအိမ် မှာရောက်နေလို့ အိုဇာတာကံကောင်းလာကိန်းရှိပါတယ်။ စိးပွားရေးလုပ်ငန်းများတိုးတက်လာကာအခြားစိးပွားရှယ်ရာပိုင်သူများအပေါ် သြဇာညောင်းသူဖြစ်လာပြီးနောက် လိုက်တွေ တပျော်ကြီးနဲ့ နေရကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံ့ပိုးမူ့တွေ ရကိန်းရှိပြီး ယောက်ကျားဆိုလျှင် ထက်မျက်သော ဇနီးမယားရကိန်းရှိပါသည်။ အကြွင်း ၂ ရှိသောစနေသားသမိး အသင်သည် စနေဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ ချမ်းသာအာဏာရှိ ဂုဏ်သရေရှိ မိဘများမှ မွေးဖွားလာသူ ဖြစ်နိုင်ပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက၊ ဘာသာတရားကိုင်းရိုင်းသုူ (သို့) အထိမ်းရအတော်ခက်မဲ့ ခလေးမျိုး ဖြစ်နိုင်ချေရှိပါသည်။ အသက် ၁၀ နှစ်တိုင် လိုတရ ပြည့်စုံသော ဘဝကောင်းလေးတခုက ရထားနိုင်ပါတယ်။ အသက် ၁၁နှစ် ကနေ ၂၉ နှစ် အတွင်း ကြာသာပတေးဂြိုလ်စိးသော မရဏဂြိုလ်အိမ်ရောက်နေလို့ မိဘစိးပွားရေးလုပ်ငန်းတွေက သိတ်မဆိုးပေမဲ့ မိဘများရဲ့ အီမ်ထောင်ရေး သောကဗျာပါဒတွေများကာ တရားရုံးတွေဘာတွေရောက်နိုင်ပြီး တခါတရံကျန်းမာရေးမကောင်းလို့ ဆေးရုံရောက်တတ်ပါတယ်။ မနာလိုသူတွေ နဲ့လဲမကြာခဏဖိုက်ရကိန်းရှိပါတယ်။ အသက် ၃၀နှစ် ကနေ ၄၁နှစ် အတွင်းရာဟုဂြိုလ်စိးသော သိုက်ဖွားမှာရှိနေသဖြင့် စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်းရှိပြီး၊ အစိုးရအဖွဲ့အစည်း၊ ပရဟိတအဖွဲ့အစည်းများမှ ကုညီပံ့ပိုးမူ့ ရနိုင်သော်လည်းအတိုက်အခံ အနှောင့်အယှက်တော့ နဲနဲရှိပါတယ်။ အဲဒီနစ်တွေထဲမှာ လက်ထပ်မယ်ဆိုရင် ချမ်းသာပြီး ဂဂျီဂဂျောင်များတဲ့ အီမ်ထောင်ဖက်နဲ့ ညားကိန်းရှိပါတယ်။ အသက် ၄၂နှစ် ကနေ ၆၂ နှစ် မှာတော့ သောကြာဂြိုလ် စိုးမိုးသော အဓိပတိအိမ် မှာရောက်နေလို့ ၊ စိးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ လူမူရေးနယ်ပယ်တွေမှာ ဦးဆောင်သူတယောက် ဖြစ်လာကိန်းရှိပါတယ်။ အသက် ၆၃နှစ် ကနေ ၆၈ နှစ် အတွင်းအသင်ဟာ တနင်းဂနွေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ နံမည်ကောင်းတွေရလာပြီး အဖွဲ့အသင်းပုံစံမျိုးကိုဦးဆောင်ရကိန်းရှိပါတယ်။ အသက် ၆၉ နှစ် ကနေ ၈၃ နှစ် မှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရ နာမကျန်းဖြစ်ပြီးအသက် ၇၁ နှစ်မှာကံတော်ကုန်နိုင်ပါကြောင်း။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှသေည်လည်းကောင်း၊ သားသမိးများဆီမှ သော်လည်းကောင်း ကုူညီပံပိုးမူ့တွေ ရကိန်းရှိပါသည်။ ဇနီးကောင်းရကိန်းရှိသော်လည်း ပထမဇနှီးနဲ့ ကွဲကိန်း၊ ခွဲနေရကိန်းရှိပါကြောင်း။ အကြွင်း ၂ ရှိသောရာဟု(ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူဖြစ်သဖြင့် ချမ်းသာသော မိသားစုမှာပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် ၁၂နစ်အတွင်းအိမ်စီးပွားတက်ခြင်းများရရှိနိုင်ပြီး စိတ်တိုကာအပြောင်းအလဲ မြန်သူတယောက်လဲ ဖြစ်နိင်ပါသည်။အသက် ၁၃ နှစ် မှ ၃၃ နှစ်အကြား သောကြာဂြိုလ် စိုးမိုးသော အဓိပတိအိမ် ကိုရောက်နေလို့ မိဘစိးပွားရေးလုပ်ငန်းတွေ၊ မိသားစုအခြေအနေ၊ အတော်လေးအဆင်ပြေကာ မန်နေဂျာ၊ ကုမ်မနီပိုင်ရှင်၊ စီအီးအို စသည်စသည်တို့ ဖြစ်ကိန်းတွေရှိပါသည်။ အိမ်မက်တွေ အကောင်အထည် ဖော်လာနိုင်ပြီး အသက်မွေးဝမ်းကြောင်းပညာတွေလဲ တတ်မြောက်ကိန်းရှိပါတယ်။အသက် ၃၄ နှစ်နဲ့ ၃၉ ကြားကနှစ်တွေမှာ အသင်ဟာ တနင်းဂနွေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကြီးကိန်းလဲရှိပါတယ်။ ဇနီးမယားရဲ့ ထောက်ပံ့မုူ့ကိုလဲ ရနိုင်ကိန်းရှိတယ်။ အသင်သည် အသက် ၄၀ ကနေ ၅၄ နှစ် အတွင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ တနင်းလာဂြိုလ် စိးသော ဘင်ဂအိမ်မှာရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၅၅ မှ ၆၂ နှစ်ထိအင်္ဂါဂြိုလ် ပုတိအိမ်မှာရှိနေလို့ ကျန်းမာရေး၊ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ မိမိရဲ့အောက်ကအလုပ်သမားစသည်တို့နဲ့ ပြသနာလေးများရှိနေတတ်ပြီး စိးပွားရေးကလည်း တက်လိုက်ကျလိုက်ရှိနေတတ်ပါသည်။ဆိးချို၊ သွေးတိုးနဲ့ မျက်လုံးရောဂါတွေလဲရတတ်ပါတယ်။ သို့သော် အသက် ၆၃ ကနေ ၇၉ နှစ်မှာဗုဒ္ဓဟူးဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေးအလုပ်အကိုင် စိးပွားရေးတွေ ပြန်လည်စိုပြေလာကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှသည်လည်းကောင်း၊ ဇနီးဆီမှလည်းကောင်း ထောက်ပံ့မူတွေ ရကိန်းရှိပါကြောင်း။

အကြွင်း ၁ MAHABOAT

အကြွင်း ၁ ရှိသောတနင်းဂနွေသားသမိး အသင်သည် မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွား အနေဖြင့် မွေးဖွားလာသူ ဖြစ်သဖြင့် သင့် မှာမွေးရာပါ ရောဂါတွေ ပါလာနိုင်ကိန်းရှိပါသည်။ ငယ်စဉ်အခါ သင့်အဖေဖြစ်သူနဲ့ သေကွဲ (သို့) ရှင်ကွဲခွဲ နေရကိန်းလဲရှိပါတယ်။ အသက် ၇ နှစ် နောက်ပိုင်း ၂၁ နှစ် အတွင်း ပုတိအိမ်မှာ ရောက်နေလို့ ကံကောင်းတာတွေ မလာသေးလို့ သတိထား နေရမဲ့ကိန်းရှိတယ်။အသက် ၂၂ နှစ် နောက်ပိုင်း ၂၉ နှစ်တွေမှာ အင်္ဂါဂြိုလ်စိးသော သိုက်ဖွားမှာ ရှိနေသဖြင့်သင် နဲ့ သင့် မိသားစုတို့ရဲ့ စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်း ရှိသော်လည်း အတိုက်အခံ အနှောင့်အယှက်တော့ နဲနဲရှိပါတယ်။ အဲဒီနစ်တွေထဲမှာလက်ထပ်မယ်ဆိုရင် ချမ်းသာတဲ့ အီမ်ထောင်ဖက်နဲ့ ညားကိန်းရှိပါတယ်။ အသက် ၃၀ နှစ်နောက်ပိုင်း ၄၇ နှစ်ရောက်တဲ့အခါ ဗုဒ္ဓဟူးဂြိုလ်ဟာ မရဏအိမ်မှာ ရောက်နေလို့ သားသမီးတွေအတွက် သောကများကိန်းရှိပါတယ်။ အထူးသဖြင့် အသက် ၄၆ မှာသေလောက်တဲ့ ရောဂါရနိုင်ပါတယ်။ အသက် ၄၈ နှစ်နဲ့ ၅၆ ကြားကနှစ်တွေမှာ အသင်ဟာ စနေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကောင်းတွေလဲ ရလာကိန်းရှိပါတယ်။အသက် ၅၇ နှစ်နောက်ပိုင်းနဲ့ ၇၆ နှစ်အကြား ကာလတွေမှာ ကြာသာပတေး ဂြိုလ်စိးသော အဓိပတိအီမ်မှာရှိလို့ ကူညီပံပိုးမဲ့ ကလေးတွေမရှိရင်တောင်မှ သြဇာ ရှိသော နောက်လိုက် အသိုင်းအဝိုင်းများသော ဘဝကိုရကိန်းရှိပါတယ်။ မိန်းမနဲ့ ကွဲကိန်းခွဲနေ ကိန်းရှိသော်လည်း အိုဇာတာကောင်းကိန်းရှိပါတယ်။ အကြွင်း ၁ ရှိသောတနင်းလာသားသမိး မွေးတုန်းကပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်က ကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခု ချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေ စိးပွားရေး အကြပ်ရိုက်တာမျိုး၊ အီမ်ထောင်ကွဲတာမျိုးလဲ ဖြစ်တတ်သလို အသင်ကမွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပါတယ်။ အသက် ၁၆ နှစ် ကနေ ၂၃ နှစ် အကြားအသင်ဟာ အင်္ဂါဂြိုလ်စိူးမိုးသော သိုက်အိမ်မှာရှိနေသဖြင့် သင့်မှာ အခွင့်အလမ်းကောင်းတွေ ရလာနိုင်ပါတယ်။ ထီလဲဘဲပေါက်ကိန်းရှိပါတယ်။အသက် ၂၄ နှစ် မှ ၄၀ နှစ်အကြားဗုဒ္ဓဟူးဂြိုလ် စိုးမိုးသော မရဏအိမ်မှာ ရောက်နေလို့ ကျန်းမာရေးညံ့ကာ စိးပွားရေးက မသေချာဖြစ်လာသော်လည်း နံမည်ကြီးကိန်းတော့ရှိပါတယ်။ ဒါပေမဲ့လဲ အသက် ၄၀ နှစ် မှ ၅၀ နှစ်အကြားမှာ စနေဂြိုလ်စိုးမိုးသော အထွန်းအိမ်၊ အသက် ၅၁ နှစ် မှ ၆၉ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသောအဓိပတိအိမ် မှာရောက်နေလို့ ၊စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေးလုပ်ဆောင်မူတွေ အတော်လေးအဆင်ပြေလာပေမဲ့ သောကမကင်းစရာလေးတွေလဲရှိပါတယ်။ ကျန်းမာရေးလဲ ကျဆင်းလာနိုင်လို့ အနေအထိုင် အစားအသောက်တွေ ဆင်ချင်ပြီး ကိုယ်လက်လေ့ကျင်ခန်း၊ စိတ်အတွက် လေ့ကျင့်ခန်းတို့ကို လုပ်ပေးရမှာဖြစ်တယ်။ ခြုံပြောရရင် ပထမဆုံးခလေးက သမိးဖြစ်ဖို့ ကိန်းရှိပြီး သားသမီးဆီကနေ ထောက်ပံမူ့ရခဲပါတယ်။ နံမည်ကြီးသူတယောက်ဖြစ်ဖို့ နှစ်အတော်ကြာ မမှိတ်မသုံ ကျိုးစားရမှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို အလောတကြီးမလုတ်မိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ အသင်ဟာ ခဏခဏမှားလဲ ပြင်တတ်တဲ့သူမဟုတ်လ့ိုပါ။ အကြွင်း ၁ ရှိသောအင်္ဂါသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူ ဖြစ်သဖြင့် ချမ်းသာသော မိသားစုမှာပေါက်ဖွားခြင်း၊သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပြီးအသင်ရဲ့ ကိုယ်ခန္ဓာပေါ်မှာ သိသာထင်ရှားတဲ့ အမှတ်အသားတွေ ပါလာတတ်ပါတယ်။ အသံသြဇာရှိခြင်း၊ တဖက်သားကို ကျအောင်ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။အသက် ၂၁ နှစ် အရွယ်မှာသေနတ်၊ ဓါးစတဲ့ လက်နက်တွေနဲ့ ထိခိုက်မူ့ကိန်းရှိသဖြင့် သတိရှိဖို့လိုပါတယ်။ အသက် ၂၅ နှစ်နဲ့ ၃၅ ကြားကနှစ်တွေမှာ အသင်ဟာစနေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကောင်းတွေလဲ ရလာကိန်းရှိပါတယ်။ နေရာပြောင်းရွေ့နေရကိန်းလဲရှိပါတယ်။ အသက် ၃၆ နှစ် မှ ၅၄ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသော အဓိပတိအိမ် မှာရောက်နေလို့ ၊ စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေးလုပ်ဆောင်မူတွေ အရမ်းအဆင်ပြေလာပေမဲ့ ကျန်းမာရေးက စတင်ကျဆင်းလာနိုင်တယ်။အသက် ၅၅ နှစ် မှ ၆၆ နှစ်အကြားရာဟုဂြိုလ် စိုးမိုးသောမရဏအိမ် မှာရောက်နေသဖြင့် ကျန်းမာရေးဂရုစိုက်ပါ၊ ကြိုတင်ပြင်ဆင်မူ့မရှိလျှင် အသက်ဆုံးရူံးရကိန်းရှိပါသည်။ အသက် ၆၇ ကနေ ၈၇ နှစ် အတွင်းမှာတော့ သင်ဟာသောဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင် စိးပွားတိုးတက်မုူမှာသင်ဟာအခရာ ဖြစ်လာကိန်းရှိပါတယ်။ အသက် ၈၅ မှာအသင် သေဆုံးကိန်းရှိပါတယ်။ ခြုံပြောရရင်ဖြင့် သင်သည် အိမ်ထောင်ဖက်ကောင်းကိုရကိန်းရှိပါတယ် ဒါပေမဲ့ ဖခင် နဲ့ ကြာကြာနေရကိန်းမရှိပါ။ ကံကောင်းသူတယောက်လို့ ပြောလို့ရပေမဲ့ မကြာခဏအမှားလုပ်တတ်တယ်။ အဲ့ အမှားကို သင်ခန်းစာယူပြီးအမှန်တွေလုပ်ရင် သင်မှာပိုပြီးအောင်မြင်မူ့ ရကိန်းရှိပါကြောင်း။ အကြွင်း ၁ ရှိသောဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်ဟာ မရဏလို့ခေါ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုအလွန်အမင်း ဖြစ်စေခြင်းနဲ့ သေမင်း ဂြိုလ်အိမ်မှာမွေးဖွားလာသောကြောင့် ကျန်းမာရေးညံ့ခြင်း (သို့) တယောက်ထဲနေလျင် ကြောက်တတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ သို့သော် သင့်မှာဆွဲဆောင်နိုင်သော သနားကမား ရုပ်ရည်မျိုးရှိတတ်ပါတယ်။ အသက်အရမ်းငယ်တဲ့ အရွယ် (သို့) ၁၇ နှစ်လောက်မှာသေလောက်တဲ့ ရောဂါမျိုးရတတ်ပါတယ်။အသက် ၁၈ ကနေ ၂၇ နှစ်ထိ စနေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်နေသဖြင့် ထိုနှစ်များမှာ ကုသိုလ်ကံ အတော်ကောင်းမွန်ကိန်းရှိပါတယ်။ လုပ်ငန်းခွင်ကျွမ်းကျင်သူတွေရဲ့ အထောက်အပံတွေ ရပြီး သက်မွေးဝမ်းကြောင်း ပညာမျိုးတတ်မြောက်ကိန်းရှိပြီး အဲဒိလုပ်ငန်းမျိုးနဲ့ နံမည်ရလာနိုင်ပါတယ်။အသက် ၂၈ နှစ် မှ ၄၆ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသောအဓိပတိအိမ်မှာ ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေးလုပ်ဆောင်မူတွေ တိုးတက် အဆင်ပြေလာကိန်းရှိပြီး မိသားစုအမျိုးတို့ကို ထောက်ပံ့နိုင်သူဖြစ်လာနိူင်ပါတယ်။အသက် ၄၇ သို့ ဝင်ဝင်ချင်း သေနိူင်လောက်သော မတော်တဆထိခိုက်မူ၊ ဖျားနာမူ့ ဖြစ်ကိန်းရှိပါတယ်။အသက် ၄၈ နှစ် မှ ၅၈ နှစ်အကြား အသင်ဟာရာဟုစိုးမိုးသောမရဏ ဂြိုလ်အိမ်မှာရောက်နေသောကြောင့် ကျန်းမာရေးညံ့နေကိန်းရှိပြီး အရက်၊ဆေးလိပ်၊ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့်အညီ နေထိုင်ခြင်းတို့ မလုပ်ဆောင်ပါက မာလကီးယားကိန်းရှိပါတယ်။ အသက် ၅၉ နှစ် မှ ၇၉ နှစ်အကြားမှာတော့ သင်ဟာသောဂြိုလ် စိုးမိုးတဲ့ ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင် စိးပွားတိုးတက်မုူတွေနဲ့အတူ အိုဇာတာရယ်စန်းထလာကိန်းရှိပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် မိန်းမကောင်းရနိုင်ပြီး အထောက်အပံ့ရမဲ့ ကလေးမျိုးတော့ မရနိုင်။ သင့်ရဲ့ ကူညီတတ်တဲ့ စိတ်ကြောင့် မိတ်ဆွေတွေလဲပေါများကိန်းရှိနင်းကီးကြောင်းပါ။ အကြွင်း ၁ ရှိသော ကြာသာပတေးသားသမိး အသင်ဟာအဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလို့ ကျန်းမာသန်စွမ်းကာ စိးပွားရေးတောင့်တင်း ပညာတတ်သော မိဘများဆီမှာ မွေးဖွားတတ်ပါတယ်။သင့်မိဘတွေလဲ သင်မွေးပြီးနောက် ပိုကံကောင်းလာကိန်းရှိပါတယ်။ အသက်၂၀ နှစ်လောက်မှာ သေလောက်တဲ့ ရောဂါမျိုးရတတ်ပါတယ်။အသက် ၃၂ ကနေ ၅၂ နှစ် အတွင်းမှာတော့ သင်ဟာသောကြာဂြိုလ် စိုးမိုးတဲ့ သြဇာ ဂုဏ်ရှိန်မြင့်စေသော ရာဇဂြိုလ်အိမ်မှာရောက်နေသဖြင့် အလုပ်အကိုင် စိးပွားတိုးတက်လာကိန်းပြီး အဆင့်မြင့်မြင့် နေရကိန်းရှိပါတယ်။ အသင်သည် အသက် ၅၃ ကနေ ၅၈ နှစ် အတွင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီးအလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲခွဲနေရကိန်းလဲရှိပါတယ်။အသက် ၅၉ ကနေ ၇၄နှစ် အတွင်းတနင်းလာဂြိုလ် ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ ပညာရေးဟာသင့်ဘဝအတွက် အတော်အရေးပါ အခရာဖြစ်ပါတယ်။သားသမိးတွေ နဲ့ ဖခင်ဆီမှ ထောက်ပံ့မူ့ ရခဲလိမ့်မယ်။ အသက်ကြီးအိုမင်းမလာခင် ကြိုတင်ပြင်ဆင်ထားသင့်ပြီး သို့မဟုတ်ပါကအခက်အခဲများစွာ ကြုံနိင်ကိန်းရှိပါတယ်။ အကြွင်း ၁ ရှိသောသောကြာသားသမိး အသင်သည် သောကြာဂြိုလ်စိးသောရာဇအိမ်မှာမွေးဖွားလို့ သင်ရဲ့ မိဘများအောင်မြင်နေတဲ့ အချိန်မှာမွေးဖွားလာသူဖြစ်နိုင်ပါတယ်။ သင်ဟာငယ်စဉ်ကတည်းကလူချစ်လူခင်များပြီး၊ ဘာသာတရားကိုင်းရိုင်းသုူမို့ အသက် ၂၁ နှစ်တိုင် ဘဝကောင်းလေးတခုကိုရထားနိုင်ပါတယ်။အသင်သည် အသက် ၂၂ ကနေ ၂၇ နှစ် အတွင်းမှာတော့ တနင်းဂနွေဂြိုလ်စိုးမိုးသောမတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်းအလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ ရိးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၂၈နှစ် ကနေ ၄၂နှစ် အတွင်းတနင်းလာဂြိုလ် ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ ရင်းနီးထားတာတွေအလိမ်ခံရလို့ အဆင်မပြေ ဖြစ်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ အသက် ၄၃နှစ် ကနေ ၅၀နှစ်ရောက်တော့ အင်္ဂါဂြိုလ်စိုးမိုးသောသိုက်အိမ်မှာရောက်လို့အလုပ်အကိုင် အရောင်းအဝယ် စိးပွားရေးလုပ်ငန်းတွေ အဆင်ပြေလာကိန်း ရှိနိုင်သော်လည်းအလိမ်မခံရအောင် သတိတော့ထားရအုံးမယ်။ အသက် ၅၁နှစ် ကနေ ၆၇နှစ် အတွင်းဗုဒ္ဓဟူးဂြိုလ်စိးသော မရဏဂြိုလ်အိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေကသိတ်မဆိုးပေမဲ့ သားရေးသမိးရေး အီမ်ထောင်ရေး သောကဗျာပါဒတွေများလို့ တရားရုံးတွေဘာတွေရောက်နိုင်ပြီး ကျန်းမာရေးမလိုက်စားရင် ဆေးရုံရောက် အသက်ပါ ပျောက်ကိန်းရှိပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ ပညာရေးဟာသင့်ဘဝအတွက် အတော်အရေးပါ အခရာဖြစ်ပါတယ်။ အိမ်ထောင်ဘက်က ကောင်းကိန်းရှိ၊ ထောက်ပံမူ့ရပြီးသားသမိးတွေ နဲ့ မိဘတွေဆီမှ ထောက်ပံ့မူ့ ကတော့ သိတ်မမြင်။ အသက်ကြီး အိုဇာတာကတော့ မကောင်းတကောင်းကိန်းလို့ ပြောရမလိုဘဲ။ အကြွင်း ၁ ရှိသောစနေသားသမိး အသင်သည် စနေဂြိုလ်စိးနေပြီး၊ နံမည်ကြော်ကြား လူချစ်လူခင်များစေသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်းစတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာကိန်းရှိသည်။ အသင်ဟာ မိန်းခလေးဆိုရင် ပုရိသတွေ ဂျွမ်းပစ်သွားနိုင်လောက်တဲ့ စွဲမက်စရာတွေ၊ မာယာတွေလဲ ရှိကိန်းမြင်တယ်။ အသက် ၁၁ နှစ် မှ ၂၉ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသော အဓိပတိအိမ် ကိုရောက်နေလို့ ၊မိဘတို့ရဲ့ စိးပွားရေးလုပ်ငန်းတွေ၊ မိသားစုအခြေအနေ၊ အတော်လေး အဆင်ပြေလာပေမဲ့ အသက် ၁၁ နှစ် မှာကျန်းမာရေးမကောင်းတဲ့ကိန်း၊ မတော်တဆ ထိခိုက်မူ့ကိန်းတွေရှိပါသည်။အိမ်မက်တွေ အကောင်အထည် ဖော်လာနိုင်ပြီး အသက်မွေးဝမ်းကြောင်းပညာတွေလဲ တတ်မြောက်ကိန်းရှိပါတယ်။အသက် ၂၉ ကနေ ၄၁ နှစ် ကာလမှာ ရာဟုဂြိုလ် မရဏ ဂြိုလ်အိမ်မှာရောက်နေခြင်းကြောင့် သင့်ခလေးတွေအတွက်နဲ့ သောကရောက်ကိန်းရှိသလို ကျန်းမာရေးလဲညံ့ကိန်းရှိပါတယ်။ အသက် ၄၂ ကနေ ၆၂ နှစ်ထိကာလမှာ သောကြာဂြိုလ်စိးသောရာဇအိမ်ရောက်နေလို့ မြောက်ဖက် နဲ့ တောင်ဖက်အရပ်ဆီကနေ ဝင်ငွေကောင်းကောင်း ရနိုင်ပါတယ်။ ခရိးကောင်းတခုလဲ သွားရကိန်းရှိနိင်ပါတယ်။အသက် ၆၃ ကနေ ၆၈ နှစ်ထိကာလမှာ တနင်းဂနွေဂြိုလ် ဘင်္ဂအိမ်ရောက်နေခြင်း၊ အသက် ၆၉ ကနေ ၈၃ နှစ်ထိကာလမှာတနင်းလာဂြိုလ် ပုတိအိမ်ရောက်နေခြင်း ကျန်းမာရေးညံ့ကိန်းရှိပြီး အထူးသဖြင့် အသက် ၆၃ နှစ် နဲ့ ၆၇ နှစ် မှာအသက်ဆုံးပါးကိန်းရှိပါတယ်။ အချုပ်ပြောရရင် အိမ်ထောင်ဘက်ဟာကောင်းကိန်းရှိပြီး ပထမအိမ်ထောင်ဖက် (သို့) ပထမဆုံးရတဲ့ ခလေးဟာစောစောသေကိန်းရှိပါတယ်။ အသင့်မှာ ထူးခြားတာကသတင်းဌာနတွေဟာ သင့်အကျိူးစိးပွားကိုအထောက်အပံပေးနိူင်တဲ့ နေရာ၊ သင့်ကို လူသိများစေတဲ့နေရာတွေဖြစ်ကြပါတယ်။ အကြွင်း ၁ ရှိသောရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး သင့်ကို ရာဟုစိုးမိုးသော မရဏဂြိုလ်မှာ မွေးဖွားလာသဖြင့် အသက် ၆ နစ် နဲ့ ၁၂ နှစ်ကြားမှာ သေတတ်ပါတယ်။ နောက် အသက် ၁၃ မှ ၃၃ နှစ်ထိသောကြာဂြိုလ် စိုးမိုးသော ရာဇအိမ်မှာရှိနေလို့ မိဘတွေ စိးပွားတက်သလို သင်လဲ ပညာရေး ကံကောင်း ထူးချွန်နိင်ကိန်းရှိပါတယ်။ သင့်မှာ ဥပတိရုပ်ကောင်းရှိနိုင်ပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ ပူဇော်ခံရကိန်းရှိပါတယ်။ အသင်သည် အသက် ၃၄ ကနေ ၃၉ နှစ် အတွင်းမှာတော့ တနင်းဂနွေဂြိုလ်နဲ့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေ ရကိန်းရှိပြီး အလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။ နေအိမ် အပြောင်းအလဲ ရှိနိုင်ပါတယ်။အသက် ၄၀ မှ ၅၄ နှစ်ထိ တနင်းလာဂြိုလ် ပုတိအိမ်မှာ ရှိနေလို့ ကျန်းမာရေး၊ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေးစသည်တို့မှာ ပြသနာလေးများရှိနေတတ်ပြီး စိးပွားရေးကလည်းတက်လိုက်ကျလိုက်ရှိနေတတ်ပါသည်။ အသက် ၅၅ မှ ၆၂ နှစ်ထိ အင်္ဂါဂြိုလ် သိုက်အိမ်မှာရှိနေသဖြင့် စိးပွားရေးလုပ်ငန်းများ တိုးတက်လာကာ အခြားစိးပွား ရှယ်ရာပိုင်သူများအပေါ် သြဇာညောင်းသူ ဖြစ်လာနိုင်သော်လည်း အောက်ခြေမလွတ်မိဖို့ အရေးကြီးပါသည်။ အသက် ၆၃ မှ ၇၉ နှစ်အကြားဝယ် ဗုဒ္ဓဟူးဂြိုလ် မရဏဂြိုလ် အိမ်ရောက်နေလို့ စိးပွားရေး လုပ်ငန်းတွေကသိတ်မဆိုးပေမဲ့ သားရေးသမိးရေး အီမ်ထောင်ရေး သောကဗျာပါဒတွေများလို့ တရားရုံးတွေ ဘာတွေရောက်နိုင်ပြီး ကျန်းမာရေးမလိုက်စားရင် ဆေးရုံရောက် အသက်ပါပျောက်ကိန်းရှိပါတယ်။ အချုပ် ပြောရမယ်ဆိုရင်တော့ ပညာရေးဟာသင့်ဘဝအတွက် အတော်အရေးပါ အခရာဖြစ်ပါတယ်။ အိမ်ထောင်ဘက်က ထောက်ပံမူ့ပေးပြီးကောင်းကိန်းရှိ၊ သားသမိးတွေ နဲ့ မိဘတွေဆီမှ ထောက်ပံ့မူ့ ကတော့ သိတ်မမြင်။ အသက်ကြီးအိုဇာတာကတော့ မကောင်းတကောင်းကိန်းလို့ ပြောရမလိုဘဲ။

အကြွင်း ၀ MAHABOAT

အကြွင်း ၀ ရှိသောတနင်းဂနွေသားသမိး မွေးတုန်းကပုတိဖွားဖြစ်နေလို့ မကြာခဏဖျားတတ်ပြီးအသက် ၃ နှစ် အရွယ်မှာအကြီးအကျယ် နာမကျန်းဖြစ်တတ်ပါတယ်။ အသက် ၇ နှစ် မှ ၂၁ နှစ်အကြားအသင့် အိမ်ရဲ့ စိးပွားရေးတိုးတက်ကိန်းရှိပါတယ်။ အသင်ဟာယောက်ကျားလေးဆိုရင် တပြေတရွာသူအရာရှိအရာခံတို့ ရဲ့သမိးနဲ့ တွေ့ကိန်းရှိပါတယ်။ ပြီးတော့ သူမနဲ့ လက်ထပ်ပြီးနောက် ဇနီးရဲ့ အသိုင်းအဝိုင်းအဆက်အသွယ်နဲ့ အလုပ်အကိုင် ကောင်းကောင်းတွေ ရရှိနိင်ပါတယ်။ ဒါပေမဲ့ အသင်ဟာမိန်းခလေးဆိုရင် ဇာတ်လမ်းကတမျိုုးဖြစ်မယ်။ အသက် ၂၉ နှစ်မှ ၄၆ နှစ်အတွင်းအသင်သည် ခေါင်းဆောင်ဖြစ်နိုင်သော အဓိပတိအိမ်မှာ ရောက်နေသဖြင့် အလုပ်မှာရာထူးတိုးပြီးပိုအဆင့်မြင့်တဲ့ လုူနေမူ့အဆင့်အတန်းမျိုးရလာနိုင်ပါတယ်။ သို့သော် ရောက်ရှိနေသည့် ဗုဒ္ဓဟူးစိုးမိုးသောဂြိုလ်သည် မွေးဂြိုလ်တနင်းဂနွေနှင့် ရန်သူဖြစ်နေသဖြင့် အခက်အခဲတချို့ကိုရင်ဆိုင်ဖြေရှင်းရမယ်။ အလွန် စွမ်းရည်မြင့်သောယောက်ကျား (သို့) ဘာအစွမ်းအစမှ မရှိသောယောက်ကျားမျိုးနဲ့ အိမ်ထောင်ကျနိုင်သည်။ အိမ်ထောင်လဲကွဲနိုင်သည်။ အသက် ၄၇ မှ ၅၆ နစ် အတွင်းစနေဂြိုလ်ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်းစသည်တို့ အပြောင်းအရွေ့ ရှိသလို၊ တရားရုံးမှာအမူရင်ဆိုင်ရကိန်းလဲရှိသည်။သို့သော် ဒီဂြိုလ်အိမ်သည် မွေးဂြိုလ်နှင့် မိတ်ဖက်ဖြစ်နေသဖြင့် သိတ်စိုးရိမ်စရာမရှိ။အသက် ၅၇ ကနေ ၇၀ အတွင်းမှာသင်ရဲ့ဘဝဟာဆင်းရဲတာကနေချမ်းသာ၊ ချမ်းသာရာမှ လူကြီးခေါင်းဆောင်ဖြစ်ကိန်းရှိပါသည်။ ခြုံငုံပြောရရင် ငယ်ငယ်က ကံနိမ့်သူလိုမွေးဖွားကြီးပြင်းခဲ့သော်ငြားလည်း အိုဇာတာကောင်းသူဖြစ်ပါတယ်။ အကြွင်း ၀ ရှိသောတနင်းလာသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူဖြစ်သဖြင့် ချမ်းသာသောမိသားစုမှာ ပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပြီးစိတ်အပြောင်းအလဲ မြန်သူတယောက်ဖြစ်နိင်ပါသည်။ အမေရဲ့ ပြုစုစောင့်ရှောက်မူ့ကိုဖခင်ထက် ပိုရနိင်လိမ့်မည်။အသက် ၁၆ နှစ် နဲ့ ၂၃ အကြားမှာအသင် နဲ့ အသင့် မိသားစုတို့ရဲ့ ငွေရေးကြေးရေးနဲ့ ကျန်းမာရေး သိတ်အဆင်မပြေနိုင်ပါ။ အသင်ဟာယောက်ကျားလေးဆိုရင် မိန်းမလှတယောက်ကို လက်ထပ်ရကိန်းရှိပါတယ် ဒါပေမဲ့ မိန်းခလေးဆိုရင်တော့ အသင်ရဲ့ ယောက်ကျားဟာ လူလိမ်၊ ဆေးသမား၊ အရက်သမား ဖြစ်နိုင်ချေရှိပါတယ်။ အသက် ၂၄ မှ ၄၀ ထိအသင်ဟာ အဓိပတိအိမ် မှာရောက်နေတာမို့ အလုပ်တွေမှာရာထုူးတိုးခြင်း၊ ငွေကြေး အဆင်ပြေခြင်းစတဲ့ကိန်းတွေရှိနေပါတယ်။ အသက် ၄၁ မှ ၅၀ အတွင်းစနေဂြိုလ်မှာ ရောက်နေလို့ အလုပ်အကိုင်တွေ၊ မိသားစုနဲ့ နေအိမ် စသည်စသည်တို့ ပြောင်းရွေ့ရကိန်းရကိန်း၊ လူလိမ်ခံရကိန်းရှိပါတယ်။ သို့သော် ဒီဂြိုလ်အိမ်ဟာမွေးဂြိုလ် နဲ့ မိတ်ဖက်ဖြစ်နေလို့ သိတ် စိုးရိမ်စရာမလိုပါ။ အသက် ၅၁ ကနေ ၆၉ အတွင်းမှာသင့်ရဲ့ အိမ်မက်တွေ အကောင်အထည် ပေါ်လာနိုင်ပါတယ်။ လူမူရေး၊ နိုင်ငံရေး၊စိးပွားရေး နယ်ပယ်မှာ ခေါင်းဆောင်တယောက် ဖြစ်လာနိုင်ချေရှိနေပါတယ်။ ခြုံပြောရရင် အသင့်ကို သားသမိးက အထောက်အကုူပေးနိင်ကိန်းရှိပြီး ဆွေမျိူးတွေကသိတ်ပြီးသုံးစားမရကိန်းမြင်ပါတယ်။ အမြဲမမေ့သင့်တာကပညာနဲ့ ဗဟုသုတတွေက အသင့်ကိုဝိုင်းဝန်းလို့ ဆွဲချမဲ့ ရန်သူတွေကိုရှောင်ကွင်းနိုင်မဲ့ အရာတွေ ဖြစ်တယ်ဆိုတာပါဘဲ။ နောက်တခုက အဲဒိညံ့တဲ့ နှစ်တွေမှာရောဂါလဲရနိုင်ကိန်းရှိတယ်ဆိုတာပါဘဲ။ အကြွင်း ၀ ရှိသောအင်္ဂါသားသမိး အသင်ဟာမရဏလို့ခေါ်တဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကိုအလွန်အမင်း ဖြစ်စေခြင်းနဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် မွေးမွေးချင်းတိမ်းပါးနိုင်ကိန်းရှိပါတယ် (သို့) မိဘတွေကို အနွံအတာပေးဖို့ မွှေးလာသလိုဘဲ။ သို့သော် သင့်မှာဆွဲဆောင်နိုင်သော ရုပ်ရည်ရှိတတ်ပါတယ်။ အသက် ၉ နှစ်မှ ၂၅ အတွင်းဗုဒ္ဓဟူးဂြိုလ် စိုးမိုးသော အဓိပတိအိမ်မှာရောက်နေသဖြင့် ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအခြေအနေ ပိုမိုကောင်းမွန်လာကိန်းရှိပါတယ်။ ပညာရေးမှာအတော်အောင်မြင်ကိန်းရှိပါတယ်။ အသင်ဟာယောက်ကျားလေးဆိုရင် ပညာတတ် မိန်းမလှတယောက်ကို လက်ထပ်ရကိန်းရှိသော်လည်း အမျိူးသမိးကစိးပွားရေးအရကော၊ စိတ်ဓါတ်အရရော ကြိုးကိုင်လွန်းသဖြင့် မပျော်နိုင်ဖြစ်နေကိန်းရှိပါတယ်။ မိန်းခလေး ဆိုရင်တော့ ရမဲ့ ယောက်ကျားက အရာရှိ၊ မန်နေဂျာ ဖြစ်နိုင်ချေ ရှိပါတယ်။ အသက် ၂၆ နှစ် မှ ၃၅ နှစ် အတွင်းအသင်ဟာ ပြောင်းလဲတတ်တဲ့ ဘင်ဂ ဂြိလ်မှာရောက်နေသဖြင့် အလုပ်အကိုင် နဲ့ ငွေရေးကြေးရေး ကြပ်တည်းမူ့ ကြုံကိန်းရှိပါတယ်။ အသင်ဟာမိန်းခလေးဆိုရင် အိမ်ထောင်ကွဲကိန်းရှိပါတယ်။ အလုပ်အကိုင်တွေ၊ မိသားစုနဲ့ နေအိမ်စသည်စသည်တို့ ပြောင်းရွေ့ရကိန်း၊ လူလိမ်ခံရကိန်းရှိပါတယ်။ သင့်ရဲ့ အိမ်တို့ အခန်းတို့ မိးလောင်ကိန်းလဲရှိပါတယ်။ အသက် ၃၆ ကနေ ၅၄ နှစ် အတွင်းမှာတော့ သင်ဟာစနေဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာရောက်နေသဖြင့် အလူပ်အကိုင် စိးပွားတိုးတက်ပြီး ယောက်ကျားဆိုလျင် မိန်းမငယ်များနဲ့ ခြေရူပ်ကိန်းရှိပါတယ်။အသက် ၅၅ နောက်ပိုင်းမှာလည်းကံဇာတာက မြင့်နေလို့ လူရိုသေ၊ရှင်ရိုသေ၊ အပူဇော်ခံရသူတယောက် ဖြစ်ကိန်းရှိပါသည်။ အကြွင်း ၀ ရှိသောဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်ဟာ အဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလျှင် အသင့်မှာ ခေါင်းဆောင်တယောက်ဖြစ်လာနိုင်တဲ့ ရုပ်ရည်မျိုးနဲ့ မွေးဖွားလာတတ်ပါတယ်။အသက် ၂ နှစ် အရွယ်မှာ အလွန်အမင်း နာမကျန်းဖြစ်တတ်ပါတယ်။အသက် ၁၈ ကနေ ၂၇ နှစ် အတွင်းစနေဂြိုလ် စီးနေသောဘင်ဂအိမ်မှာရောက်နေသဖြင့် သင် နဲ့ မိသားစုတို့ ငွေရေးကြေးရေး အခက်အခဲ ရှိကာပညာရေး၊ နေအိမ် တို့မှာလည်း အတည်တကျ မရှိကာ ရွှေ့ပြောင်းနေရကိန်း ရှိပါတယ်။ မကောင်းတဲ့ လူများကိုလည်း တွေ့ရှိရမှာဖြစ်ပြီး ကိုယ့်အမျိုးတွေကတောင်မှ ကိုယ်သွားချင်တဲ့ လမ်းကို နှောက်ယှက်ကိန်းရှိပါတယ်။ အသင်ဟာအဓိပတိဖွားနဲ့ မွေးဖွားထားသူမို့ စိုးရိမ်စရာမရှိပါ။အသက် ၂၈ နှစ် ကနေ ၄၆ နှစ်မှာတော့ ကြာသာပတေးဂြိုလ်စိးသောရာဇအိမ်မှာ ရောက်နေလို့ ဘဝဟာ အခွင့်အလမ်းတွေ အောင်မြင်မူ့တွေ ရရှိနိုင်ပါတယ်။ အီမ်ထောင်ဖက် အသိုင်းအဝိုင်းဆီမှလည်းကောင်း၊ မိတ်ဆွေသယ်ရင်းများဆီမှလည်းကောင်း၊ လုပ်ငန်းကျွမ်းကျင်သူတို့ထံမှ အကူအညီများရကိန်းရှိပါတယ်။ အသက် ၄၇ နှစ် ကနေ ၅၈ နှစ် အတွင်းရာဟု ဂြိုလ်စိးသော အဓိပတိအိမ် နဲ့ အသက် ၅၉ ကနေ ၇၉ နှစ်မှတော့ သောကြာဂြိုလ် အထွန်းအီမ် ရောက်နေသဖြင့် အသင်ဟာ အိုဇာတာကောင်းတဲ့ သူတယောက်ဖြစ်လိမ့်မယ်။ သူများတွေကို သင်ကဦးစီးနိင်၊ကူညီနိုင် မှာဖြစ်ပြီး ကျန်းမာ ချမ်းသာ လန်းဖြာစွာ နေရကိန်းရှိပါတယ်။ အကြွင်း ၀ ရှိသော ကြာသာပတေးသားသမိး ကြာသာပတေးဂြိုလ် စိးသောရာဇအိမ်မှာ မွေးဖွားလို့ သင်ရဲ့မိဘများဟာ ပညာတတ်၊ ချမ်းသာပြီး ရာထူးကြီး အရာရှိကြီးများဖြစ်နိုင်ပါတယ်။ သင်ဟာဘာသာတရားကို ငယ်စဉ်ကတည်းက ကိုင်းရိုင်းမဲ့သူဖြစ်ဖို့များပြီး၊ အဲလိုမဟုတ်ရင် မာန်မာနထောင်လွှားကာ မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားသူ ဖြစ်နေလိမ့်မယ်။ အသက် ၁၉ ကနေ ၃၁ နှစ် ကာလမှာရာဟုဂြိုလ် အဓိပတိ ဂြိုလ်အိမ်မှာရောက်နေခြင်း၊ အသက် ၃၂ ကနေ ၅၂ နှစ်ထိအထွန်းအိမ်ကို သောကြာဂြိုလ် စိးသဖြင့် ထိုနှစ်မှားမှာ ကုသိုလ်ကံအတော်ကောင်းမွန်ကိန်းရှိပါတယ်။ စီးပွားရေးတွေကောင်း၊ မိသားစုတောင့်တင်း၊ ပိုင်ဆိုင်မုူ့တွေ ဒုနဲ့ ဒေး၊ သူဌေးလေးကိန်းပေါ့။ အဲ..အသက် ၅၂ ကနေ ၅၈ နှစ်ရောက်လာတော့ တနင်းဂနွေဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေလို့ ကျန်းမာရေး ချုချာလာသလို ငွေကြေးဆုံးရုူံးမူ့တွေလဲ ရှိလာနိုင်ပါတယ်။ သို့သော် အသက် ၅၉ ကနေ ၇၂ နှစ်မှာ တနင်းလာဂြိုလ် စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေးတွေ ပြန်လည်စိုပြေလာကိန်းရှိပါတယ်။ အသက် ၇၃ နှစ်မှ ၈၀ အတွင်းမရဏအိမ် အင်္ဂါဂြိုလ် စီးလို့ အသက်သေကိန်းရှိပါတယ်။ ခြုံပြောရရင် အသင်ဟာကံကောင်းသူတယောက်ပါ။ သင့်ဘဝတလျောက်လုံးမှာချမ်းသာခြင်း၊ ဂုဏ်ရှိန်မြင့်ခြင်းတွေ ရနေလိမ့်မယ်။ ပညာ၊ ဗဟုသုတ၊ အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းတွေဟာ အသင့်အတွက် လှေခါးထစ်တွေ ဖြစ်ပါကြောင်း။ အကြွင်း ၀ ရှိသောသောကြာသားသမိး အသင်သည် နံမည်ကြော်ကြား လူချစ်လူခင်များသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့်ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်းစတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာကိန်းရှိသည်။ အသင်ဟာ မိန်းခလေးဆိုရင် ပုရိသတွေ ဂျွမ်းပစ်သွားနိုင်လောက်တဲ့ မာယာတွေလဲရှိကိန်းမြင်တယ်။ အသက် ၂၂ ကနေ ၂၇ နှစ်ထိ အသင်ဟာ တနင်းဂနွေဂြိုလ် စိုးမိုးသော ပုတိအိမ်မှာရှိနေသဖြင့် မကြာခဏဖျားနာတတ်ပြီး ၂၂ နှစ်မှာချစ်သူရီးစားနဲ့ ကွဲနိင်ပါတယ်။ ဖခင်ဆီမှာဘာမှ စံထားစရာမရှိပေမဲ့ မိခင်ဟာသင့်ဘဝအတွက် တော်တော်အရေးပါနေတယ်။ အသက် ၂၈ ကနေ ၄၂ နှစ်မှာတော့ တနင်းလာဂြိုလ် စိုးမိုးတဲ့ သိုက်အီမ်ကို ရောက်လာလို့ ရာထူးတိုးခြင်း၊ ချမ်းသာတဲ့ ချစ်သူနဲ့ လက်ထပ်ရခြင်း၊ ငွေကြေးဖူလုံခြင်းစတဲ့ ကံကောင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ သို့သော် အသက် ၄၃ ကနေ ၅၀ နှစ်မှာတော့ အင်္ဂါဂြိုလ် စိုးမိုးသော မရဏအိမ် ရောက်နေသဖြင့် ကျန်းမာရေး ချုချာ၊ ငွေအသပြာရှာရခက်၊ ကိုယ့်အောက်က အလုပ်အတူလုပ်သူတွေနဲ့ ပြသနာတက်ကိန်းရှိပါတယ်။ ပြီးတော့ အသက် ၅၁ ကနေ ၆၇ နှစ်မှာတော့ ဗုဒ္ဓဟူးဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီးသင့်ဘဝဟာ ပြန်လည်ကောင်းမွန်လာလိမ့်မယ်။ ခြုံပြောရရင် ခလေးရမယ်ဆိုရင် ပထမခလေးက မိန်းခလေးဖြစ်ဖို့များတယ်။ သင်ဟာကံကောင်းသူတယောက်ဖြစ်ပြီး အတတ်ပညာနဲ့ ဗဟုသုတ က သင်ငွေရှာနိုင်ဖို့ အထောက်အပံ့တွေဖြစ်တယ်ဆိုတာမမေ့ဖို့ပါဘဲ။ အကြွင်း ၀ ရှိသောစနေသားသမိး အသင်သည် မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်္ဂဖွား အနေဖြင့် မွေးဖွားလာသူ ဖြစ်သဖြင့် သင် နဲ့ သင့် မိဘတို့သည် သင် အသက် ၁၀ နှစ်တိုင်အောင် ကံနိမ့်နေကိန်း ရှိပါသည်။အသက် ၇ နှစ်မှာအသဲအသန် ဖျားနာကိန်းရှိပြီးမိဘတွေ ငွေအကုန်အကျများကိန်းရှိပါတယ်။ ဖခင်ဖြစ်သူနဲ့ အကြောင်းတခုခုကြောင့် ခွဲခွာနေရမှာဖြစ်ပြီး သင် နဲ့ သင့်အမျိုးတွေအကြား အမုန်းပွားနေကြကိန်းရှိပါတယ်။ အသင်ဟာ ညဏ်ထက်မြက်သူ တယောက်ဖြစ်ပြီး ဒေါသခဏခဏထွက်တတ်သူ၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူဖြစ်နိုင်ပါတယ်။အသက် ၁၁ ကနေ ၂၉ နှစ်ထိအသင်ဟာ ကြာသာပတေးဂြိုလ် ရာဇအိမ် မှာရောက်နေလို့ ကံကောင်းလာကိန်းရှိပါတယ်။ တကယ်လို့ သင်ဟာ ၁၈ နှစ်မှာ ချစ်သူတွေ့ရင် အသက် ၂၀ မှာလက်ထပ်ရကိန်းရှိပါတယ်။ အဲဒါ ကောင်းတဲ့ ဆုံးဖြတ်မူ့ပါ။ အကြမ်းအားဖြင့် ပြောရရင် အသင် ယောက်ကျားလေးဆိုရင် အိမ်ထောင်တည်ထောင်မူ့ဟာ မဆိုးဘူးလို့ ပြောလို့ရပေမဲ့ မိန်းခလေးဆိုရင် သိတ်မကောင်းပါ။ အသက် ၃၀ ကနေ ၄၁ နှစ်ထိ အသင်ဟာရာဟုဂြိုလ် စိုးမိုးသော အဓိပတိအိမ်မှာရှိနေလို့ အလုပ်မှာရာထူးတိုးခြင်း၊ စိးပွားရေးလုပ်ငန်း အဆင်ပြေကိန်းတို့ ရှိနိုင်ပါတယ်။နောက် အသက် ၄၂ ကနေ ၆၂ နှစ်ထိအသင်သည် သောကြာဂြိုလ်စိုးမိုးသော အထွန်းအိမ်မှာရောက်နေလို့ လူလူသူသူ အသိများ အဆက်အသွယ်တွေ ပွားလာပေမဲ့ သင်ကူညီပေးခဲ့သောသူများရဲ့ ဆန့်ကျင်မူ့ကို ခံရကိန်းရှိပါတယ်။ သတိထားရမှာကတော့ အိမ်ထောင်ပျက်ကိန်းလဲရှိနေပါတယ်။ အသက် ၆၃ ကနေ ၆၈ နှစ်ထိ တနင်းဂနွေဂြိုလ်စိးသော ပုတိအိမ်မှာအသင်ရှိလို့ ကျန်းမာရေးကချုချာ၊ တရားရုံးရောက် အမူ့ကလဲရူံးကိန်းရှိနေပြန်ပါတယ်။ ဟော…အသက် ၆၉ ကနေ ၈၃ နှစ်အတွင်းကျတော့ တနင်းလာဂြိုလ်စိးသော သိုက်အီမ်မှာရောက်လာလို့ စိးပွားရေးတွေ ကောင်းနိုင်ပေမဲ့ ဘာသာရေးကိုလုပ်တာက ပိုကောင်းမွန်နိုင်မှာ ဖြစ်ပါတယ်။အသက် ၈၇ နှစ်ကတော့ သေကိန်းရှိတဲ့နှစ်ပေါ့။ အကြွင်း ၀ ရှိသောရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး အသင်ဟာ အဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလျှင် အသင့်မှာ ခေါင်းဆောင်တယောက် ဖြစ်လာနိုင်တဲ့ ရုပ်ရည်မျိုးနဲ့ မွေးဖွားလာတတ်ပါတယ်။ အသက် ၂ နှစ် အရွယ်မှာ အလွန်အမင်းနာမကျန်းဖြစ်တတ်ပါတယ်။ အသက် ၁၃ ကနေ ၃၃ နှစ် အတွင်းသောကြာဂြိုလ် စိုးမိုးသောအထွန်းအိမ်မှာရှိနေသဖြင့် မိတ်ဆွေပေါများခြင်း၊ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်သော အရေအသွေးတို့ရှိနိုင်ပြီး မှန်ကန်အကျိုးရှိစွာ သုံးတတ်ရန် လိုအပ်ပါသည်။ အသက် ၃၄ နှစ်နောက်ပိုင်း ၄၀နှစ် အတွင်း ပုတိအိမ်မှာရောက်နေလို့ သင်သတိထားနေရမဲ့ ကိန်းရှိတယ်။ သင့်မှာ အလုပ်အတူတူ လုပ်သူများနဲ့လည်းကောင်း၊ အပေါင်းအသင်းများနဲ့လည်းကောင်းဆက်ဆံမူမှာ ခက်ခဲမူတွေရှိနိုင်ပါတယ်။ သင်ယုံကြည်ရသောသူများရဲ့ လိမ်လည်မူကို ခံရဖွယ်ရှိပါသည်။ ဒီနှစ်တွေမှာ ဆုံးဖြတ်ချက်တွေ အရင်စလို မလုပ်မိဖို့် လိုတယ်။ အသက် ၄၁ နှစ်မှ ၅၄နှစ် အတွင်းမှာ တနင်းလာ ဂြိုလ်စိုးမိုးတဲ့ သိုက်အိမ်ကို ရောက်လို့ သင့်ဘဝတိုးတက် ပြောင်းလဲလာပါပြီ။ စိးပွားရေး လုပ်ငန်းတွေလဲကောင်းပြီး၊ ငွေဝင်လမ်းလဲဖြောင့်လာပါပြီ။ အီမ်ထောင်ဖက် အသိုင်းအဝိုင်းဆီမှလည်းကောင်း၊ မိတ်ဆွေသယ်ရင်းများဆီမှလည်းကောင်း၊ လုပ်ငန်းကျွမ်းကျင်သူတို့ထံမှ အကူအညီများရကိန်းရှိပါတယ်။ အသက် ၅၅ ကနေ ၆၂ နှစ် အတွင်း အင်္ဂါဂြိုလ်စိးသော မရဏဂြိုလ်ကိုရောက်ရှိသဖြင့် ကျန်းမာရေးမကောင်းလို့တကြောင်း၊ မတော်တဆ ထိခိုက်မူကြောင့်လည်းကောင်း ဆေးရုံရောက်ကိန်းရှိပါသည်။ တကယ်လို့ သင်မသေသေးဘူးဆိုရင် အသက် ၆၃ ကနေ ၇၉ နှစ် အတွင်း ဗုဒ္ဓဟူးဂြိုလ်ဟာ အဓိပတိအိမ်မှာရောက်နေလို့ အိုဇာတာကတော့ ကောင်းကိန်းရှိပါတယ်။ အထောက်အပံ့ကောင်းတွေ ရလာနိုင်ခြင်း၊ ငွေကြေးပြေလည်ခြင်းတွေ ဖြစ်လာနိုင်လို့ သင့်ဘဝဟာ အတော်လေး စိုပြေနိုင်ကိန်းရှိပါလိမ့်မယ်။

Sunday, May 10, 2020

ကြွက်နစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ ကြွက်နစ်တွင် မွေးဖွားလာသူများအကြောင်း

ကြွက်နစ်တွင် မွေးဖွားလာသူများသည် ငယ်စဉ်ကတည်းက လူကြီးဆံဆံ တွေးတတ်၊ ငေးတတ်၊ ရေးတတ်၊ ပြောတတ်ကြသူများ ဖြစ်ပါသတဲ့။ သူတို့ဟာ တယောက်ထဲ နေရတာကို မနစ်သက်ဘဲ ရှက်လဲရှက်တတ်သတဲ့။ ကိုယ့်ကိုကိုယ် ထိမ်းနိုင်ခြင်း၊ အကောင်းမြင်တတ်ခြင်း၊ အပေါင်းအသင်းများခြင်း၊ ကျောင်းတက်ရန် တက်ကြွနေတတ်ခြင်း၊ ပျော်ပျော်နေတတ်ပေမဲ့ အရေးကြီးတာဆိုရင် အလေးထားတတ်သတဲ့။ ကြီးပြင်းလာတဲ့ အခါကြတော့ အခက်အခဲတွေကို ရင်ဆိုင်ရဲခြင်း၊ ဖြတ်ထိုးညဏ်ကောင်းခြင်းစတဲ့ အရည်အသွေးတွေ ရှိလာသလို ကပ်စေးနဲတတ်လာခြင်း၊ ဈေးချိုတဲ့ ပစည်းတွေ ဈေးဆစ်ပြီး မလိုအပ်တာတွေပါ ဝယ်လေ့ဝယ်ထရှိခြင်း၊ ကိုယ်ပိုင် ခံစားချက်ကို လျို့ဝှက်ထားတတ်ခြင်းတွေလဲ လုပ်တတ်သတဲ့။ သူတို့ဟာ အတတ်ပညာတွေကို လေ့လာရာမှာ လွယ်လွယ်နဲ့ မြန်မြန် သင်ယူနိုင်ပြီး စပ်စုတပ်သလို ပညာလောဘကြီးသူတွေ ဖြစ်ပါသတဲ့။ နောက်ပြီး အလွန်အမင်း သံသယတွေများ၊ မဆုံးဖြတ်ရဲဘဲ ရိုးရာယုံကြည်မူ့တွေ အောက်မှာနေတတ်ပြီး အခွင့်အရေးကို စောင့်နေတတ်တဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။

အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ မြောက်ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။

မြေကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ လက်တွေ့ကျကျ လုပ်တတ်ခြင်း၊ ရိုးသားခြင်း၊ သူ့နံမည် အပျက်မခံခြင်း၊ လူတွေနင့်ပေါင်းသင်းခြင်းကိုလည်းကောင်း၊ အလုပ်ကိုလည်းကောင်း ရည်ရှေမြဲတဲ့ သူများဖြစ်ပါသတဲ့။ ချစ်ခင်တတ်၊ တာဝန်ယူတတ်ပြီး လေးစားတဲ့ သူတယောက် အပေါ်မှာ ဂတိကဝတ်ကို အမြဲလို ထိမ်းသိမ်းထားတတ်သတဲ့။ ပိုက်ဆံသုံးတဲ့ နေရာမှာတော့ ကပ်စေးနဲတတ်ပေမဲ့ လောင်းကစားမှာတော့ သုံးတတ်ကြသတဲ့။

ရေကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ သဘာဝကို လေ့လာရာမှာဖြစ်စေ၊ အခြားသူများကို လေ့လာရာမှာဖြစ်စေ အကင်းပါးသူတွေဖြစ်နိုင်ပါတယ်တဲ့။ အများအကျိုး ဆောင်ရွက်လိုကြပြီး၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်အောင် လုပ်နိုင် နေနိုင်ကြသူတွေလဲဖြစ်ပါသတဲ့။ မိသားစု၊ သူငယ်ချင်းတွေ နဲ့ ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ချစ်တတ်ကြပြီး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တို့ကိုလဲ နစ်သက်ကြပါသတဲ့။ ဒါပေမဲ့ သူတို့တွေဟာ ကွေ့ကောက်ဝေ့ဝိုက်တတ်ကြတယ်။ စိတ်အပြောင်းအလဲမြန်ပြီး ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်ကောင်းတွေ မရှိတတ်ကြဘူးတဲ့။

မီးကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ သို့မို့ကြောင့် ထိုနစ်မှာ မွေးသူများဟာ အားကောင်းမောင်းသန် စိတ်မြန်လူမြန်တွေဖြစ်ပြီး စကားအခြေအတင်ပြောကာ အနိုင်ယူလိုသူတွေ ဖြစ်ပါသတဲ့။ ထို့ပြင် သူတို့ဟာ လွပ်လပ်မူတို့၊ အပြိုင်အဆိုင် စိးပွားရေး လုပ်ကိုင်မူ့တို့ နှစ်သက်ကြပြီး အဲလို ဒေသတွေကို ပြောင်းရွေ့နေလိုကြတဲ့သူမျိုး ပြီးတော့ သူတို့ ခင်တဲ့သူတွေကိုဘဲ လေးစားအလေးထားတတ်သလို ပိုက်ဆံဟာ သူတို့ရဲ့ လိူ့ဝှက်ထားတဲ့ ဘုရားသခင်တဲ့။ သူတို့ဟာ အောင်နိုင်မူ့အတွက် အမြဲတန်း ဂုဏ်ယူဝင့်ကြွားလေ့ရှိလို့ ဘဝနောက်ပိုင်းမှာ တယောက်ထဲ နေကြရတာများပါသတဲ့။

သစ်သားကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ သိုသိုသိပ်သိပ်နေတတ်ခြင်း၊ မနေမနား အလုပ်များနေတတ်ခြင်း၊ စပ်စုတတ်ခြင်း၊ အခြေအနေ ကာလံဒေသံ အလိုက် ပြောင်းလဲပေးနိုင်ခြင်းအပြင် သူတို့နဲ့ ပတ်သက်နေတဲ့ သူတွေရဲ့ စိတ်နေစိတ်ထားကိုလဲ နားလည်နိုင်စွမ်းရှိပြီး ရက်ရောတတ်တဲ့သူတွေလဲ ဖြစ်ပါသတဲ့။ ဒါပေမဲ့ သူတို့တွေက အတ္တများတတ်ပြိး အနာဂတ် နဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတတ်ကြကာ သူတို့လုပ်ခဲ့တာကို ဘယ်တော့မှ မကြေနပ်နိုင်ပါဘူးတဲ့။

သတ်တုကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုလိုပါတယ်။ ထိုနစ်မှာ မွေးသူများဟာ အ န္တရယ် နဲ့ ကြုံလာတဲ့အခါ ရင်ဆိုင် ရှင်သန်နိုင်ခြင်း၊ လူအများကို ခေါင်းဆောင်နိုင်ခြင်း၊ စွယ်စုံ အရည်အချင်းရှိလို့ လုပ်ငန်းများစွာကို လုပ်ဆောင်နိုင်ပါသတဲ့။ ထို့ပြင် သူတို့တွေဟာ စိတ်လူပ်ရှားလွယ်ပြီး ဝေဖန်လေကန်လွန်းလို့ မကောင်းမြင်တဲ့သူတွေလို့ အများက အထင်ခံရတတ်ပါသတဲ့။ သူတိူ့က အနီးကပ် မိတ်ဆွေတွေကို ယုံကြည်အားကောင်းပြီး ပျင်းရိတဲ့သူတွေကို မုန်းတတ်သတဲ့။ နောက်ပြီးတော့ သူတို့ဟာ မနာလိုတတ်တာတွေ၊ တကိုယ်ကောင်းဆံတာတွေကို သူများ မမြင်အောင်ဖုံးကြရင်းနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းမှာ အရုံးသမားတွေ ဖြစ်တတ်ကြပါသတဲ့။
Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.astrosonia.com/five_elements_05.shtml
http://www.tuvy.com/entertainment/horoscope
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

နွားနစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ နွားနစ်တွင် မွေးဖွားလာသူများအကြောင်း

နွားနစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက စကားနဲ၊ စကားပြောနောက်ကျ၊ နာခံလိုစိတ်နဲ ခေါင်းမာ၊ ရန်လိုစိတ်ပြင်းထန်တတ်ပြီး တကိုယ်တော်နေလေ့ရှိလို့ သူတို့ကို မိဘ ဆရာတွေက အနီးကပ် ကြပ်မတ်ပေးရသတဲ့။ အဲလိုနဲ့ ကြီးပြင်းလာတဲ့အခါကြတော့ ခေါင်းမာတတ်၊ တကိုယ်ကောင်းဆံတတ်၊ မကောင်းလဲမြင်တတ်သော်လည်း လူကြီးဆရာသမားများကို ရိုသေတတ်ပြီး နောက်လိုက်ကောင်းဖြစ်နိုင်သလို သတ္တိဗျတ္တိလဲကောင်း၊ ရိုးသားကြိုးစား စကားပြောကပြတ်၊ စည်းကမ်း နဲ့ သတ်မှတ်ချက် ဥပဒေတွေ၊ ရိုးရာ အစဉ်အလာကောင်းတွေကို လိုက်နာတတ်သူမို့ ခေါင်းဆောင်ကောင်းလဲ ဖြစ်နိုင်ကြပါသတဲ့။ သူတို့ဟာ တယောက်ထဲ အလုပ်လုပ်တဲ့အခါ အလုပ်ပိုတွင်ကျယ်တတ်ပါသတဲ့။ သူတပါးရဲ့ ငွေကြေး ပစည်းတွေကို အလကား မယူလို၊ လောင်းကစားလုပ်ပြီး ငွေကိုလဲ မဖြုန်းတတ်ဘဲ အိမ်ထောင်ပြုဖို့ဆို တော်တော်အချိန်ယူ စဉ်းစားကြကာ၊ ဝမ်းနဲ ပူဆွေး ရင်နာစရာတွေ ရှိတဲ့အခါ အလုပ်ထဲမှာဘဲ အချိန်တွေကို နစ်ထားတတ်ကြပါသတဲ့။ နွားနစ်တွင် မွေးဖွားသူများသည် စက်ပြင်ဆရာ၊ အင်ဂျင်နီယာ၊ လက်သမားဆရာ၊ အိမ်အရောင်းအဝယ် ပွဲစား၊ စစ်တပ် ရဲ အရာရှိ၊ ဘဏ်မန်နေဂျာ စသည်အလုပ်တွေကို လုပ်သင့်ပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ မြောက်ဖက် နဲ့ အရှေ့မြောက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။

မြေနွားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ လက်တွေ့ကျကျ လုပ်တတ်ခြင်း၊ ရိုးသားခြင်း၊ သူ့နံမည် အပျက်မခံခြင်း၊ ပြသနာ မရှာတတ်ခြင်း အပြင် အလုပ်ကို ရည်ရှေမြဲစွာ လုပ်ကိုင်တတ်သူများဖြစ်ပါသတဲ့။ သူတို့ဟာ အဖွဲ့အစည်းမဟုတ်ဘဲ တယောက်ထဲ လုပ်တာမျိုုးတွေမှာ ပိုအောင်မြင်ကြတယ်။ ပြီးတော့ ဘယ်အရာမဆို တာဝန်ယူတတ်ပြီး လွယ်လွယ်နဲ့ အရူံပေးလေ့မရှိဘူးတဲ့။ ဒါပေမဲ့လဲ ကိုယ့်ကိုကိုယ် ယုံကြည်မူ့ အားနဲ၊ အခွင့်အရေးသမား၊ စိတ်အပြောင်းအလဲများတဲ့သူတွေလဲဖြစ်ကြပါသတဲ့။
ရေနွားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ သို့မို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အခြေအနေအရ ပြောင်းလွယ်ရွှေ့လွယ်အနေအထားမျိုး၊ သူတို့ရဲ့ စိတ်ကလဲ လွတ်လပ်တဲ့ အနေအထားမျိုး ရှိပြီး ကိုယ်ပိုင်စိးပွားရေးကို ပိုနှစ်သက်တတ်ကြသတဲ့။ သူတို့ဟာ စိတ်ရှည်တတ်ကြပြီး အခြားသူများရဲ့ ခံစားချက်ကို နားလည်နိုင်ခြင်း အထင်ကြီးအောင် စွမ်းဆောင်နိုင်ခြင်းတွေကြောင့် ခေါင်းဆောင်လဲ ဖြစ်လာနိုင်တဲ့ သူမျိုးတွေပါတဲ့။ သူတို့ဟာ မိမိရဲ့ အိမ်၊ မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သဘာဝအလှကို မြတ်နိုးတတ်ကြတဲ့ သူတွေဖြစ်ပါသတဲ့။ အချစ်ရေးမှာ နက်ရိုင်းတတ်ပြီး လိူ့ဝှက်သဲဖို ဇာတ်လမ်းမျိုးတွေ ပိုင်ဆိုင်တတ်ပြီး အချစ်အတွက် ငွေ နဲ့ အချိန်ကိုလဲ ဖြုန်းတတ်ကြတဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။

မီးနွားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ အဲ့နစ်မှာ မွေးတဲ့သူတွေမှာ မွေးရာပါ ခေါင်းဆောင်အရည်အချင်း ရှိတတ်ကြပါတယ်။ ဝင့်ဝင့်ကြွားကြွားနေ၊ မြန်မြန်ဆန်ဆန် ဆုံးဖြတ်၊ အပြိုင်အဆိုင် သိတ်လုပ်ပြီး စိတ်သိတ်မရှည်ကြဘူးတဲ့။ နောက်ပြီး အရာရာကို ပေါ့ပေါ့ဘဲ သဘောထား၊ ရက်ရောမူ့က အားကောင်းပြီး ခေါင်းမာတဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။ တချို့က တီထွင်မူ့ကောင်းတဲ့ အနုပညာရှင်တွေ၊ တချို့ကြတော့ ဆင်းရဲခြင်းကို ကြောက်လန့်ပြီး ငွေကြေးကို ထိမ်းတတ်သိမ်းတတ်သူတွေတဲ့။ များသောအားဖြင့် သူတို့ဟာ ကျန်းမာရေးကို လိုက်စားတတ်ကြတယ်။ ပြီးတော့ ဘဝရဲ့ အဓိက ပန်းတိုင်ကို မျက်ချေမပြတ်ကြပေမဲ့ တခါတရံမှာ တစုံတခုကို မျက်ကန်းတယောက်လို ယုံတတ်ကြသတဲ့ကွယ်။

သစ်သားနွားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်း ကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ လူမူထုံးတန်း အစဉ်အလာတွေကို လေးစားလိုက်နာ တတ်ကြပေမဲ့ အခြားသူတွေနဲ့ ပြေပြေလည်လည် ညှိနိုင်းလုပ်ဆောင် နိုင်ကြသူတွေဖြစ်လို့ အုပ်စုနဲ့ လုပ်တဲ့အလုပ်တွေ အဆင်ပြေကြပါသတဲ့။ သူတို့ဟာ မတရားမလုပ်တတ်၊ ရှင်းရှင်းဗွင်းဗွင်း ပြောတတ်သလို၊ အလုပ်ကို မခိုကပ်တပ်ကြပါဘူး။ သူတို့ဟာ အလုပ်အကိုင်တွေကို မြန်မြန်ဆန်ဆန် ဖြတ်ထိုးညဏ်သုံး လုပ်ကိုင်လေ့ရှိပြီး ယုံကြည်မူ့လဲ အပြည့်ရှိတတ်ကြသတဲ့။ ကောင်းမွန်တဲ့ မိသားစုမျိုး ဖန်တီးနိုင်ကြပြီး ပိုက်ဆံသုံးတာ ကပ်စေးနဲတပ်ကြပေမဲ့ ငွေရေးကြေးရေးက အဝင်အထွက် မမျှဖြစ်လေ့ရှိပါသတဲ့။

သတ်တုနွားနှစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့ လို့ ဆိုပါတယ်။ သူတို့ဟာ အတွေးရှင်းသလို စကားပြောလဲ ပြတ်သားကြပြီး သူတို့ ပြောထားတဲ့ စကားလုံးကို ထိမ်းသိမ်းမူ့လဲ ရှိတတ်ကြတယ်။ သူတို့ရဲ့ ခံစားမူ့အမှန်ကို ဖုံးကွယ်ထားလေ့ရှိပြီး အလုပ်ကို မနားမနေ ကျိုးစားသူတွေဖြစ်ကာ ကိုယ်တိုင်ပြီးအောင်လုပ်ရမှ ကျေနပ်တပ်သူတွေဖြစ်လို့ တခါတရံ အနားယူသင့်ပါသတဲ့။ သူတို့ဟာ အမှတ်တရနေ့တွေမှာ ပါတီပွဲလုပ်တာ ဝါသနာပါတတ်ကြသတဲ့။ ဒါပေမဲ့ တခါတရံမှာ သူတို့ဟာ ကျဉ်းမြောင်းတဲ့သူတွေဖြစ်ပြီး အခြားသူတွေရဲ့ အနေအထားကို နားမလည်နိုင်ကြဘဲ အလုပ်အကိုင်တွေဆိုလဲ ပြီးမြောက်တဲ့အထိမလုပ်ဘဲ ထားတတ်ကြသတဲ့ကွယ်။
Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

ကျားနစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ ကျားနစ်တွင် မွေးဖွားလာသူများအကြောင်း

ကျားနစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာ ကတည်းက ချစ်ဖို့ကောင်းသူများ၊ အစစ အရာရာကို စူးစမ်းလိုသူများဖြစ်ပြီး အသံကျယ်လောင်စွာ အော်တတ် အကြမ်းပတမ်း ကစားတတ်သူများ ဖြစ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ အတွင်းခံစားမူ့ကို ချုုပ်ထိန်းမထားနိုင်ဘဲ ပြောချတတ်ပြီး သူတပါး အနေအထားကို သိဖို့ အကင်းမပါးကြပေမဲ့ နွေးထွေးမူ့ရှိသူများ ဖြစ်ကြပါသတဲ့။ သူတို့ ကြီးပြင်းလာတဲ့အခါ ရိုးသား ကျိုးစား အကျင်နာတရားတွေ ရှိတတ်သလို အရာရာကို သံသယနဲ့ ကြည့်တတ်ကြပါသတဲ့။ သူတို့ဟာ ရဲ့ရင့်သူတွေဖြစ်သလို၊ အပြောအဆို အမူအရာ ဆွဲဆောင်မူ့အားကောင်းကြပြီး လွယ်လွယ်နဲ့ အရုံမပေးတတ်ကြသလို အောင်မြင်အောင် ကိုယ့်ကိုကိုယ် တွန်းအားပေးတတ်ကြသတဲ့။ သူတို့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ချရင်း အများရဲ့ ထောက်ခံမူ့ကို ရအောင်ယူနိုင်ပြီး ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ အရည်အချင်းရှိသလို တကိုယ်ကောင်းဆံပြိး ခန့်မှန်းလို့ မရနိုင်လောက်အောင် စိတ်အပြောင်းအလဲ မြန်တတ်သူများလဲ ဖြစ်ကြပါသတဲ့။ ထို့ပြင် လောင်းကစားကို ဝါသနာပါယုံတင်မက အသိုင်းအဝိုင်း မိတ်ဆွေတွေ အကြားမှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ ရုံးမှာ အလုပ်မှာ ဖြစ်စေ နိုင်ငံရေး ကစားတာ အရမ်း ဝါသနာပါကြပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အရှေ့ နဲ့ အရှေ့မြောက်ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။

မြေကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ သို့မို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အမူအရာ တည်ငြိမ် အေးဆေး တတ်ကြတယ်။ တာဝန်ယူမူ၊ တာဝန်ခံမ့ူ ရှိတတ်ကြတယ်။ ရင့်ကျက်ပြီး လူကြီးဆံကာ လွတ်လပ်စွာ တွေးခေါ် တတ်ကြတယ်။ ဘာဘဲလုပ်လုပ် နက်နက်နဲနဲ လေးလေးစားစား ရှိတတ်ကြပြီး ကျင်နာတတ်တဲ့ သူတွေလဲဖြစ်ကာ သူတပါးကို မိမိအကျိုး ပျက်သည့်တိုင် ကူညီတတ်သူများ ဖြစ်ပါသတဲ့။ သို့သော် သူတို့ဟာ ဆုံးဖြတ်ချက် နှေးကွေးခြင်း၊ အိမ်မက်တွေများပြီး တကိုယ်ကောင်းဆံကာ အချစ်ရေး ဆိုရင် မစွန့်စားရဲတဲ့ သူတွေဖြစ်တဲ့အပြင် အကြမ်းဖက် ဖြေရှင်းတာကို ပိုကြိုက်နှစ်သက်ကြသတဲ့။

ရေကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင် ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အရာတွေ ဘာသာစကား လေ့လာမူတွေမှာ နားလည်၊ ကျွမ်းကျင်ကြတယ်။ တော်တော်များများကို လုပ်ချင် ဖြစ်ချင်တဲ့ ဝါသနာအလျောက် လုပ်ကိုင်ကြပေမဲ့ စိတ်ရှည်မူ့နဲလို့ တကြောင်း၊ အသေးအဖွဲကို ပုံကြီးချဲ့ ကာ အတူလုပ်သူတွေနဲ့ သဟဇာတ မဖြစ်တတ်လို့ မအောင်မြင်တတ်ကြပေ။ အချစ်ရေး ကိတ်စတွေမှာ ပြောင်းလဲတတ်၊ အရွေး လွန်တတ်ကြသော်လည်း မိသားစု အသိုင်းအဝိုင်းအပေါ်မှာ သံယောဇဉ်ကြီးပြီး ဂရုတစိုက် ရှိတတ်ကြသူများ ဖြစ်ပါသတဲ့။ နောက်ပြီး သူတို့မှာ ငါလုပ်တာသာလျှင် မှန်တယ်ဆိုတဲ့ စိတ်မျိုးရှိတတ်ကြလို့ သူတပါးပေးတဲ့ အကြံညဏ်မျိုးတွေကို လစ်လျုရူ့လေ့ရှိသတဲ့။ များသောအားဖြင့် လူလတ်ပိုင်းအရွယ်လောက်မှာ ငွေရေးကြေးရေး စုစုဆောင်းဆောင်းရှိတတ်ကြလို့ လူကြီးပိုင်းလောက်မှာ ငွေကြေး ပြေလည် တတ်ကြသတဲ့။ သူတို့ဟာ ပန်းချီ၊ ဒီဇိုင်း နဲ့ သုတေသန လုပ်ငန်းတွေမှာလဲ ထူးချွန်တတ်ကြပါသတဲ့။

မီးကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် ထိုနစ်မှာ မွေးသူများဟာ မျော်လင့်မထားဘဲ အပြောင်းအရွေ့ လုပ်တတ်ကြပြီး၊ နေရာ ဌာန လုပ်ငန်းအသစ်တွေကို စွန့်စားလုပ်လိုတဲ့ ဆန်ဒမျိုး ရှိတတ်ကြပါတယ်။ သူတို့တွေဟာ ရိုးသားကြပြီး အင်တိုက်အားတိုက်လုပ်နိုင်လောက်အောင် စွမ်းရည်ရှိကာ အကောင်းမြင်တတ်ခြင်း၊ မျှမျှတတရှိခြင်း၊ မရမနေကြိုးစားအကောင်အထည်ဖော်လုပ်ဆောင်လိုခြင်း၊ လိုအပ်လာရင် ပရိရယ် မာယာ ဗျုဟာများသုံးကာ ခေါင်းဆောင်မူ့နေရာကို အရယူတတ်ကြသူများလည်းဖြစ်ကြပါသည်။

သစ်သားကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက်မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ လက်တွေ့ကျကျ လုပ်ကိုင်တတ်သူတွေ တီထွင်ကြံဆတတ်သူတွေ နိုင်ငံရေး အရည်အချင်းနဲ့ ပြည့်စုံတတ်သလို ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ပြီး စည်းမျည်းတွေအများကြီးနဲ့ နေတတ်သူတွေပါတဲ့။
ထို့ပြင် အပြုသဘောဆောင်လုပ်တတ်ခြင်း၊ ရက်ရောခြင်းတွေရှိပေမဲ့ မထင်မှတ်ဘဲ ဒေါသူပုန် ထတတ်တဲ့ အကျင့်ဆိုးတွေ ရှိတတ်ကြပါသတဲ့။ ရုပ်ရည်ရူပကာရှိတဲ့ အိမ်ထောင်ဖက် နဲ့ညားပြီး ပျော်ရွင်စရာ အိမ်ထောင်လေးတခု တည်ထောင်နိုင်တဲ့သူမျိုးတွေဖြစ်ပေမဲ့ ရက်ရောခြင်း နဲ့ တကိုယ်ကောင်း ဆံခြင်းကြားမှာ မိမိဆန္ဒ နဲ့ ဘဝရဲ့ တကဲ့ လက်တွေ့ကြားမှာ လွန်ဆွဲတဲ့ တိုက်ပွဲတွေနဲ့ ဘဝကို ဖြတ်သန်း နေရတတ်ပါသတဲ့။  

သတ်ထုကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့ လို့ ဆိုပါတယ်။ ထိုနစ်မှာ မွေးသူများဟာ လောဘရမက်ကြီးခြင်း၊ စိတ်မြန်လက်မြန်ရှိခြင်း၊ သူ့အတွက်ဘဲ သူကြည့်တတ်သူများ ဖြစ်ကြသော်လည်း တရားမျှတမူ့ကို ကြိုက်နှစ်သက်ကြပြီး မိတ်ဆွေ မိသားစုဝင်များနဲ့ ချစ်ချစ်ခင်ခင် ကျင်ကျင်နာနာ နေထိုင်တတ်သူများ ဖြစ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ဦးနှောက် အရမ်းကောင်းသူတွေ ဖြစ်ကြပြီး ဘယ်လို အလုပ်မျိုးဖြစ်စေ မရမနေ ကြိုးစားအားထုတ်ကြပါသတဲ့။ တခါတရံ အခက်အခဲတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါ၊ မိမိ ဘဝပျက်ချင်ပျက်ပါစေ ပေပေတေတေ စွန့်စားဖောက်ထွက် တတ်သလို အဲ့လို အခြေအနေမျိုးတွေမှာ အိမ်ထောင်နဲ့ကွဲခြင်း၊ ခွဲနေရခြင်းမျိုးတွေ ဖြစ်တတ်ပါသတဲ့။

Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

ယုန်နစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ ယုန်နစ်တွင် မွေးဖွားလာသူများအကြောင်း
ယုန်နစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက ငြိမ်းချမ်းသော အပြုံးပိုင်ရှင်ကလေးများဖြစ်ကြပြီး၊ မိဘပြောစကားကို လိုက်နာကာ မိဘတို့ အရိပ်အကဲကိုလည်း သတိထား အကင်းပါးသူများဖြစ်ကြပါတယ်တဲ့။ သူတို့ဟာ တခါတရံ စကားကို တွတ်တီးတွတ်တာ ပြောကြကာ တခါတရံ ငြိမ်သက်လို့ တစုံတရာမှာ စိတ်ဝင်စားနေလေ့ရှိတတ်ပြီး အအိပ်အနေ နဲတတ်ကြသတဲ့။ အိမ်မှာဆိုလဲ မိဘတွေကို ကူညီတတ်ပြီး၊ ကျောင်းမှာဆိုလဲ လိုအပ်တဲ့ လူပ်ရှားမူ့တွေမှာ တက်တက်ကြွကြွ လုပ်အားပေးတတ်ကြပြီး ပတ်ဝန်းကျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးတတ်ကြလို့ ဒီလို ယုန်နစ်မှာ ကလေးမွေးလာရင် ကံအကောင်းဆုံး မိဘတွေလို့ တရုပ်တွေအသိုင်းအဝိုင်းမှာ ပြောတတ်ကြသတဲ့။ အဲလိုနဲ့ ကြီးပြင်းလာတဲ့အခါကြတော့ ပြင်းပြတဲ့ ဆန်ဒရှိသော၊ ထက်မြက်သော၊ တသမတ်ထဲမထားသော၊ နွေးထွေးသော၊ ပျော်ပျော်ရွင်ရွင်နေတတ်သော သူတွေဖြစ်လာကြပါသတဲ့။ လူမူပေါင်းသင်းဆက်ဆံရေးကို နားလည်တတ်ကျွမ်းသူတွေဖြစ်ပြီး တရားမျှတရေးကို မြတ်နိုးတတ်ကြလို့ အစိုးရ ဌာနတွေမှာ တာဝန်ထမ်းဆောင်နိုင်သူတွေ ဖြစ်လာနိုင်ပါသတဲ့။ ရန်သူကိုဘဲဖြစ်စေ၊ မိတ်ဆွေကိုဘဲ ဖြစ်စေ တလေးတစား ဆက်ဆံတတ်လို့ ရန်သူတောင် မိတ်ဆွေဖြစ်လာနိုင်ပြီး သတ်စရာရှိရင်လဲ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့သူတွေ ဖြစ်ပါသတဲ့။ တခါတရံမှာတော့ သင်ယူလိုစိတ်မရှိ၊ ပျင်းရိညီးငွေ့တတ်ပြီး၊ စိတ်လူပ်ရှားမူ့ များနေတတ်သလို၊ အချစ်ရေးမှာ တကိုယ်ရေ ဆွဲဆောင်မူ့ရှိကာ စိတ်ပြောင်းမြန်တတ်ပြီး အမှန်တကယ် အနေအထားကနေပြီး ဝေးရာကို ရှောင်လွဲနေတတ်ကြပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အရှေ့ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။

မြေယုန်နစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ကမ်ဘာမြေကြီးက ယုန်သတ်တဝါကို တိုက်ရိုက်ပတ်သက် နေသလိုဘဲတဲ့။ သူတို့ဟာ ဆင်ခြင်တုံတရားရှိပြီး၊ စိတ်လူပ်ရှားတတ်ကြသတဲ့။ သိုသိုဝှက်ဝှက်နေတတ်ပြီး၊ ရွှေညဏ်တော် ကွန့်မြူးတတ်ကာ ညရဲ့ သန်းခေါင်ယံ အချိန်တွေမှာ တောက်ပသော နက်ရိူင်းသော အတွေးအခေါ်တွေ ထွက်ထွက်လာတတ်ပါသတဲ့။ စိမံကိန်း အသစ်တွေကို အရေးတကြီး ဆွဲနိုင်ကြပြီး အကောင်အထည်ဖော်တဲ့အခါ  ရေရှည်ဖြစ်လာပြီဆိုရင် ငွေကြေးမပြည့်စုံတတ်လို့ မပြီးစီးနိုင်ဘဲ ရှိတတ်ပါသတဲ့။ သူတို့ဟာ ရိုးသားကြတယ်၊ အချစ်ရေးကိတ်စတွေကို အလေးထားတတ်ကြတယ်။ ဒါပေမဲ့ အခြားသူတွေက သူတို့ရဲ့ လူမူ့ရေးရာ ရူ့ထောင့်အမြင်တွေကို ဝေဖန် ပြစ်တင် ရူတ်ချတာကို ခံနိုင်ရည် မရှိတတ်ကြတဲ့ ရှေးရိုးစွဲ သမားတွေဖြစ်ကြပါသတဲ့။ နောက်ပြီး သူတို့စိတ်ကူးထားတဲ့ ပန်းတိုင်တွေဆီအရောက် အသိပညာတွေ အတတ်ပညာတွေ ကိုသုံးပြီး တဆင့်ခြင်း လှမ်းတတ်တဲ့သူတွေဖြစ်ကြသလို ရုပ်ဝါဒီသမားတွေဖြစ်ကာ တကယ်လို့ သူ့တို့ရဲ့ အကျိုးစိးပွား လမ်းကြောင်းထဲမှာ မပါဝင်တဲ့ အခြားသူတွေကို ထည့်တွက်တပ်တဲ့ သူမျိုးတွေ မဟုတ်ကြပါတဲ့။

ရေယုန်နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အေးချမ်းတတ်၊ သဘာဝ နဲ့ ဂီတကို မြတ်နိုးတတ်သူတွေဖြစ်ကြပြီး အရမ်းကြေကွဲလွယ်၊ စိတ်လူပ်ရှားလွယ်၊ ပေါက်ကွဲလွယ်ကြပြီး၊ အတိတ်က အရိပ်ထဲမှာ နစ်မြောနေတတ်တဲ့ သူမျိုုးတွေဖြစ်ကြပါသတဲ့။ အပေါင်းအသင်း နဲ့ ငွေကြေး၊ အချစ်ရေး ကိတ်စတွေမှာ ပေါ့ပေါ့လေး သဘောထားတတ်ကြပြီး အပြစ်တင်ခံရမှာကိုတော့ အသေကြောက်တတ်ကြသတဲ့။ ခလေးတွေကို ချစ်တတ်တဲ့ သူတို့ဟာ အချစ် နဲ့ တဏှာ ကို ကစားတတ်ပြီး ရာဂ အိမ်မက်တွေ တလှေကြီးနဲ့ စိတ်ကူးယဉ်နေတတ်ပါသတဲ့။ နိုင်ငံခြား ဘာသာစကားတွေ၊ ဖီလော်ဆော်ဖီ နဲ့ စိတ်ပညာ၊ ပန်းချီ ပန်းပု နဲ့ အနုပညာ တို့မှာ ထူးချွန်တတ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ပတ်ဝန်းကျင် အသစ်မှာ ရှင်သန်နေထိုင် တတ်ကြသူတွေဖြစ်သလို အလွယ်တကူနဲ့ လှည့်ဖျားလို့လဲ မရပါတဲ့။ ယဉ်ကျေးပြီး ရန်ဖြစ်တာကို မနှစ်သက်တတ်ကြသလို သူတို့ချမှတ်ထားတဲ့ စည်းမျည်းတွေကို တင်းကြပ်စွာ ကိုင်တွယ်ထားတာမျိုးလဲ မလုပ်ကြပါတဲ့။
မီးယုန်နစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ အဲ့နစ်မှာမွေးတဲ့သူတွေမှာ ချစ်စရာကောင်း၊ အပြောကပွင့်လင်း၊ စိတ်ကလဲလူပ်ရှားတတ်၊ ပညာတွေလဲတတ်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိကြပါသတဲ့။ သူတို့ဟာ ပျော်ပျော်နေတတ်ကြပြီး၊ အကြမ်းနည်းနဲ့ ရင်ဆိုင်ဖြေရှင်းတာထက် သံတမန်နည်းအရ ဖြေရှင်းတာကို ပိုကြိုက်နှစ်သက်တတ်ကြလို့ိ နိင်ငံတကာ အဖွဲ့အစည်း၊ တိုင်းနိုင်ငံတွေ နဲ့ ကုမ်မဏီတွေရဲ့ ကိုယ်စားလယ်ခေါင်းဆောင်တွေ ဖြစ်တတ်ကြသလို သူတို့အလုပ်မှာ အပြောင်းအလဲတွေ၊ နိုင်ငံရေးတွေများပြီး တွန်းအားတွေ၊ ဖိအားတွေ ရှိတတ်ကြပါသတဲ့။ အကြံကြီး ညဏ်ကြီးတဲ့ သူတို့ဟာ ရေရှည်စီမံကိန်းကောင်းတွေ ရေးဆွဲနိုင်ကြပြီး အနှောင်အဖွဲ့ကင်းတဲ့ အလုပ်မျိုးကို ပိုနှစ်သက်ကြပေမဲ့ ငွေကြေးအခက်အခဲ ပြသနာအတွက် စိုးရိမ်နေရတတ်ပါသတဲ့။ ထို့ပြင် သူတို့ဟာ ချစ်တတ်သူတွေဖြစ်ပြီး၊ အချစ်ကို အလေးအနက်ထားကာ အဲ့ အချစ်အတွက် သတ္တိလဲ ရှိတတ်ကြပါသတဲ့။ မျော်လင့်ချက်ကြီးမားပြီး ရှေ့ဆောင်တွေဖြစ်တဲ့သူတို့ဟာ စိတ်ကြီးလဲဝင်နေတတ်ပြီး သူတပါးကို လစ်လျုရူတတ်သူတွေလဲ ဖြစ်ကြပါသတဲ့။

သစ်သားယုန်နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်း ကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ ရက်ရောတတ်ခြင်း၊ အားနာတတ်ခြင်း၊ ချိုသာခြင်း နဲ့ အချစ်ကြီးတတ် သူများဖြစ်ပြီး နားလည်လွန်ကာ လိုက်လျောလွန်းသူများ ဖြစ်တတ်ကြပါသတဲ့။ သူတို့ဟာ စာပေအနပညာ၊ သမိုင်းရာဇဝင် နဲ့ ဖီလော်ဆော်ဖီ ဘာသာရပ်တွေမှာ ဝါသနာပါ ထူးချွန်တတ်ကြပြီး ဗြုုရိုကရက်တွေလို နေတတ် ဆက်ဆံတတ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ အသက်ကြီးချိန် လောက်ရောက်မှ တည်တည်ငြိမ်ငြိမ် ဘဝတွေ ရှိတတ်ပါသတဲ့။ ညဏ်ရည်ထက်မြက်ပြီး အပြင်ဘန်းအနေဖြင့် ပြုံးရွှင်သော ရက်ရောတတ်သော မျက်နှာပိုင်ရှင်များဖြစ်ကာ အတွေးထဲတွင် မျက်နှာရူံမဲ့ တွက်ချက်နေတတ်သူများလဲ ဖြစ်ကြပါသတဲ့။

သတ်တုယုန်နှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ သူတို့တွေဟာ ရိုးသားတတ်၊ ကျင်နာတတ်၊ စိတ်လုပ်ရှားတတ်ပြီး၊ ညဏ်ထက်မြက်ကာ သွေးအေးအေးဖြစ် ရက်စက်တတ်သောသူများ ဖြစ်ကြပါသတဲ့။ နောက်ပြီးတော့ လရောင်ကို နှစ်သက်ကြပြီး ရှက်ကြောက်တတ်၊ ရိုမက်တစ်ဆံတတ်ကြပြီး အုံဘုန်းချစ် နဲ့ ချစ်တတ်သူများ ဖြစ်ကြကာ အချစ်ရေးကို တန်ဖိုးလဲ ထားတတ်သူများ ဖြစ်ကြပါသတဲ့။ အနုပညာ နဲ့ ဂီတ၊ ဖီလော်ဆော်ဖီနဲ့ နတ်ခတ်ဗေဒင်ပညာတွေမှာ ထူးခွျှန်တတ်ပြီး စိးပွားရေး အတွေးအခေါ် ကောင်းတွေလဲ ရှိတတ်ပါသတဲ့။ အလုပ်ကို မြတ်နိုးတတ်၊ မအောင်မြင်မှာကို စိုးရိမ်တတ်၊ နိုင်ငံရေး နယ်ပယ်မှာ လူထု စည်းရုံးလူပ်ရှားမူ့တွေ အောင်မြင်တတ်ကြပေမဲ့ ရှေးရိုးစွဲသမားတွေ ဖြစ်နေတတ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ ဒူပေဒံပေ ခံနိုင်ရည်ရှိပြီး ဆုံးဖြတ်ချက် ပြတ်သားကာ တုံပြန်မူ့မြန်သူတွေ ဖြစ်ကြပါသတဲ့။

Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com