တရုပ်ဗေဒင်နည်းအရ မြင်းနစ်တွင် မွေးဖွားလာသူများအကြောင်း
မြင်းနစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက အလွန်စိတ်လူပ်ရှားတတ်သူ၊ ကိုယ့်ကိုကိုယ် ယုံကြည်သူ၊ နုူးညံ့ပျော့ပျောင်းသူ၊ ဘယ်သန်သူများဖြစ်ကြပါသတဲ့။ သူတို့ဟာ အားကောင်းမောင်းသန်၊ အားကစား နဲ့ အပြင်မှာ လျှောက်သွားခြင်းတွေကို ဝါသနာပါတတ်ပြီး၊ မည်သည့်ပုံစံမျိုးနဲ့မှ အချုပ်မခံလို၊ လွတ်လွတ်လပ်လပ် ပျော်ပျော်နေတတ်သူများ ဖြစ်ကြပါသတဲ့။ နောက်ပြီး အရမ်းအကင်းပါးကြ၊ အချိန်တိုတိုအတွင်းမှာ သင်ယူနည်းယူနိုင်ကြ၊ အဝတ်ကို ဖက်ရှင်ကျကျ ဝတ်တတ်ကြပြီး ခေါင်းမာတတ်သော၊ နာခံမူ့မရှိတတ်သော၊ ကိုယ့်ဘက်ကို ယှက်သော၊ ကွန်ပြူတာဂိမ်းဆို ထမင်းမေ့ ဟင်းမေ့ ဆော့တတ်ကြပြီး၊ စောစောထ စကားပြော၊ ချစ်လဲချစ်တတ် မုန်းလဲမုန်းတတ်ပြီး အရွယ်လေးရောက်တာနဲ့ အိမ်ပေါ်ကဆင်းပြီး သွားတတ်ကြသတဲ့။ အသက်အရွယ် ရလာတဲ့အခါ၊ ရက်ရောတတ်သော၊ စိတ်မြန်လက်မြန်ပြီး ညဏ်ထက်မျက်သော သူများဖြစ်လာကြသော်လည်း စိတ်တိုလွယ်ပြီး ပြီးစလွယ် လုပ်တတ်သူများ ဖြစ်လာတတ်ပါတယ်။ တကိုယ်ရေ တကာယ လွတ်လပ်စွာနေတတ်ပြီး ဘဝကို အပြုသဘောမြင်ကာ အပေါင်းအသင်းများသူ၊ အသုံးအဖြုန်းကြမ်းသူ၊ အောင်မြင်မူ့အတွက် ဝင့်ကြွားတတ်သူတွေ ဖြစ်ကြသတဲ့။ အချစ်ရေး ကိတ်စတွေမှာ ရိုမက်တစ် နဲ့ ချစ်သူကို ဆပ်ပရိုက်စ် သိတ်လုပ်တတ်ကြပြီး ထိလွယ်ရှလွယ် ခံစားတတ်ကြသူများ ဖြစ်သော်လည်း အိမ်ထောင်ရေးမှာ မပျော်ပိုက်ကြဘဲ ကွာရှင်းပြတ်စဲ သွားတတ်ကြပါသတဲ့။ နောက်ပြီး နွေရာသီမှာမွေးသော သူများက ဆောင်းမှာမွေးသော သူများထက် ပိုပြီး ကံကောင်း တတ်ကြပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ တောင်ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေမြင်းနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ပျော်ရွှင်တတ်သော၊ တိကျတတ်သော၊ ဖြစ်နိုင် မဖြစ်နိုင်ကို တွေးဆတတ်သော၊ အေးအေးဖြေးဖြေးသာ ရွှေ့လျှားတတ်သော သူတွေဖြစ်ကြပြီး ဆုံးဖြတ်ချက် လုပ်ပေးတတ်ကြတဲ့ သူမျိုးမဟုတ်သလို၊ သူများ ဆုံးဖြတ်တာကိုလဲ ကန့်လန့် မလုတ်တတ်ကြပေ။ သူတို့ဟာ သန့်သန့်လေး နေတတ်ကြပြီး ကိုယ်ချင်းစာတတ်၊ ရက်ရောတတ်၊ မိတ်ဆွေတွေကို ကြည့်ရူ စောင်မတတ်ပေမဲ့ အင်မတန် ဂျီးထူတတ်ပြီး၊ တောင်းပန်ဖို့ ခက်တဲ့သူမျိုးတွေ ဖြစ်ကြပါသတဲ့။ သူငယ်ချင်းတွေကို ခင်တတ်သလို ချစ်သူဆိုလဲ သိတ်ချစ်တတ်ကြပါသတဲ့။ သူတို့ဟာ ဘယ်အရာကို မဆို မလုပ်ကိုင်မှီ သတိထားစဉ်းစား ဆုံးဖြတ်ချက်တွေ အချိန်ယူလေ့ရှိကြသလို၊ မိတ်ဆွေအသစ်တွေ့ဖို့ ပါတီလုပ်ကြဖို့ လူစုတွေ့ကြဖို့ စိတ်အား ထက်သန်ကြပြီး အဲဒိလို နေရာမျိုးမှာ လူတွေရဲ့ အာရုံရအောင်လဲ ဖန်တီးတတ်ကြသတဲ့။ လိုရာရောက်အောင် လှည့်ပတ် ပြောတတ်ကြတဲ့ သူတို့ဟာ စကားအချီအချ၊ စကားနိုင်လု ပြောတဲ့ ပွဲတွေကို နှစ်သက်ကြပါသတဲ့။
ရေမြင်းနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ချိုသာသော၊ သစ်စာရှိသော၊ ချစ်ခင်စုံမက်တတ်သော၊ ချစ်စရာကောင်းပြီး ထိလွယ်ရှလွယ်သော သူများဖြစ်ကြပါသတဲ့။ ထောင့်စေ့သော စိးပွားရေးသမားတွေ၊ တာဝန်ယူမူ တာဝန်ခံမူ့ရှိတဲ့သူတွေ၊ အားကစားလုပ်ရန်တက်ကြွသူတွေ ဖြစ်တတ်ကြသလို မိမိရဲ့ တကိုယ်ကောင်းဆံမူ့အတွက်ဖြစ်စေ၊ နစ်ရှည် မှာ အကောင်အထည် ဖော်နိုင်ရန်ဖြစ်စေ အကြာကြီး ဟန်ဆောင်ကောင်းသူများလဲ ဖြစ်ကြပါသတဲ့။ သည်းခံခြင်း၊ အလုပ်ကျိုးစားခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ ရိုးသားခြင်း နဲ့ ဖော်ရွှေ ပျုငှာ ရက်ရောတတ်တဲ့သူတို့ဟာ ကလေးတွေကို ချစ်တတ်သလို ခေတ်မှီ ဇိမ်ခံပစည်းတွေနဲ့ ချမ်းသာမူ့အတွက် အိမ်မက်မက်နေတတ်သူများဖြစ်ကြပါသတဲ့။ သူတို့ဟာ သူရဲကောင်းဝါဒသမားတွေဖြစ်ပြီး မတရားသူတွေကို မိမိအတွက်ဖြစ်စေ၊ တပါးသူတွေအတွက်ဖြစ်စေ တိုက်ခိုက်ပြီး သူရဲကောင်း ဖြစ်လိုတတ်ကြတယ်ဆိုဘဲ။ နောက်ပြီးတော့ အချစ်ဆိုတာ သူတို့အတွက် ထာဝရဖြစ်ပြီး ချစ်သူကို ပြုစုယုယ မျက်ချေအောက်က အပျောက်မခံ တတ်ကြဘူးတဲ့ဗျား။
မီးမြင်းနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ရဲစွမ်းသတ်တိရှိသော၊ အတတ်ပညာမြင့်မားသော၊ အသွင်အပြင်အဆင်ကောင်းသော၊ စိတ်လူပ်ရှားတတ်သူများဖြစ်ကြပြီး၊ သူတို့ရဲ့ ဖီလိုက ပျော်ပျော်နေသေခဲဘဲတဲ့။ ခရိးသွားတာကြိုက်နှစ်သက်ပြီး အကောင်းမြင်ဝါဒီတွေဖြစ်သလို၊ အလုပ်ကိုလဲ တိကျမှန်ကန်စွာ လုပ်နိုင်သူတွေဖြစ်သတဲ့။ အတတ်ပညာကို လေ့လာတဲ့နေရာမှာ စပ်စပ်စုစု နိုင်ပြီး ကော်လိုကပ်နေတဲ့ ပြသနာတွေကိုတောင် ခွာပြဖြေရှင်းနိုင်ကြပေမဲ့ မျက်ကန်းလို ယုံတတ်ပြီး သူများရဲ့ အယူအဆ အတွေးအခေါ်ကို နားမထောင်တတ်ကြဘူးတဲ့ဲ့။ အပြင်ထွက် ဟိုသွား၊ ဒီသွား အလုပ်များနေသလိုမျိုး အမြဲ တက်ကြွ လမ်းဆန်း နေတတ်ကြပြီး၊ သူတို့ကြိုက်တာ လုပ်ချင်တာမျိုးဆို ရာနုံးပြည့် အချိန်ကုန်ခံ ငွေကုန် ခံနိုင်ကြပါသတဲ့။ သူတို့ဟာ ဆိတ်ဆိတ် မနေတတ်ကြဘဲ အင်တိုက်အားတိုက် တက်ကြွနေတတ်ပြီး သူတို့ရဲ့ ပညာတွေကို မျှဝေတတ်ကြလို့ လူအများကို ဦးဆောင်သူတွေ ဖြစ်လာတတ် ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ သူတို့ချစ်သူကို ရွှေးနန်းထက်မှာ ထားချင်သူတွေ ဖြစ်ကြပါသတဲ့။
သစ်သားမြင်းနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ မိတ်ဆွေကောင်း ပီသတတ်သော၊ စိတ်ရှည်ပြီး စနစ်တကျ တွေးခေါ်တတ်သော၊ လူမူရေး မှ စိးပွားရေး၊ လူမူရေး မှ နိုင်ငံရေး သို့ အကောင်အထည် ဖော်တတ်သော သူများ ဖြစ်ကြပါသတဲ့။ စကားပြောကောင်းခြင်း၊ တီထွင်ကြံဆတတ်ခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ ခေါင်းဆောင်ကောင်း အရည်အချင်းရှိတတ်သဖြင့် နောက်လိုက်များစွာ ရှိတတ်ကြပါသတဲ့။ သမာဓိကောင်းခြင်း၊ လုံ့လဝိရိယကောင်းခြင်း၊ ဆုံးဖြတ်ချက် မြန်ခြင်း၊ အလုပ်ကို ကျိုးကျိုးနွံနွံ လုပ်ကိုင်တတ်ကြသော်လည်း အတ္တကြီးသူများဖြစ်ကြကာ ပစည်း အဟောင်းဆိုထုတ်၊ အသစ်တွေကို မက်မောတမ်းတ နေသူတွေဖြစ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ ကံကောင်းတတ်ကြသလို လူမူရေး အရမ်းကောင်းပြီး ပိုက်ဆံကိုရှာနိုင်သလို ကောင်းကောင်းလဲသုံးကာ အမှတ်တရနေ့ ပါတီပွဲများ ကောင်းကောင်း လုပ်တတ်ကြသတဲ့။ အလွန်ရက်ရော တတ်သူများမို့ သူတပါးကို ကူညီပေး၊ အလူအတန်း အကျွေးအမွေး တွေ ခဏခဏ လုပ်ပေးတတ်ကြသူတွေ လဲဖြစ်ပါသတဲ့။ အချစ်ရေးမှာ သစ်စာရှိသူများဖြစ်ပြီး ဘဝဆုံးသည့်တိုင်အောင် ချစ်တတ်သူများ ဖြစ်ကြပါသတဲ့။
သတ်တုမြင်းနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထို့နေ့မှာ မွေးသူများသည် ဥပတိရုပ်ကောင်းသူများ၊ နာမည်ကျော်ကြားတတ်သော၊ အထူး သတိထားတတ်သော၊ မဆုတ်မနစ် အားထုတ်တတ်သော သူများဖြစ်ကြသလို တခါတရံ အကြောင်းမဲ့ ဟိုလိုလို ဒီလိုလို ယောင်နေတတ်ပြီး ခေါင်းမာတတ်သော သူများဖြစ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ညဏ်ကထက်မျက်၊ ရဲစွမ်းသတ်တိလဲရှိ၊ အလုပ်ကိုလဲ လေးစားတတ်ကြပြီး၊ အသက်မွေးဝမ်းကြောင်း အလုပ်တွေမှာ အောင်မြင် တတ်ကြသော်လည်း၊ ဝင်ငွေထွက်ငွေ မမျှ ရှိတတ်ပြီး လိုချင်တာကများ များနေတတ်ပါသတဲ့။ သူတို့ဟာ အသက်ကြီးပြီး အထိုင်မချခင်မှာ လုပ်ချင်တာလေးတွေ အကုန်လိုလို လုပ်ကြည့်ချင်တဲ့ စိတ်တွေရှိတတ်ပြီး အလုပ်တွဲ လုပ်သူများ အပေါ်မှာ နားလည်မူ့တွေ၊ လေးစားမူ့တွေ ရှိကာ အပေါင်းအသင်း မိတ်ဆွေပေါကြသလို အချစ်ရေးမှာ ရိုမက်တစ် အရမ်းဆံပြီး ချစ်သူကို အရမ်း အလျော့ပေး တတ်ကြပါသတဲ့။
Sources: : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com
No comments:
Post a Comment