Saturday, May 9, 2020

BURMESE/MYANMAR MAHABOAT ASTROLOGY (Unicode Version)


https://youtu.be/Mu-XzRpHd98


နိဒါန်း
မိတ်ဆွေအပေါင်းတို့
ကျနော် ငယ်ငယ်ကတည်းက မိမိကိုယ်တိုင်ရှေ့ရေးနဲ့ အခြားသူများရဲ့ ဘဝကိုသိချင်လို့ ဗေဒင်ပညာကို လေ့လာလိုက်စားခဲ့ပါတယ်။ သို့ဖြင့် အခြေခံမဟာဘုတ်ဗေဒင်ကို ငယ်စဉ်ကိုရင်ဝတ်စဉ်က ဦးဇင်းတပါးထံမှလည်းကောင်း၊ ဖခင်ထံမှလည်းကောင်း လေ့လာသင်ယူခဲ့ပါသည်။ နောက်ပိုင်းတက္ကသိုလ် ကျောင်းသားဖြစ်လာပြီးနောက် လက်ခဏာပညာ၊ အနောက်နိုင်ငံမှ ဗေဒင်၊ အိန္ဒိယားမှ ဟူးရားဝေဒဗေဒင်၊ တရုပ်ဗေဒင် စသည်တို့ကိုလေ့လာဖြစ်ခဲ့ပါသည်။ အမေရိကားကိုရောက်ပြီးနောက်ပိုင်းမှာတော့ ဖုန်းရွှေလို့ခေါ်တဲ့ ဂျပန်ဗေဒင်၊ တဲရော့ခ်၊ ဂဏန်းဗေဒင် (နူမရော်လော်ဂျီ)၊သွေးအမျိုးအစားဗေဒင် စသည့် ဗေဒင် ၉ မြိုးကိုလေ့လာခဲ့ပါတယျ။ ၂၀၀၅ ခုနစ်မှာလူတယောက် ရဲ့ မွေးနေ့ နဲ့ နံမည် ကိုရိုက်ထည့်လိုက်တာနဲ့ ဗေဒင် ၉ ကျမ်းကနေ တခုပြီးတခုအဖြေတွေ ထုတ်ပေးမဲ့ ဝက်ပေ့ချ် တခုကို ကြိုစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒိတုန်းကပရိုဂယမ် ပညာအားနဲတာကတကြောင်း၊ မြန်မာလိုကီးဘုတ် မရိုက်တတ်တာကတကြောင်းတို့ကြောင့် ဝက်ပေ့ချ်ကြီး ဖြစ်မလာခဲ့ပါ။ အခုဖေ့စ်ဘုတ်ကနေ တဆင့်ပြီးတဆင့် တင်ပြသွားလို့ရတယ်ဆိုတာ သဘောပေါက်လို့ မြန်မာဗေဒင် မဟာဘုတ်ကိုစတင်လိုက်ပြီ။ တရုပ် ၁၂ ကောင်ဗေဒင် နဲ့ အိန္ဒိယားဟူးရားဗေဒင်တွေ၊ အနောက်တိုင်း ဗေဒင်တွေ နောက်ပိုင်း တခုပြီးတခု လာပါမည်။ ဆွေသဟာအပေါင်းတို့လဲ ဗေဒင်ပညာကို ခဲရာခဲစစ် သင်နေစရာမလိုဘဲ၊ မိမိအတွက်သော်လည်းကောင်း၊ မိမိနှင့် နီးစပ်ရာတပါးသူအတွက်လည်းကောင်း အခြေခံဟောကိန်းကို တွက်ချက်လို့ရပြီလေ။ ။
မြန်မာမဟာဘုတ် ဗေဒင်
(၁) ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၄ ရက်အတွင်းမွေးဖွားသူများ
အောက်မှလင့်ကိုနိပ်ပြီး ဓါတ်ပုံထဲမှာ မိမိရဲ့ အကြွင်းကိုရှာပါ။
(၂) ဧပြီလ ၁၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်းမွေးဖွားသူများ
အောက်မှလင့်ကိုနိပ်ပြီး ဓါတ်ပုံထဲမှာ မိမိရဲ့ အကြွင်းကိုရှာပါ။
ရွှင်လန်းချမ်းမြေ့ပြီးကံကောင်းနိုင်ကြပါစေသော်.
မေတ္တာမွန်ဖြင့်
ဆရာဝီလီယံစော
မှတ်ချက်။ ။ အထက်မှာပို့စ် လုပ်ထားသော ဗီဒီယိုလေးက မဟာဘုတ်ဗေဒင် အကြောင်းကို ရှင်းပြထားပါတယ်။
ကဲ မဟာဘုတ်ဗေဒင် ရှင်းပြထားတဲ့ ဗီဒီယိုလဲ ကြည့်ပြီးပြီ၊ အကြွင်းကိုတွက်ပေးတဲ့ ဓါတ်ပုံလဲကြည့်ပြီးပြီ ဆိုရင် ဟောဒီအောက်မှာ ပေးထားတဲ့ လင့်ခ်တွေထဲက မိမိရဲ့ အကြွင်းနဲ့ ဆိုင်တဲ့ လင့်ခ်ကိုနှိပ်ပြီး မိမိမွေးနေ့အောက်က ဟောစာတမ်းကို ဖတ်ရူ့နိင်ကြပါပြီ။
အကြွင်း ၀ ရှိသော သားသမိးများအတွက်
အကြွင်း ၁ ရှိသော သားသမိးများအတွက်
အကြွင်း ၂ ရှိသော သားသမိးများအတွက်
အကြွင်း ၃ ရှိသော သားသမိးများအတွက်
အကြွင်း ၄ ရှိသော သားသမိးများအတွက်
အကြွင်း ၅ ရှိသော သားသမိးများအတွက်
အကြွင်း ၆ ရှိသော သားသမိးများအတွက်

No comments: