တရုပ်ဗေဒင်နည်းအရ နွားနစ်တွင် မွေးဖွားလာသူများအကြောင်း
နွားနစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက စကားနဲ၊ စကားပြောနောက်ကျ၊ နာခံလိုစိတ်နဲ ခေါင်းမာ၊ ရန်လိုစိတ်ပြင်းထန်တတ်ပြီး တကိုယ်တော်နေလေ့ရှိလို့ သူတို့ကို မိဘ ဆရာတွေက အနီးကပ် ကြပ်မတ်ပေးရသတဲ့။ အဲလိုနဲ့ ကြီးပြင်းလာတဲ့အခါကြတော့ ခေါင်းမာတတ်၊ တကိုယ်ကောင်းဆံတတ်၊ မကောင်းလဲမြင်တတ်သော်လည်း လူကြီးဆရာသမားများကို ရိုသေတတ်ပြီး နောက်လိုက်ကောင်းဖြစ်နိုင်သလို သတ္တိဗျတ္တိလဲကောင်း၊ ရိုးသားကြိုးစား စကားပြောကပြတ်၊ စည်းကမ်း နဲ့ သတ်မှတ်ချက် ဥပဒေတွေ၊ ရိုးရာ အစဉ်အလာကောင်းတွေကို လိုက်နာတတ်သူမို့ ခေါင်းဆောင်ကောင်းလဲ ဖြစ်နိုင်ကြပါသတဲ့။ သူတို့ဟာ တယောက်ထဲ အလုပ်လုပ်တဲ့အခါ အလုပ်ပိုတွင်ကျယ်တတ်ပါသတဲ့။ သူတပါးရဲ့ ငွေကြေး ပစည်းတွေကို အလကား မယူလို၊ လောင်းကစားလုပ်ပြီး ငွေကိုလဲ မဖြုန်းတတ်ဘဲ အိမ်ထောင်ပြုဖို့ဆို တော်တော်အချိန်ယူ စဉ်းစားကြကာ၊ ဝမ်းနဲ ပူဆွေး ရင်နာစရာတွေ ရှိတဲ့အခါ အလုပ်ထဲမှာဘဲ အချိန်တွေကို နစ်ထားတတ်ကြပါသတဲ့။ နွားနစ်တွင် မွေးဖွားသူများသည် စက်ပြင်ဆရာ၊ အင်ဂျင်နီယာ၊ လက်သမားဆရာ၊ အိမ်အရောင်းအဝယ် ပွဲစား၊ စစ်တပ် ရဲ အရာရှိ၊ ဘဏ်မန်နေဂျာ စသည်အလုပ်တွေကို လုပ်သင့်ပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ မြောက်ဖက် နဲ့ အရှေ့မြောက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေနွားနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ လက်တွေ့ကျကျ လုပ်တတ်ခြင်း၊ ရိုးသားခြင်း၊ သူ့နံမည် အပျက်မခံခြင်း၊ ပြသနာ မရှာတတ်ခြင်း အပြင် အလုပ်ကို ရည်ရှေမြဲစွာ လုပ်ကိုင်တတ်သူများဖြစ်ပါသတဲ့။ သူတို့ဟာ အဖွဲ့အစည်းမဟုတ်ဘဲ တယောက်ထဲ လုပ်တာမျိုုးတွေမှာ ပိုအောင်မြင်ကြတယ်။ ပြီးတော့ ဘယ်အရာမဆို တာဝန်ယူတတ်ပြီး လွယ်လွယ်နဲ့ အရူံပေးလေ့မရှိဘူးတဲ့။ ဒါပေမဲ့လဲ ကိုယ့်ကိုကိုယ် ယုံကြည်မူ့ အားနဲ၊ အခွင့်အရေးသမား၊ စိတ်အပြောင်းအလဲများတဲ့သူတွေလဲဖြစ်ကြပါသတဲ့။
ရေနွားနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ သို့မို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အခြေအနေအရ ပြောင်းလွယ်ရွှေ့လွယ်အနေအထားမျိုး၊ သူတို့ရဲ့ စိတ်ကလဲ လွတ်လပ်တဲ့ အနေအထားမျိုး ရှိပြီး ကိုယ်ပိုင်စိးပွားရေးကို ပိုနှစ်သက်တတ်ကြသတဲ့။ သူတို့ဟာ စိတ်ရှည်တတ်ကြပြီး အခြားသူများရဲ့ ခံစားချက်ကို နားလည်နိုင်ခြင်း အထင်ကြီးအောင် စွမ်းဆောင်နိုင်ခြင်းတွေကြောင့် ခေါင်းဆောင်လဲ ဖြစ်လာနိုင်တဲ့ သူမျိုးတွေပါတဲ့။ သူတို့ဟာ မိမိရဲ့ အိမ်၊ မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သဘာဝအလှကို မြတ်နိုးတတ်ကြတဲ့ သူတွေဖြစ်ပါသတဲ့။ အချစ်ရေးမှာ နက်ရိုင်းတတ်ပြီး လိူ့ဝှက်သဲဖို ဇာတ်လမ်းမျိုးတွေ ပိုင်ဆိုင်တတ်ပြီး အချစ်အတွက် ငွေ နဲ့ အချိန်ကိုလဲ ဖြုန်းတတ်ကြတဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။
မီးနွားနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ အဲ့နစ်မှာ မွေးတဲ့သူတွေမှာ မွေးရာပါ ခေါင်းဆောင်အရည်အချင်း ရှိတတ်ကြပါတယ်။ ဝင့်ဝင့်ကြွားကြွားနေ၊ မြန်မြန်ဆန်ဆန် ဆုံးဖြတ်၊ အပြိုင်အဆိုင် သိတ်လုပ်ပြီး စိတ်သိတ်မရှည်ကြဘူးတဲ့။ နောက်ပြီး အရာရာကို ပေါ့ပေါ့ဘဲ သဘောထား၊ ရက်ရောမူ့က အားကောင်းပြီး ခေါင်းမာတဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။ တချို့က တီထွင်မူ့ကောင်းတဲ့ အနုပညာရှင်တွေ၊ တချို့ကြတော့ ဆင်းရဲခြင်းကို ကြောက်လန့်ပြီး ငွေကြေးကို ထိမ်းတတ်သိမ်းတတ်သူတွေတဲ့။ များသောအားဖြင့် သူတို့ဟာ ကျန်းမာရေးကို လိုက်စားတတ်ကြတယ်။ ပြီးတော့ ဘဝရဲ့ အဓိက ပန်းတိုင်ကို မျက်ချေမပြတ်ကြပေမဲ့ တခါတရံမှာ တစုံတခုကို မျက်ကန်းတယောက်လို ယုံတတ်ကြသတဲ့ကွယ်။
သစ်သားနွားနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို စိတ်ကူးစိတ်သန်း ကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ လူမူထုံးတန်း အစဉ်အလာတွေကို လေးစားလိုက်နာ တတ်ကြပေမဲ့ အခြားသူတွေနဲ့ ပြေပြေလည်လည် ညှိနိုင်းလုပ်ဆောင် နိုင်ကြသူတွေဖြစ်လို့ အုပ်စုနဲ့ လုပ်တဲ့အလုပ်တွေ အဆင်ပြေကြပါသတဲ့။ သူတို့ဟာ မတရားမလုပ်တတ်၊ ရှင်းရှင်းဗွင်းဗွင်း ပြောတတ်သလို၊ အလုပ်ကို မခိုကပ်တပ်ကြပါဘူး။ သူတို့ဟာ အလုပ်အကိုင်တွေကို မြန်မြန်ဆန်ဆန် ဖြတ်ထိုးညဏ်သုံး လုပ်ကိုင်လေ့ရှိပြီး ယုံကြည်မူ့လဲ အပြည့်ရှိတတ်ကြသတဲ့။ ကောင်းမွန်တဲ့ မိသားစုမျိုး ဖန်တီးနိုင်ကြပြီး ပိုက်ဆံသုံးတာ ကပ်စေးနဲတပ်ကြပေမဲ့ ငွေရေးကြေးရေးက အဝင်အထွက် မမျှဖြစ်လေ့ရှိပါသတဲ့။
သတ်တုနွားနှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့ လို့ ဆိုပါတယ်။ သူတို့ဟာ အတွေးရှင်းသလို စကားပြောလဲ ပြတ်သားကြပြီး သူတို့ ပြောထားတဲ့ စကားလုံးကို ထိမ်းသိမ်းမူ့လဲ ရှိတတ်ကြတယ်။ သူတို့ရဲ့ ခံစားမူ့အမှန်ကို ဖုံးကွယ်ထားလေ့ရှိပြီး အလုပ်ကို မနားမနေ ကျိုးစားသူတွေဖြစ်ကာ ကိုယ်တိုင်ပြီးအောင်လုပ်ရမှ ကျေနပ်တပ်သူတွေဖြစ်လို့ တခါတရံ အနားယူသင့်ပါသတဲ့။ သူတို့ဟာ အမှတ်တရနေ့တွေမှာ ပါတီပွဲလုပ်တာ ဝါသနာပါတတ်ကြသတဲ့။ ဒါပေမဲ့ တခါတရံမှာ သူတို့ဟာ ကျဉ်းမြောင်းတဲ့သူတွေဖြစ်ပြီး အခြားသူတွေရဲ့ အနေအထားကို နားမလည်နိုင်ကြဘဲ အလုပ်အကိုင်တွေဆိုလဲ ပြီးမြောက်တဲ့အထိမလုပ်ဘဲ ထားတတ်ကြသတဲ့ကွယ်။
Sources: : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com
No comments:
Post a Comment