Sunday, May 10, 2020

ခွေး နစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ ခွေး နစ်တွင် မွေးဖွားလာသူများအကြောင်း

ခွေး နစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက ပေါင်းသင်းဆက်ဆံမူ့ စိတ်ဓါတ်ရှိသော၊ ပျော်ရွင်တတ်သော၊ နာခံတတ်ပြီး သစ်စာရှိသူများ ဖြစ်ကြသလို အနိုင်ကျင့်တတ်သော၊ ခေါင်းမာသော၊ ပုန်ကန်တတ်သော၊ ငြုုစူတတ်ပြီး အလွန်ပြသနာ ရှာတတ်သောသူများ ဖြစ်ကြပါသတဲ့။ မျှမျှတတစဉ်းစားတတ်ပြီး အပြင်ထွက် လည်လည်သွား အားကစား လုပ်တာမျိုးတွေ ကြိုက်တတ်ကြပြီး အတိုက်အခိုက် ဝါသနာပါသလို ရက်စက်တတ်သူတွေလဲ ဖြစ်ပါသတဲ့။ ညဖက်မှာ မွေးတဲ့ သူတွေက နေ့ဖက် မွေးတဲ့သူတွေထက်တောင် ပိုပြီး ရန်လိုတတ်ကြပါသတဲ့။ ထို့ပြင် အများနဲ့ အလုပ်ပူးပေါင်း လုပ်ဆောင်တတ်ပြီး စွမ်းဆောင်မူ့ ကောင်းတဲ့သူတွေ၊ တာဝန်ယူမူ့ တာဝန်ခံမ့ူ ကောင်းသူတွေ ဖြစ်ကြသော်လည်း စိုးရိမ်တတ်၊ တခါတရံမှာ စိတ်ကျဉ်းမြောင်းတတ်ပြီး မထေမဲ့မြင် လုတ်တတ်တဲ့ အကျင့်ရှိပါသတဲ့။ ကြီးပြင်းလာတဲ့အခါ ရိုးသားပြီး ရက်ရော၊ စိတ်ဓါတ်မြင့်မြတ်ပြီး ကျင်နာတတ်၊ ပွင့်ပွင့်လင်းလင်းပြော၊ သူများပြောတာလဲ နားထောင်တတ်သူတွေ ဖြစ်ကြသလို၊ စိတ်မရှည်၊ အဆိုးမြင်ပြီး ရန်လိုတိုက်ခိုက် တတ်သူတွေ ဖြစ်ပါသတဲ့။ သူတို့ဟာ ပြသနာတွေကို ပြေလည်အောင် ဆွေးနွေးညှိနိုင်းတတ်၊ လူအများလေးစားတဲ့ အလုပ်မျိုုးကို ရွေးချယ်လုပ်ကိုင်လိုကြပြီး ယုံကြည်ရသူများကိုသာ အပေါင်းအသင်း မိတ်ဆွေလုပ်လိုကြပြီး ကျရောက်လာနိုင်တဲ့ မမြင်ရတဲ့ ရန်သူအတွက် စိုးရိမ်နေတတ်ကြသတဲ့။ နောက်ပြီးတော့ ချက်ကျ လက်ကျ အခြေအတင် ဆွေးနွေး တတ်ကြတဲ့ သူတို့ဟာ ရေကူးတာတို့၊ တင်းနစ်ရိုတ်တာတို့ စတဲ့ အားကစားမျိုုးတွေကို ဝါသနာပါတတ်ကြပြီး လူမူရေး အသင်းတွေ၊ စာပြသင်တန်းတွေ၊ ကျမ်းမာရေးဝန်ထမ်းစတဲ့ အလုပ်မျိုးတွေနဲ့ သင့်တော်ကြပါသတဲ့။ အချစ်ရေးမှာတော့ သူတို့ တကယ်ချစ်တာရပြီဆိုရင် တသက် မပြောင်းလဲကြဘဲ ချစ်သူကိုလဲ ကြိတ်ပြီး ဥထားတတ်ကြသတဲ့ကွယ်။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အနောက် နဲ့ အနောက်မြောက်ဖက်အရပ်တွေမှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေ ခွေး နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ စွမ်းအားမြင့်ပြီး လူ့ဘောင် အကျိုးပြု အတွေးအခေါ်ပိုင်ရှင်တွေ၊ တိတ်ဆိတ်ပြီး ကျင်နာတတ်၊ ရက်ရောတတ်သော နှလုံးသားပိုင်ရှင်များ၊ သူတပါးကို စေ့ဆော်မူ့ကောင်းပြီး နည်းပေးလမ်းညွန် လုပ်ပေးနိုင်တဲ့ သူတွေဖြစ်ကြပါသတဲ့။ သူတို့ဟာ လက်တွေ့ကျကျ သတိဝရိယနဲ့ လျို့ဝှက်စွာ ဖြေးဖြေး လုပ်ရှားတတ်သော သူတွေဖြစ်ပါသတဲ့။ ကွမ်းကျင်သော တိုက်ခိုက် ရေးသမားတွေ၊ အရည်အချင်းပြည့် ရှင်သန်သူတွေ၊ လွတ်လပ်သော၊ လူသားဆံသော၊ အများနဲ့ ပြေလည်အောင် ဆက်ဆံမူ့ကောင်းသော သူမျိုးတွေဖြစ်တတ်ကြပါသတဲ့။ သိပ်ပံပညာ၊ ရှေးဟောင်း ဗေဒင်ပညာ၊ ရှေးဟောင်းယဉ်ကျေးမူ့ကို တူးဖော်လေ့လာသောပညာ စတဲ့ လူတွေရဲ့ မူလအစကို လေ့လာသော ဘာသာများ နဲ့ စာပေဘာသာစကား တို့ကို စိတ်ဝင်စားတတ်ကြတယ်။ အချစ်ဆိုသည်မှာ သဘာဝ ရဲ့ အစိတ်အပိုင်း တဏှာ ကာမ တခုမျှသာဖြစ်တယ်လို့ ယူဆထားတတ်ကြပြီး မိသားစုဝင်တွေနဲ့ သူငယ်ချင်း မိတ်ဆွေများအတွက်ဆို သူတို့က ကူညီယိုင်းပင်းဖို့ အမြဲတန်း အဆင်သင့် ရှိတတ်ကြပါသတဲ့။
ရေ ခွေး နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ စာနာတတ်ပြီး ရိုးစင်းသော၊ တည်ငြိမ်ပြီး ဆွဲဆောင်အားကောင်းကာ ရှက်တတ်၊ စိုးရိမ်တတ်၊ အယုံအကြည် ကင်းမဲ့ကြသူများ ဖြစ်ကြပါသတဲ့။ သူတို့ဟာ အကြံညဏ်ပေးတတ်ခြင်း၊ တရားစီရင်မူ့မှာ  မျှတခြင်း၊ ဥပဒေကို လိုက်နာတတ်ခြင်း၊ ကျင်နာတတ်ခြင်း နဲ့ ပျော်ပျော်နေတတ်ကာ စွန့်စားရတာမျိုးတွေ လုပ်ချင်တဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။ ရက်ရောတတ်ပြီး ယထာဘူတကျခြင်း၊ လွတ်လပ်တာကို သဘောကျပြီး မိသားစုနဲ့ တွယ်တာရစ်ပတ် နေတတ်သလို သားသမိးတွေကို ကောင်းမွန်စွာ မြေတောင်မြောက်နိုင် ကြပါသတဲ့။ အချစ်ရေးမှာ အိမ်ထောင်ဖက်ကို ရိုးသားခြင်း၊ အလေးထားခြင်း၊ ကျင်နာခြင်း၊ ဂရုစိုက်ကာ မျှဝေတတ်သူတို့ ဖြစ်ကြပါသတဲ့။ နောက်ပြီး ငွေကြေး နဲ့ အလုပ်အကိုင်တွေကလဲ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ပိုကောင်းလာတတ်ပါသတဲ့။
မီး ခွေး နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ဟန်ပန်အမူအရာကောင်း၊ ဆွဲဆောင်နိုင်စွမ်း လဲရှိကြပြီး၊ လွတ်လွတ်လပ်လပ် နဲ့ အတွေ့အကြုံသစ်တွေ ရှာဖွေခြင်းတို့၊ စွန့်စားခြင်းတု့ိကို လုပ်ချင်တတ်ကြပြီး လုပ်နေရင်း ငြီးငွေ့တာလဲ မြန်တတ်ကြပါသတဲ့။ တီထွင်စမ်းသပ်မူ့တွေ၊ ဝါသနာကို အကောင်အထည် ဖော်တတ်ကြတာတွေ၊ အသိုင်းအဝိုင်း အဖွဲ့အစည်း ဖောင်ဒေးရှင်း ကုမ်မနီတွေ တည်ထောင် တပ်ကြသလို မကြိုက်တာတွေ့ရင် ဆန့်ကျင်တတ်တဲ့ သူပုန်စိတ်ဓါတ်လဲ ရှိတတ်ကြပါသတဲ့။ ပြီးတော့ သူတို့ဟာ ဆုံးဖြတ်ချက် ပြင်းထန်တဲ့သူတွေ၊ ထိခိုက်လွယ် ခံစားတတ်သူတွေဖြစ်ပြီး ရှေးရိုး လိုက်သူတွေလဲ ဖြစ်ကြပါသတဲ့။ ညဏ်ကောင်း ပညာတတ်သူတွေ ဖြစ်ပြီး မတရားလုတ်တာတို့၊ နောက်ကျောဓါးနဲ့ထိုး အကောက်ကြံတာမျိုးတွေကို မကြိုက်နှစ်သက်တတ်ကြပါတဲ့။ အချစ်ရေးကိတ်စမှာ သူတို့က မိးလို လောင်နိုင်စွမ်း ရှိလို့လားမသိ၊ သူတို့ရဲ့ ချစ်သူတွေက အရမ်းခိုက်တတ် ကြပါသတဲ့။
သစ် ခွေး နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက်မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ နှစ်သက်ဖွယ်ကောင်းသော၊ ရက်ရောတတ်သော၊ နွေးထွေးသော နှလုံးသားရှိသော၊ သူတပါးကို အားနာတတ်၊ ရှက်တတ်ပြီး ညဏ်ပညာမြင့်မားတတ်ကြပါသတဲ့။ သူတို့ဟာ အခြေခိုင်ဖို့နဲ့ တိုးတက်မူ့အတွက် အလုပ် အရမ်းလုပ်တဲ့သူတွေ၊ တည်ငြိမ်ရင့်ကျက်ပြီး သဘာဝကျတဲ့ အသိတရားရှိသူတွေ၊ ကာယ ညာဏ စွမ်းအားတွေရှိပြီး ပူးပေါင်းလုပ်ဆောင်တတ်သူတွေ၊ တရားမျှတမူ့ နဲ့ လူ့ကျင့်ဝတ်တွေ လိုက်နာတတ်သူတွေ၊ ခေတ်မှီပစည်းတွေကို မက်မောတပ်သူတွေဖြစ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ကိုယ်ပိုင်မူတွေရှိကြပြီး ပြီးပြည့်စုံတဲ့ ဆရာကြီးဝါဒီတွေဖြစ်ကြသလို၊ အတိအကျ တွက်ချက်လုပ်ကိုင် တတ်သူတွေဖြစ်ပါသတဲ့။ သူတို့က မိသားစုဝင်တွေ သဘောကျတာကို လိုက်လုပ်တတ်ပြီး ဈေးကြီးတဲ့ ပစည်းတွေ စုဆောင်းတာမျိုးကို ဝါသနာ ပါတတ်ကြတယ်တဲ့။ အချစ်ရေးမှာတော့ ဆန့်ကျင်ဖက် လိင်ရဲ့ စိတ်ဝင်စားမူ့ကို ရကြပြီး လူကြီးဆံတဲ့ ချစ်ခြင်း မေတ္တာမျိုုးတွေ ရှိတတ်ကြပါသတဲ့။
သတ်တု ခွေး နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထို့နေ့မှာ မွေးသူများသည် ရက်ရောတတ်သော၊ အရေးတကြီး ပြုမူတတ်သော၊ သစ်စာရှိပြီး နာခံတတ်သော၊ သတိကြီးထားပြီး ကောင်းကောင်း နားထောင်တတ်သောသူများ ဖြစ်ကြသော်လည်း စိတ်ထားကျဉ်းမြောင်းတတ်ကြပြီး ခေါင်းမာကာ ရန်သူကို ရက်စက်တတ်သော သူများဖြစ်ကြပါသတဲ့။ နိုင်ငံရေးအမြင်တွေ အရမ်းမြင့်မားကြပြီး မတရားမူ့ကို မနှစ်သက်တတ်ကြကာ၊ အသစ်တွေကို တည်ဆောက်တတ်၊ သန်မာသူတွေဖြစ်ပြီး ရိုးရာကြိုက် ကွန်ဆာဗေးတစ်တွေ ဖြစ်ပါသတဲ့။ ယုတ်တိရှိသော၊ တိုက်ရိုက်ပွင့်လင်းသော၊ ခလေးလဲချစ်တတ်သော သူတို့ဟာ ဖာသာ ဆရာကြီးတွေလို့ ထင်နေတတ်ကြသတဲ့။ သူတို့ကိုယ်သူတို့ ဖိအားတွေ ပြန်ပေးထားပြီး အလုပ်အကိုင် အနေအထိုင် အဆင့်မြင့်ဖို့ရန် ကျိုးစားတတ်ကြသတဲ့။ မိသားစုဝင်တွေနဲ့ မိတ်ဆွေ တွေအတွက်ဆို သိတ်အလေးထား တတ်ကြတယ်။ ဆန့်ကျင်ဖက် လိင်ကို ဆွဲဆောင်အားကောင်းတဲ့ သူတို့ဟာ ရုပ်ရည်ရှိတဲ့ ချစ်သူကို ရတတ်ကြပေမဲ့ အိမ်ထောင်ဖက်ကောင်းကိုတော့ လွယ်လွယ်နဲ့ ရှာမရတတ်ပါတဲ့။ ပြီးတော့ သူတို့က အရမ်းစိုးရိမ်တတ်၊ သိတ်ပြီး ရှေးရိုးနည်းတွေနဲ့ အချစ်ကို စံထားတတ်ကာ တချို့ဆို အချစ်ရဲ့ ကျေးကျွန်တောင် ဖြစ်ကြရသတဲ့။
Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

No comments: