တရုပ်ဗေဒင်နည်းအရ ဝက် နစ်တွင် မွေးဖွားလာသူများအကြောင်း
ဝက် နစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက ကိုယ့်အား ကိုယ်ကိုးတတ်သော၊ သတ်တိကောင်းသော၊ လွတ်လပ်စွာ ဆုံးဖြတ်ချက် ချရဲသော၊ လူမူရေးကောင်းသော၊ ပြင်လွယ်ပြောင်းလွယ်သော စိတ်မျိုးရှိပြီး စိတ်ရော လူရော သန်မာသူများ ဖြစ်ကြပါသတဲ့။ အလုပ်ကျိုးစားပြီး၊ ပျော်ရွှင်တတ်သော၊ အစီအစဉ်ကျကျ ထားတတ်ပြီး ကျောင်းကိစ္စများမှာ တက်ကြွမူ့ရှိသော သူများဖြစ်ကြပါသတဲ့။ သူတို့မှာ ခိုင်မာတဲ့ ထင်မြင်ချက်တွေ၊ အလေးအနက်ထားတတ်တဲ့ ရိုးရာတွေရှိတတ်ပြီး၊ ညင်ညင်သာသာ ချည်းကပ်တတ်၊ ဆွဲဆောင်တတ်တဲ့ အလေ့အကျင့် ရှိတတ်ကြသလို ပျင်းတတ်ကြတဲ့ သူတွေဖြစ်ပါသတဲ့။ ကြီးပြင်းလာတဲ့အခါ၊ ရိုးသားပြီး နွေးထွေးသော နှလုံးသားပိုင်ရှင်များ၊ မဆုတ်မနှစ် လုံ့လတို့ဖြင့် ပြိုင်ဆိုင်လိုသူများ၊ စိတ်ရှည်ပြီး ရိုးစင်းသောသူများ၊ ရက်ရောပြီး ရိုးသားသောသူများ၊ သစ္စာရှိပြီး မိတ်ဆွေ သူငယ်ချင်းတွေကို တန်ဖိုးထားတတ်သူများ ဖြစ်ကြပြီး သံသယ နဲလွန်းသဖြင့် ခဏခဏ အလိမ်ခံ၊ အသုံးချခံရ သူတွေလဲ ဖြစ်ပါသတဲ့။ အလုပ်တခု၊ စီမံကိန်းတခုကို ဆုံးဖြတ်ချက် ချပြီးပြီဆိုရင် မရမနေ မဖြစ်မနေ ပေပြီး လုပ်တတ်သူတွေ ဖြစ်ပါသတဲ့။ ယုံကြည် စိတ်ချလောက်သော၊ အကောင်းမြင်တတ်သော၊ ခွန်အားကြီးမားသော၊ ပစ္စည်းကောင်းတွေ အရမ်းကြိုက်တတ်ပြီး၊ ဗဟုသုတ အသစ်တွေရှာတတ်၊ မနားမနေ အလုပ်လုပ်နိုင်ကြ သူတွေဖြစ်သလို အရှည်ကို မမြင်သော၊ စိုးရိမ် လွန်ကဲလွန်းသော၊ ဆုံးဖြတ်ချက် ချီတုံချတုံ ဖြစ်တတ်သော၊ စိတ်မရှည်တတ်သော၊ မကောင်းမြင်တတ်ပြီး ကိုယ့်ကိုကိုယ် ဖျက်ဆီးတတ်သော သူများဖြစ်ကြပါသတဲ့။ များသောအားဖြင့် ဆရာကောင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်သူတွေ ဖြစ်နိုင်တယ်လို့လဲ ဆိုကြပါတယ်။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ မြောက် နဲ့ အနောက်မြောက်ဖက် အရပ်တွေမှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေ ဝက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ငြိမ်းချမ်းသော၊ ပျော်ရွှင်တတ်သော၊ ကျင်နာတတ်သော၊ တာဝန်ယူတတ်ပြီး ငွေကြေးကို စနစ်တကျ ကိုင်တွယ်တတ်၊ တိုးပွားအောင် လုပ်တတ်သော သူများ ဖြစ်ကြပါတယ်။ စိတ်ရှည်ပြီး ဝိရိယရှိသော၊ အခြေအနေကို အကျိုးသင့် အကြောင်းသင့် နားလည်တတ်ပြီး တည်တည်ငြိမ်ငြိမ် ရှိတတ်သူများလဲ ဖြစ်ပါသတဲ့။ သူတို့ဟာ အစားအသောက်ဆို အင်မတန် ကြိုက်နှစ်သက်တတ်ကြပြီး၊ အလုပ်ရှင်၊ အခြားအလုပ်သမားတွေနဲ့ အဆင်ပြေအောင် (သူတို့ ကိုယ်ပိုင်အချိန်ကို သုံးရသုံးရ) ပေါင်းတတ်သလို အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေမှာ စေ့စပ်မူ့လဲ ရှိတတ်ကြပါတယ်။ သူတိ့ုဟာ ကြိုတင် စီမံကိန်းဆွဲတဲ့ နေရာမှာ တော်ကြသလို၊ အသိမိတ်ဆွေများသလောက် တွေ့ဆုံပွဲ၊ ပါတီပွဲတွေလုပ်၊ စားကြ သောက်ကြတာမျိုး ခဏခဏ လုပ်တတ်ကြပါသတဲ့။ ရှေးဟောင်း အမွေအနှစ် ပစ္စည်းများ၊ မနုသဗေဒ၊ ရှေးဟောင်းယဉ်ကျေးမူ့ကို တူးဖော် လေ့လာခြင်းပညာ၊ သမိုင်း စသည်တို့မှာ ဝါသနာပါကြပေမဲ့ ဘာအကြောင်းကြောင့် ဘာလို့လုပ်နေတာလဲဆိုတာ ကွဲကွဲပြားပြား မသိတတ်ကြပါဘူးတဲ့။ ထို့ပြင် အလုပ်တွေကျိုးစား၊ ဝင်ဆောင်မူ့တွေလဲ ကောင်းကြသလို စားသုံးသူများ ကျေနပ်စေဖို့အရေး အမြဲလိုလို တွေးနေကြသူများ ဖြစ်ကြလို့ ပစ္စည်းရောင်းဆိုင်၊ အစားအသောက် ရောင်းဆိုင်တွေနဲ့လဲ အံဝင်ဂွင်ကျ သူတွေဖြစ်ပါသတဲ့။
ရေ ဝက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်ကျိုးစား ကြသူတွေ၊ တာဝန်ယူတတ်သူတွေ၊ ငွေရေးကြေးရေး သေချာပြီး စုဆောင်းတတ်သူတွေ၊ ပြီးတော့ ဇွဲကောင်းသူ၊ အပျော်အပါးကြိုက်၊ ပါတီ ချစ်သူတွေလို့ ခေါ်ခံကြရသလို အစားအသောက်မက်မော၊ တန်ဖိုးကြီး ပစ္စည်းတွေ အလွန်ကြိုက်ကာ ကာမစည်းစိမ်မှာ သတိလက်လွတ် မေ့မျော နေတတ်ပါသတဲ့။ သူတို့က အလွန်အမင်း စေတနာထား အချိန်ကုန် လုပ်ပေးတတ်ကြတာကို အခွင့်ကောင်းယူတဲ့ တချို့သော သူတွေကိုလည်း ခွင့်လွတ် နိုင်စွမ်းရှိကြပြီး အံမခန်းဖြစ်ရပ် ဆန်းကြယ်မူ့တွေကို ယုံကြည်တဲ့ သူတွေလဲ ဖြစ်ပါသတဲ့။ ပြသနာနဲ့ ရင်ဆိုင်ရတဲ့အခါ တည်တည်ညိမ်ညိမ် နဲ့ ဖြေရှင်းတတ်ကြသလို အချစ်ရေးကိတ်စမှာ သူတို့ဟာ ကံကောင်းသူတွေ ဖြစ်ကြပြီး နက်ရိုင်းစွာ ချစ်တတ်တဲ့ သူတွေလဲ ဖြစ်ကြပါသတဲ့။
မီး ဝက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ သူရသတ္တိရှိသော၊ ရိုးသားပြီး ပွင့်လင်းသော၊ အကောင်းမြင်ပြီး ထက်မြက်သော၊ စွန့်စားတတ်သော၊ ပါးနပ်ကာ အသက်မွေးဝမ်းကြောင်း အလုပ်တွေ နဲ့ ငွေကြေးကိတ်စတွေမှာ အောင်မြင်မူ့ ရှိသူတွေဖြစ်သလို အနိင်ကျင့်တတ်တဲ့ ညဉ့်လဲ ရှိတတ်ကြပါသတဲ့။ သူတို့ဟာ မမြင်သေး မသိသေးတဲ့ အရာတွေကို ကြောက်လန့်ခြင်း အရှင်းမရှိတတ်ဘဲ အောင်မြင်ရင် ထိပ်အထိ ရောက်တတ်ပြီး ကျဆုံးရင်လဲ ဘိတ်အထိ ရောက်တတ်ကြပါသတဲ့။ အချစ်ရေးမှာရော၊ ဘဝရေးမှာပါ ကံကောင်းသူတွေလဲ ဖြစ်ကြပါသတဲ့။ သူတို့ကို လိမ်လှည် လှည့်ဖျားထားတဲ့ သူတွေကိုလဲ ခွင့်လွတ်ကာ မေတ္တာတရား အပြည့်နဲ့ ဆက်လက် အကူအညီ ပေးနိုင်သလို၊ အပေါင်းအသင်းတွေနဲ့ ဆွေမျိုးတွေကို ရက်ရောပေးကမ်းတတ်ပြီး သားသမိးတွေကို စောင့်ရှောက်၊ အိမ်ထောင်ဖက်တွေကို ပါရမီဖြည့်ပေးကာ မိသားစုအပေါ် အတော်ကောင်းသူများ ဖြစ်ကြပါတယ်။ ထို့ပြင် စိးပွားရေးနဲ့ ပတ်သက်သော ကိစ္စတွေကို ကွှမ်းကျင်ကာ နိုင်ငံရေးမှာလဲ တက်ကြွကြပြီး အာဏာရှင် တွေကို အမြစ်ကနေ လှန်ဖို့ ကြိုးစားကြရင်း သူတို့ကိုယ်တိုင် လူမျိုး ခွဲခြားတတ်သူတွေ ဖြစ်လာတတ်ကြသတဲ့။
သစ်သား ဝက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က သစ်သားဆိုတာကို စိတ်ကူးစိတ်သန်း ကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ သူတပါးကို ကြိုးကိုင်ချယ်လှယ်နိုင်တဲ့ အရည်အချင်းတွေရှိသလို၊ လူမူရေး ပေါင်းသင်းဆက်ဆံမူ့ ကောင်းပြီး၊ စွန့်စားတတ်တဲ့ ဝါသနာတွေလဲ ရှိကြပါသတဲ့။ သူတို့ဟာ စကားပြော ကောင်းတဲ့သူတွေ၊ ကျင်နာတတ်ပြီး အားနာတတ်တဲ့သူတွေ၊ ပြီးတော့ သည်းခံနိုင်ပြီး ချစ်ခင်ဖို့ကောင်းတဲ့သူတွေ၊ တပါးသူတွေရဲ့ အားနဲချက်ကို နားလည်တတ်တဲ့ သူတွေလဲ ဖြစ်ကြပါသတဲ့။ သူတို့ဟာ အိမ်နဲ့ ပတ်သက်တဲ့ အလှအပတွေ လုပ်တာ ဝါသနာ ပါတတ်ကြသလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ မိတ်ဆွေတွေရဲ့ ပြသနာတွေကို ဖြေရှင်း ပေးတတ်ကြသတဲ့။ အဲဒါကြောင့်လဲ အသိုင်းအဝိုင်းရဲ့ အသိအမှတ် ပြုခြင်းကို ခံရကာ လူကြီးလူကောင်း စာရင်းဝင်လာရတတ်သလို သူတို့ကူညီပေးတာယူပြီး နောက်ကျော ဒါးနဲ့ ထိုးတဲ့သူမျိုးနဲ့ တွေ့တဲ့အခါ မရူမလှ ခံရတာလဲ ရှိတတ်ပါသတဲ့။ အချစ်ရေးမှာတော့ သူတို့က စိတ်လူပ်ရှားနိုင်လောက်တဲ့ ရိုမက်တစ် အနေအထားတွေ စီစဉ်လေ့ရှိပြီး သူတို့ရဲ့ အိမ်ထောင်ရေး အချစ်ရေးတွေမှာ ငြိမ်းချမ်းပြီး ရေရှည် ပေါင်းသင်း တတ်ကြပါသတဲ့ကွယ်။
သတ်တု ဝက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က သတ်တုဆိုတာကို သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထို့နေ့မှာ မွေးတဲ့သူတွေဟာ အလွန်အရသာ ခံတတ်တဲ့သူတွေ၊ လူမူရေး အရမ်းကောင်းမွန်သူတွေ၊ အပြင်ထွက်တာကို ကြိုက်နှစ်သက်တတ်သူတွေ၊ စိတ်ရင်းခံတွေနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်လေ့ရှိပြီး ရန်သူကို အထင်သေးတတ်ကာ သူငယ်ချင်းကို အလွန် အထင်ကြီးတတ်သူများ ဖြစ်ကြပါသတဲ့။ ရည်မှန်းချက် ကြီးသော၊ ကျန်းမာရေး ကောင်းသော၊ ရိုးသားသော၊ ယုံကြည် စိတ်ချရသူများ ဖြစ်ကြသလို စိတ်ဆိုးရင် တိုက်ခိုက်တတ် ရန်ဖြစ်တတ်သောသူများ ဖြစ်ကြပါသတဲ့။ သူတို့ဟာ အစားအစာကောင်းတွေနဲ့ ပါတီပေးတတ်ကြကာ စည်းရုံးရေး အားကောင်းသူတွေဖြစ်သလို ကံကောင်းကြသူတွေလဲ ဖြစ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ညင်သာပြီး ကျင်နာတတ်သူတွေ၊ တန်းတူအခွင့်အရေးကို လိုလားပြီး ညိုနိုင်းတိုင်းပင်လိုကြတဲ့ သူတွေဖြစ်သလို၊ ရက်စက်ရင်လဲ ကမ်းကုန်တတ်ကြပြီး အင်မတန် ကြောက်စရာကောင်းတဲ့ သူတွေဖြစ်ပါသတဲ့။ ခေတ်မှီ သိပ္ဗံပညာကို လေ့လာ လိုက်စားကြလို့ ဘာသာရေးတွေ ဖီလိုတွေ ဗေဒင်တွေ နဲ့ သရဲ တဆေ စုံးကဝေ စတဲ့ နာနာဘာဝ လောကကို စိတ်ဝင်စားမူ့ မရှိတတ်ဘဲ ဆန့်ကျင်ဘက်လိင်ကိုတော့ အလွန် စိတ်ဝင်စားကြသလို ဆွဲဆောင်မူ့လဲ အားကောင်းကြပါသတဲ့။
Sources: : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com
No comments:
Post a Comment