Sunday, May 10, 2020

ကြက် နစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ ကြက် နစ်တွင် မွေးဖွားလာသူများအကြောင်း

ကြက် နစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝ မှာကတည်းက အတတ်သင်လွယ်သော၊ ညဏ်ထက်မြက်သော၊ သန့်ရှင်းသတ်ရပ်သော စာဂျပိုး ကလေးများ ဖြစ်ပြီး အသေးစိပ်လွန်း၊ အတိအကျ လုပ်လွန်းသူ ကလေးများဖြစ်ကြပါသတဲ့။ သူတို့ဟာ စိတ်ခိုင်သူများ၊ စိတ်ကြည်လင်နေသူများ ဖြစ်ကြပြီး သူတော်ကောင်း ယောင်ဆောင်တဲ့သူတွေကို မုန်းတတ်ကြပါသတဲ့။ လွတ်လွတ်လပ်လပ် တွေးတတ်ကြ၊ လူမူ့ ဆက်ဆံရေးကကောင်း၊ အပြောလဲကောင်းပြီး ကြွားကြွားဝါဝါ နဲ့ သူဌေး လို၊ ခေါင်းဆောင်လို ပြုမူတတ်ကြပြီး ကိုယ်ပိုင် စည်းမျည်းတွေနဲ့ ကြီးကြီးကျယ်ကျယ်နေတတ်တဲ့ သူတို့လေးတွေဟာ ငွေကြေးကိုလဲ စုတတ်ကြသတဲ့။ သို့သော် တခါတရံမှာ သူတို့က ဘယ်တော့မှ အမှားကို ဝန်မခံတတ်ကြသလို ပြေလည်ရာ လမ်းကြောင်းလဲ မရှာဘဲ တုန်းတိုက်တိုက် ကျားကိုက်ကိုက်၊ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ပုံစံမျိုုး ရင်ဆိုင်တတ်ကြသတဲ့။ သူတို့တွေ ကြီးပြင်း လာတဲ့အခါ ကြည့်ကောင်းအောင် ဝတ်တတ်စားတတ်ပြီး လူပရိတ်သတ်အလည်မှာ စကားပြောတတ်၊ အဇွဲ့အစည်းတွေ နဲ့ အလုပ်လုပ်တတ်၊ ဝေဖန်တတ်ပြီး အတင်းလဲ ကောင်းကောင်း ပြောတတ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ငွေကြေး၊ စိးပွားရေး လုပ်ငန်းတွေမှာ တိကျမှန်ကန်ပြီး၊ ပေါ်လစီ ချမှတ် လုပ်ကိုင်ရာမှာလဲ အထူးသတိထား တတ်ကြသလို မှတ်စုလေးတွေ၊ အကြမ်းစာရွက်တွေ၊ အချိန်မှတ် စက်တွေနဲ့ နေ့တဓူဝ အလုပ်လုပ်တတ်ကြပါသတဲ့။ အချစ်ရေးမှာ ဆန့်ကျင်ဖက် လိင် အပေါ် အချစ်ကြီးတတ်သူတွေ ဖြစ်ကြပြီး အိမ်ထောင်ရေး သိတ်ကံမကောင်း တတ်ကြသလို ခွေးနှစ်မှာ မွေးတဲ့သူနဲ့ ညားရင်တော့ ခွေးကိုက်ခံရတဲ့ ကြက်လိုဘဝမျိုုး ဖြစ်တတ်ပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အနောက် ဖက်အရပ်တွေမှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေ ကြက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အေးချမ်းသော၊ ပညာဗဟုသုတ ရှိပြီး တာဝန်ယူတတ်သော၊ ဟန်ဆောင်မူ့ကင်းသော၊ လူကြီးဆံတတ်ကြသော သူတို့ဟာ ဆင်ခြင်တုံ တရားလဲ မဲ့တတ်ကြပါသတဲ့။ သူတို့ဟာ မျော်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ်သော လုံ့လ နဲ့ အမိအရ ကြိုးစားကြသူတွေ ဖြစ်ကြသလို အပေါင်းအသင်း ရောင်းရင်းတွေအပေါ်မှာ မိတ်ဆွေကောင်း စိတ်ဓါတ် ရှိသူတွေဖြစ်ကြပါတယ်။ သူတို့ဟာ စကားအရာမှာ ကျွမ်းကျင်တတ်ကြပြီး စကားလုံးတွေကို ခံစစ်၊ တိုက်စစ် ဗျုဟာကျကျ ပြောတတ်ဆိုတတ်တဲ့ သူတွေဖြစ်ပါသတဲ့။ နောက်ပြီး အမှတ်တရ အဖြစ်အပျက်တွေ၊ နေ့ရက်တွေ၊ ဖြစ်ပျက်ခဲ့တဲ့ အသေးစိတ် အနေအထားတွေကို ထာဝစဉ် စွဲမြဲနေတဲ့ သူတွေ၊ အဲဒီလို အနေအထားတွေကို ဓါတ်ပုံ ဗီဒီယို စာရွက်စာတန်းတွေနဲ့ မှတ်တမ်းလဲတင်ထားတတ်ကြတဲ့ သူတွေ ဖြစ်ကြပါသတဲ့။ အချစ်ရေးမှာတော့ အစမှာ နားလည်မူ့ အားနဲပြီး အခက်အခဲ ရှိတတ်ကြသော်လည်း နောက်ပိုင်းမှာ အောင်မြင်တဲ့ အိမ်ထောင်ရေးတွေ ဖြစ်သွားကြပြီး အိုအောင်မင်းအောင် ပေါင်းကြပါသတဲ့။
ရေ ကြက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အတွေးရှင်း၊ အပြောဘွင်းပြီး အမိန့်ဆံဆံ ပေးတတ်တဲ့ အများကို ခိုင်းနိုင်စွမ်းရှိတဲ့သူတွေ ဖြစ်ကြပါသတဲ့။ သူတို့ဟာ တီးတိုးစကားပြောတာမျိုးကို ပို နှစ်သက်လေ့ရှိပြီး ပရဟိတ အလုပ်မျိုးတွေမှာ ကျိုးကျိုးစားစား လုပ်တတ်ကြသလို ယထာဘူတကျကျ တွေးခေါ်တတ်သလို မညီးမညုု လုပ်ပေးတတ်ကြပေမဲ့ စိုးရိမ်တတ်၊ မနာလိုတတ်၊ ပိုင်ဆိုင်လိုတတ်တဲ့ စိတ်မျိုးတွေလဲ ရှိပါသတဲ့။ မရမနေ မနားတမ်း အလုပ်လုပ်လေ့ရှိတဲ့ သူတွေမို့ ကျိုးစားက ဖုရားဖြစ်၊ လိူင်းကြီးလှေအောက် တောင်ကြီး ဖဝါးအောက် ဆိုတာ သူတို့အတွက် ဆောင်ပုဒ် ဖြစ်နေမလားဘဲ။ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေ၊ သိပ္ဗံ သုတေသန ဘာသာရပ်တွေ၊ ကျန်းမာရေး၊ ဆေး နဲ့ စက်မူ့ပညာ နည်း ပညာ ဘာသာရပ်တွေကို ဝါသနာပါ လေ့လာလိုက်စားတတ်ကြသတဲ့ကွယ်။ သူတို့ ဘယ်ကိုသွားသွား၊ ဘာဘဲလုပ်လုပ် သူတို့ရဲ့ တကိုယ်ရေ ဆွဲဆောင်နိုင်မူ့၊ လူမူဆက်ဆံရေးကြွယ်ဝမူ့ အားကောင်းမူ့တွေကြောင့် ပတ်ဝန်းကျင်က အသိအမှတ်ပြုနေကြရပါသတဲ့။ တခါတရံမှာတော့ အမှန်တကယ် ခံစားမူ့ကို ဖုံးကွယ်ထားကာ မပျော်ရွင်ဘဲ ရှိနေတတ်ကြသတဲ့။ အချစ်ရေးမှာတော့ ချိုသာသော နှလုံးသား ပိုင်ရှင်များဇြစ်ပြီး အရမ်းထိလွယ်ရှလွယ် ခံစားလွယ်တဲ့ သူတွေ ဖြစ်ကြပါသတဲ့။
မီး ကြက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အောင်စိတ်၊ အောင်နိမိတ်တွေ နဲ့ တက်ကြွနေတတ်ကြပြီး၊ စည်းမျည်းတွေ လိုက်နာတတ်ကာ အာဏာပြလိုတဲ့ စိတ်လဲရှိတတ်ကြသတဲ့။ အရမ်း နံမည်ကြီး အောင်မြင်တတ်ကြသလို အုပ်ချုပ်တတ်၊ စီမံခန့်ခွဲတတ်၊ စည်းရုံးရေးအားကောင်းတဲ့ အရည်အချင်းရှိ ခေါင်းဆောင်များလဲ ဖြစ်တတ်ကြပြီး ရည်ရွယ်ရာ ပန်းတိုင်သို့ အရောက်လှမ်းကိုင်နိုင်သူများလဲ ဖြစ်နိုင်ကြပါတယ်တဲ့။ သူတို့ဟာ အောင်မြင်မူ့အတွက် လက်ခမောင်းခတ်တတ်ကြသလို၊ စကားလဲ အတော်ပြောနိုင်တဲ့သူတွေဖြစ်ကြပြီး စိုးရိမ်မူ့တွေကို ဖုံးထားတတ်ကြပါသတဲ့။ နောက်ပြီး ကြီးမားတဲ့ ရေတို ရေရှည် စီမံကိန်းတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြပြီး အဲဒါမျိုးမလုပ်နိုင်ရင် တော်တော်ရှက်တတ်တဲ့ သူတွေဖြစ်ကြပါသတဲ့။
သစ်သား ကြက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ရက်ရောပြီး စိတ်အားထက်သန်သူတွေ၊ ရိုးသားပြီး စည်းလုံးညီညွတ် တတ်သူတွေ၊ တရားမျှတပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတ မျှတဲ့သူတွေဖြစ်ပေမဲ့ ခေါင်းမာတတ်သလို၊ နားလည်ရခက်သလို သူတို့ကိုသူတို့ အလွန် ကာကွယ်တတ်သူတွေဖြစ်တတ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ အားနာတတ်ကြပြီး ပျော့ပျော့ပျောင်းပျောင်း နဲ့ ပျော်ပျော်နေတတ်သူများ ဖြစ်ကြသလို မနာလိုစိတ် နဲ့ ပိုင်ဆိုင်လိုစိတ်တွေ ရှိတတ်ကြပါသတဲ့။ သူတို့ဟာ တချိန်ထဲမှာ အလုပ်မှာရော အိမ်မှာရော လုပ်စရာအလုပ်တွေ အများကြီးနဲ့ အလုပ်ရူပ်နေတတ်လေ့ရှိပြီး အကျိုးအကြောင်း အဆိုးအကောင်း ဆွေးနွေးတိုင်ပင်တာတို့ စကားနိုင်လုတာတို့ကိုလဲ နှစ်သက်ကြပါသတဲ့။ သူတို့က သိပ္ဗံ ပညာ သုတေသန လုပ်ငန်းတွေကို ဝါသနာပါတတ်ကြပြီး သူတို့ရဲ့ အလုပ်အကိုင်၊ ငွေကြေး၊ ပေါင်းသင်းဆက်ဆံမူ့၊ ဖြစ်လာနိုင်ချေရှိတဲ့ အကောင်းအဆိုး အနေအထားတွေဟာ သူတို့ရဲ့ အလွန်အမင်း လုပ်တတ်တဲ့ အလေ့အကျင့်တွေ အပေါ်မှာ မူတည်ပါသတဲ့။ ကာမ အရာမှာ ရာဂထူပြောလွန်းလို့ တဏှာရဲ့ သားကောင်အဖြစ် နဲ့ ဘဝ ပျက်တတ်ကြပါသတဲ့။ ခရီးသွားတာတို့၊ မိသားစု၊ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံကြ၊ စားကြသောက်ကြရင်းနဲ့ အလုပ်က ပင်ပန်းနွမ်းနယ်မူ့ကို အပန်းဖြေ တတ်ကြပါသတဲ့။
သတ်တု ကြက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထို့နေ့မှာ မွေးသူများသည် လက်တွေ့ကျသော၊ စူးစမ်းမူ့ရှိသော၊ အကောင်းမြင်ပြီး၊ အလုပ်နဲ့ပျော်နေတတ်ကာ၊ ဖြစ်နိုင်ချေရှိတဲ့ အနေအထားတွေကို ကြိုတင် တွေးဆတတ်ကြသူတွေ ဖြစ်ကြသလို ဇီဇာကြောင်၊ အလေးမထား၊ အတ်တများတဲ့ သူတွေလဲ ဖြစ်ပါသတဲ့။ မဆုတ်မနှစ်သော ဇွဲလုံ့လ ဝရိယ ရှိကြပြီး၊ ခေတ်မှီလူသုံးပစည်းများကို ကြိုက်နှစ်သက်တတ်ကြကာ လူမူ့ အသိုင်းအဝိုင်း ပိုမိုကောင်းမွန်စေရန် အတွက် ပြန်လည်ဖွဲ့စည်း၊ မူအသစ်တွေချမှတ်တာမျိုုးတွေကို စိတ်အား ထက်သန်တတ်ကြပါသတဲ့။ စည်းစနစ်ကျနတဲ့ သူတို့ဟာ လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ထားလေ့ရှိတတ်ပြီး ငွေကြေးကိတ်စတွေကို ကွျှမ်းကျင်စွာ ကိုင်တွယ်နိုင်ကြပါသတဲ့။ အဝတ်အစားကို သတ်သတ်ရပ်ရပ် နဲ့ စတိုင်ကျကျ ဝတ်တတ်ကြသလို၊ မိသားစုဝင်တွေ၊ အပေါင်းအသင်းမိတ်ဆွေတို့ကို စောင့်ရှောက်ကူညီမူ့ အားကောင်း သူတွေလဲဖြစ်ကြပါတယ်။ ထို့ပြင် သူတို့ဟာ မမြင်ရတဲ့ အကြောင်းအရာတွေကို လေ့လာရန် စိတ်ဝင်စား တတ်ကြပါသတဲ့။

Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

No comments: