Thursday, May 21, 2020

အကြွင်း ၆ MAHABOAT

အကြွင်း ၆ ရှိသော တနင်းဂနွေသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူ ဖြစ်သဖြင့် ချမ်းသာသော မိသားစုမှာ ပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပါတယ်။ ရုပ်ရည် နှင့် အသံသြဇာရှိပြီး၊ တဖက်သားကို ကျအောင်ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။ နောက်အသက် ၇ နှစ်မှ ၂၁ နှစ်တွေအတွင်းမှာ တနင်းလာဂြိုလ် မရဏအိမ်ရောက်နေလို့ ကောင်းစရာရှိရင် အရမ်းကောင်း၊ ဆိုးရင်လဲ အလွန်ဆိုးကိန်းရှိပါတယ်။ အလူဒါနပေးခြင်း၊ အခြားသူများကို ကူညီခြင်း၊ တိရိစ္ဆာန်များကို ဘေးမဲ့လွတ်ပေးခြင်းစတဲ့ ကောင်းမူ့တွေလုပ်ပေးခြင်းဖြင့် မကောင်းသော အကုသိုလ်ကံကို ဖယ်ရှားပေးပါ။ အသက် ၂၂ နစ် ကနေ ၂၉ နှစ်မှာတော့ အင်္ဂါဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ စစ်တပ်၊ ဆေးကျောင်း၊ စက်ပြင်စတဲ့ အသက်မွေးဝမ်းကြောင်း ပညာတို့ သင်ယူရကိန်းရှိတယ်။ အသက် ၃၀ ကနေ ၄၆ နှစ် အတွင်းမှာတော့ သင်ဟာ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် အလုပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ခြင်း၊ သြဇာကြီးမားလာကိန်း ရှိပါတယ်။ အသက် ၄၇ ကနေ ၅၆ နှစ် အတွင်း စနေဂြိုလ်စိးသော ပုတိအိမ် ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ၊ ခလေးတွေ နဲ့ အိမ်ထောင်သည်အတွက် သောကရောက်တာတွေ ခဏခဏ ကြုံကိန်းရှိပါတယ်။ အသက် ၅၇ နစ် ကနေ ၇၄ နှစ်မှာတော့ ကြာသာပတေးစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၇၅ ကနေ ၈၆ နှစ်ထိ အသင်ဟာ စနေဂြိုလ် ရာဇအိမ် မှာရောက်နေလို့ အိုဇာတာ ကံကောင်း လာကိန်းရှိပါတယ်။ စိးပွားရေးလုပ်ငန်းများတိုးတက်လာကာ အခြား စိးပွားရှယ်ရာပိုင်သူများအပေါ် သြဇာညောင်းသူဖြစ်လာပြီး နောက်လိုက်တွေ တပျော်ကြီးနဲနေရကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ချမ်းသာသော ဇနီးမယားမရ၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော တနင်းလာသားသမိး အသင်ဟာ မရဏ လို့ခေါ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို အလွန်အမင်း ဖြစ်စေခြင်း နဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် ကျန်းမာရေးညံ့ခြင်း (သို့) တယောက်ထဲ နေလျင် ကြောက်တတ်ခြင်း၊ မိဘတွေနဲ့ ရှင်ကွဲ (သို့) သေကွဲ ကွဲနေရခြင်း၊ ဆွေမျိုးများနဲ့ အမူန်းပွားတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အသက် ၁၆ နစ် ကနေ ၂၃ နှစ်အတွင်းမှာတော့ အင်္ဂါဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ် ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ အသက် ၂၄ ကနေ ၄၀နှစ် အတွင်းမှာတော့ သင်ဟာ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိဘတွေရဲ့ ထောက်ပံ့မူတွေရပြီး အလုပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင် ဖြစ်ကိန်းရှိပါတယ်။ အသက် ၄၁ မှ ၅၀ နှစ်ထိ စနေဂြိုလ် ပုတိအိမ်မှာရှိနေလို့ ကျန်းမာရေး၊ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ မိမိရဲ့ အလုပ်သမား၊ အပေါင်းအသင်း၊ ဆွေမျိုးတို့နဲ့ ပြသနာလေးများ ရှိနေတတ်ပြီး စိးပွားရေးကလည်း တက်လိုက်ကျလိုက် ရှိနေတတ်ပါသည်။ ဆိးချို၊ သွေးတိုး နဲ့ မျက်လုံး ရောဂါတွေလဲရတတ်ပါတယ်။ အသက် ၅၁ နှစ်နဲ့ ၆၉ နှစ်ကြားကာလမှာ အသင်ဟာ ကြာသာပတေးဂြိုလ် စိးသော အထွန်းအီမ်မှာ ရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကြီးကိန်းလဲရှိပါတယ်။ ဇနီးမယားရဲ့ ထောက်ပံ့မုူ့ကိုလဲ ရနိုင်ကိန်းရှိတယ်။ အသက် ၇၀ နှစ်ကနေ ၈၁ နှစ်ထိ အသင်ဟာ ရာဟုဂြိုလ် ရာဇအိမ် မှာရောက်နေလို့ အိုဇာတာကံကောင်းလာကိန်းရှိပါတယ်။ စိးပွားရေးလုပ်ငန်းများ တိုးတက်လာကာ အခြား စိးပွားရှယ်ရာပိုင်သူများအပေါ် သြဇာညောင်းသူဖြစ်လာပြီး နောက်လိုက်တွေတပျော်ကြီးနဲ့ နေရကိန်းရှိပါတယ်။ ကျန်းမာရေးကတော့ ကျဆင်းလာပြီးအသက်၇၄ နှစ်မှာ တိမ်းပါးနိုင်ပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရကိန်းရှိပြီး ယောက်ကျားဆိုလျှင် ထက်မျက်သော ဇနီးမယားရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော အင်္ဂါသားသမိး အဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလျှင် အသင်ဟာ ချမ်းသာသော ရာထုူးကြီးသော မိဘများထံမှာ မွေးဖွားလာတတ်ပါတယ်။ အသင့်မှာ ခေါင်းဆောင်တယောက် ဖြစ်လာနိုင်တဲ့ ရုပ်ရည်မျိုးရှိပြီး အိမ်မက်ကြီး ရည်မှန်းချက်ကြီးသူတယောက်ဖြစ်တတ်ပါတယ်။ သင့်မိဘတွေလဲ သင်မွေးပြီးနောက် ပိုကံကောင်းလာကိန်းရှိပါတယ်။အသက် ၉ မှ ၂၅ နှစ်ထိ ဗုဒ္ဓဟူးဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ စစ်တပ်၊ ရဲတပ် စသည်တို့ကို ချိတ်ဆက်ပြီး ကံကောင်း အောင်မြင်နိင်ကိန်းလဲရှိပါတယ်။အသက် ၂၆ နှစ်နောက်ပိုင်း ၃၅ နှစ်အတွင်း စနေဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေ၍ ကံကောင်းတာတွေမလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ နေအိမ်၊ ကျောင်း၊ အရွေ့အပြောင်းများ၊ ပစည်းခဏခဏပျောက်၊ ဆွေမျိုးတွေနဲ့ မတဲ့ကိန်း အပြင် ကျန်းမာရေး ချုချာလာကိန်းတွေရှိပါတယ်။ ပြီးတော့ အသက် ၃၆ ကနေ ၅၄ နှစ်မှာတော့ ကြာသာပတေး စိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ ဘဝတကွေ့လို့ ဆိုလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၅၅ နှစ် ကနေ ၆၆ နှစ် အတွင်းမှာတော့ သင်ဟာ ရာဟုဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင် စိးပွား တိုးတက်မ့ုူမှာ သင်ဟာ အခရာ ဖြစ်လာကိန်းရှိပါတယ်။ နှစ်ပေါင်းများစွာ အိမ်မက်မက် ကြိုးစားထားတာတွေလဲ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ အသက် ၆၇ မှ ၈၇ အတွင်း သောကြာဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ ရှိသလို၊ အမျိုးသမိးကိစ္စတွေနဲ့ တရားရုံးမှာ အမူရင်ဆိုင်ရကိန်းရှိသလို ငယ်ရွယ်သော မယားလေး နဲ့ ကွဲကိန်းလဲရှိပါသည်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ဇနီးတယောက်မက ရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော ဗုဒ္ဓဟူး (နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်သည် ဗုဒ္ဓဟူးဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ ချမ်းသာ အာဏာရှိ ဂုဏ်သရေရှိ မိဘများမှ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက၊ ဘာသာတရားကိုင်းရိုင်းသုူ (သို့) မူံတေတေ ခပ်စွေစွေ ခလေးမျိုး ဖြစ်နိုင်ချေရှိပါသည်။ ရုပ်ရည်ကောင်း၊ ညဏ်ကောင်း၊ အပြောကောင်းနှင့် ပြည့်စုံသော ဘဝကောင်းလေးတခုကို ရထားနိုင်ပါတယ်။ အသက် ၁၈နှစ်မှ ၂၇ နှစ်အတွင်း စနေဂြိုလ်စိး ပုတိအိမ်မှာ ရောက်နေလို့ ကံကောင်းတာတွေမလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ သင်နေသောအိမ် မိးလောင်နိုင်ပြီး ပစည်းတွေ ပျောက်၊ အခိုးခံရကိန်းလဲရှိပါတယ်။ ကျောင်းတို့ အလုပ်တို့မှာ စကားများ ရန်ဖြစ်ရာမှ ကျောင်းထုတ်၊ အလုပ်ပြုတ်သည်အထိ ဖြစ်လာနိုင်ချေလဲရှိတယ်။ပြီးတော့ အသက် ၂၈ ကနေ ၄၆ နှစ်မှာတော့ ကြာသာပတေး စိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။ အသက် ၄၇ နှစ်မှ ၅၈ နှစ်ထိ ရာဟုဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ မန်နေဂျာ ဒါရိုက်တာတွေဖြစ်ပြီး ကံကောင်း အောင်မြင်နိင်ကိန်းရှိပါတယ်။ အသင်သည် အသက် ၅၉ ကနေ ၇၉ နှစ် အတွင်းမှာတော့ သောကြာဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ စပ်တူလုပ်တဲ့သူတွေ၊ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ အသင်က မွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပြီး မိသားစုဝင်တွေနဲ့ ခွဲနေရကိန်း၊ အိမ်ထောင်ဖက်နဲ့ ကွဲကိန်းတွေလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါရတတ်ပြီး အသက် ၆၅ နှစ်နဲ့ ၇၁ နှစ်တွေမှာ သေဆုံးကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရနိုင်ပြီး၊ ပထမ မိန်းမနဲ့ ကွဲကိန်း၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော ကြာသာပတေးသားသမိး အသင်သည် နံမည်ကြော်ကြား လူချစ်လူခင်များသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် မိဘတွေ ကောင်းစားတဲ့ အချိန်မှာ သင့်ကိုမွေးလာ (သို့) သင်မွေးလာလို့ မိဘတွေ ကောင်းစားလာကိန်းရှိပါတယ်။ ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်း စတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာကိန်းရှိပြီး စိတ်ထားမြင့်သူ ဖြစ်နိုင်ပါတယ်။ အသက် ၂၀ နစ်ကနေ ၃၁ နှစ် အတွင်းမှာတော့ သင်ဟာ ရာဟုဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ် ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင်တွေ အောင်မြင်သလို သင်လဲ သက်မွေးဝမ်းကြောင်း ပညာတွေတတ်၊ အစိုးရဌာနတွေမှာ အရာရှိဖြစ်လာကိန်းရှိပါတယ်။ နံမည်ကောင်းလဲရလာကိန်းရှိပါတယ်။ အဖွဲ့အစည်း သမ္မဂ္ဂ စသည်တို့မှာ ခေါင်းဆောင်ဖြစ်နိုင်ကိန်းရှိပါတယ်။ အသင်ဟာ မိန်းခလေးဆိုရင် အသက် ၂၂ နှစ်မှာ လင်ကောင်း ရကိန်းရှိပါတယ်။ အသင်သည် အသက် ၃၂ နှစ်ကနေ ၅၂ နှစ် အတွင်းမှာတော့ သောကြာဂြိုလ်ဟာ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ အစုရှယ်ယာနဲ့ လုပ်တဲ့သူတွေ၊ ဆွေမျိုးတွေနဲ့ အဆင်မပြေဖြစ်တတ်၊ နောက်မီး၊ ရှေ့မိးလင်း ကိစ္စတွေနဲ့ ရုံးရောက်၊ ဂတ်ရောက်ပြီး တရားရင်ဆိုင်တာတွေ ဆုံးရူံးတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါရတတ်ပါတယ်။ အသက် ၅၃နှစ် ကနေ ၅၈ နှစ်ရောက်တော့ တနင်းဂနွေဂြိုလ်စိုးမိုးသော သိုက်အိမ်မှာရောက်လို့ အသက်မွေးဝမ်းကြောင်းပညာနဲ့ အလုပ်အကိုင် တွေ မန်နေဂျာ၊ စီအီးအို စတဲ့ရာထူးကြီးနေရာတွေ ရရှိလာကိန်းရှိပါတယ်။ အသက် ၅၉ နှစ် မှ ၇၃ နှစ်အကြား အသင်ဟာ တနင်းလာစိုးမိုးသော မရဏ ဂြိုလ်အိမ်မှာ ရောက်နေသောကြောင့် ကျန်းမာရေးညံ့နေကိန်းရှိပြီး အရက်၊ ဆေးလိပ်၊ ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့်အညီနေထိုင်ခြင်းတို့ မလုပ်ဆောင်ပါက အသက် ၅၉ နှစ်(သို့) ၆၇ နှစ်မှာ တိမ်းပါးကိန်း ရှိပါတယ်။ မတိမ်းပါးခဲ့သော်အသက် ၈၁ ထိ နေရကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော သောကြာသားသမိး အသင်သည် မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင့် မှာ မွေးရာပါ ရောဂါတွေပါလာနိုင်ကိန်းရှိပါသည်။ အသက် ၁၁ နှစ်မှာ အသင် (သို့) အသင်ရဲ့ အမေ ဆုံးပါးကိန်းရှိပါတယ်။ သင်မသေခဲ့ရင် မိဘတွေဟာ ပညာရေးမှာ သင်ယူမူ့နှေးကွေးလို့ သင့်အတွက် ရတက်မအေးရှိနေပြီး သင်ဟာ စကားနဲ၍ စိတ်ကောင်းသူဖြစ်နိုင်ပါတယ်။ အသက် ၂၂ နှစ်နောက်ပိုင်း ၂၇ နှစ်အတွင်း တနင်းဂနွေဂြိုလ် စိုးမိုးသော သိုက်အိမ်မှာ ရောက်လာလို့ မိဘတွေ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ဝင်ငွေလဲကောင်းလာကိန်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မနာလိုသူ ခြေထိုးလို့ ဒုက္ခလဲ ရောက်နိုင်ပါတယ်။ အသက် ၂၈ နှစ် မှ ၄၂ နှစ်အကြား အသင်ဟာ တနင်းလာစိုးမိုးသော မရဏဂြိုလ်အိမ်မှာ ရောက်နေသောကြောင့် ကျန်းမာရေးကြောင့်ဖြစ်စေ၊ ထိခိုက်မူကြောင့်ဖြစ်စေ အသက် ၃၅ မှာ တိမ်းပါးကိန်း ရှိပြန်ပါတယ်။ အသက် ၄၃ နှစ် မှ ၅၀ နှစ်အကြား အင်္ဂါဂြိုလ်အဓိပတိအိမ်ရောက်သဖြင့် စိးပွားရေး လူမူရေး နိုင်ငံရေး နဲ့ အသက်မွေးဝမ်းကြောင်းနယ်ပယ်တွေမှာ ခေါင်းဆောင်ရကိန်းရှိသော်လည်း သတိမထားရင် အလိမ်လဲ ခံရကိန်းရှိပါတယ်။ အသက် ၅၁ မှ ၆၇ နှစ်ထိ ဗုဒ္ဓဟူးဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင်နိင်ကိန်းရှိပါတယ်။အသက်ပါပျောက်ကိန်းရှိပါတယ်။ အသက် ၆၈ မှ ၇၇ နှစ်ထိ စနေဂြိုလ် ပုတိအိမ်မှာရှိနေလို့ ကျန်းမာရေး၊ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေး စသည်တို့မှာ ပြသနာလေးများရှိနေတတ်ပြီး စိးပွားရေးကလည်း တက်လိုက်ကျလိုက်ရှိနေတတ်ပါသည်။ အသက် ၇၅ နှစ်မှာ သေကိန်းရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး သားသမိးတွေဆီမှလဲ ထောက်ပံ့မူ့ ရကိန်းရှိပါတယ်။ ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော စနေသားသမိး မွေးတုန်းက ပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်ကစ အသက် ၁၉ နှစ်ထိ ကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခုချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေက သင့်အတွက်စိုးရိမ်နေရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ရှက်တတ်ကြောက်တတ်ပြီး တခါတရံ အတင့်ရဲသူ တစူးစားလဲ ဖြစ်နိုင်ပါတယ်။ အသက် ၁၁ နှစ်နဲ့ ၂၉ ကြားကနှစ်တွေမှာ အသင်ဟာ အင်္ဂါဂြိုလ်စိးသော အထွန်းအီမ်မှာ ရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ မိန်းခလေးဆိုရင် အသက် ၂၉ မှာ ယောက်ကျားကောင်းရနိုင်သလို၊ သက်မွေးဝမ်းကြောင်း အတတ်ပညာတို့နေရာပြောင်းရွေ့ သင်ရကိန်းရှိပါတယ်။ အသက် ၃၀ ကနေ ၄၁ နှစ် အတွင်းမှာတော့ သင်ဟာ ရာဟုဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် ကံကောင်းလာမဲ့ အနေအထားရှိတယ်။ အလူပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အလုပ်မှာ ရာထူးတိုးခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်နိုင်ကိန်းတို့ရှိပါတယ်။ အသင်သည်အသက် ၄၂ နှစ် ကနေ အသက် ၆၂ နှစ် နောက်ပိုင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ သောကြာစိုးမိုးသော ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး နေရာပြောင်းရွေ့မူ့တွေနဲ့ အဆင်မပြေရှိတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၄၄ နစ်မှာ အိမ်ထောင်ကွဲတတ်ပြီး နာမကျန်းရောဂါဝေဒနာတွေနဲ့အတူ အသက် ၄၄ နှစ် သေတတ်ပါတယ်။ သို့သော် အသက် ၆၃ နှစ်ကနေ ၆၈ နှစအတွင်းမှာ တနင်းဂနွေဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေးတွေ ပြန်လည်စိုပြေလာလို့ အိုဇာတာ ကောင်းကိန်းရှိပါတယ်။ ဆုံးရူံးခဲ့တဲ့ အရာတွေ ပြန်ရနိုင်ပါတယ်။ အသက် ၆၉ နောက်ပိုင်း တနင်းလာဂြိုလ် မရဏအိမ်ရောက်လာလို့ အသက် ၇၈ နစ်မှာ ဘဝဆုံးကိန်းရှိပါကြောင်း။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံ့ပိုးမူ့တွေ ရရှိနိုင်ပြီး သားသမိးတွေဆီမှလဲ ထောက်ပံ့မူ့ ရကိန်းရှိပါတယ်။ ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။ အကြွင်း ၆ ရှိသော ရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး အသင်သည် အင်္ဂါဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ အဆင့်အတန်းမြင့်သော မိဘများအောင်မြင်နေတဲ့ အချိန်မှာ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ ဖခင်ရဲ့စောင့်ရှောက်မူ့ကို ပိုမိုရရှိကိန်းရှိပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက လူချစ်လူခင်များ၊ အသံသြဇာနဲ့ပြည့်စုံ၊ အရပ်မရှည်လွန်း၊ ဆံပင်ကောက်ပြီး ကျန်းမာပြည့်ဖြိုးတဲ့ ဥပတိကောင်းသူတယောက်ဖြစ်နိုင်ပါတယ်။ အသင်သည် အသက် ၁၃ ကနေ ၃၃ နှစ် အတွင်းမှာတော့ သောကြာဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်ရရှိရေး၊ ပညာသင်ကြားရေးတွေမှာ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ အသင်က မွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပြီး မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါတွေ ရတတ်ပါတယ်။ အသက် ၃၄ နှစ်မှ ၃၉ နှစ်တွေမှာ စနေဂြိုလ်စိးသော သိုက်ဖွားအိမ်မှာ ရှိနေသဖြင့် စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်းရှိပြီး အသက် ၃၅ နှစ်မှာ ထီပေါက်ကိန်းလဲရှိပါတယ်။ နံမည်ကောင်းလဲရလာကိန်းရှိပါတယ်။အသက် ၄၀ နှစ် မှ ၅၄ နှစ်အကြား အသင်ဟာ တနင်းလာစိုးမိုးသော မရဏဂြိုလ်အိမ်မှာ ရောက်နေသောကြောင့် ကျန်းမာရေးညံ့နေကိန်းရှိပြီး အရက်၊ဆေးလိပ်၊ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့် အညီနေထိုင်ခြင်းတို့မလုပ်ဆောင်ပါက အသက် ၅၃နစ် နဲ့ ၅၄ နစ်တွေမှာ အသဲအသန်ဖြစ်ကိန်း ရှိပါတယ်။ အသက် ၅၅ နစ်ကနေ ၆၂ နှစ်ကြားမှာတော့ အင်္ဂါဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး၊ ထီတွေဘာတွေပေါက်လို့၊ သင့်ဘဝဟာ ပြန်လည် ကောင်းမွန်လာလိမ့်မယ်။ အသက် ၆၃ နစ်မှ ၇၉ နှစ်ထိ ဗုဒ္ဓဟူးဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင်နိင်ကိန်းရှိပြီး အိုဇာတာကောင်းတယ်လို့ ပြောရမယ်။ ခြုံပြောရမယ်ဆိုရင် ဖခင်ဆီမှ ငွေကြေးသော်လည်းကောင်း၊ အတွေ့အကြုံ နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံပိုးမူ့တွေ ရရှိနိုင်ပြီး သားသမိးတွေဆီမှလဲ ထောက်ပံ့မူ့ ရကိန်းရှိပါတယ်။ ယောက်ကျားဆိုလျှင် ဇနီးတယောက်မကရကိန်းရှိပြီး၊ မိန်းမဆိုရင် လင်ကောင်းရကိန်းရှိပါသည်။

No comments: