Sunday, May 10, 2020

ကျားနစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ ကျားနစ်တွင် မွေးဖွားလာသူများအကြောင်း

ကျားနစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာ ကတည်းက ချစ်ဖို့ကောင်းသူများ၊ အစစ အရာရာကို စူးစမ်းလိုသူများဖြစ်ပြီး အသံကျယ်လောင်စွာ အော်တတ် အကြမ်းပတမ်း ကစားတတ်သူများ ဖြစ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ အတွင်းခံစားမူ့ကို ချုုပ်ထိန်းမထားနိုင်ဘဲ ပြောချတတ်ပြီး သူတပါး အနေအထားကို သိဖို့ အကင်းမပါးကြပေမဲ့ နွေးထွေးမူ့ရှိသူများ ဖြစ်ကြပါသတဲ့။ သူတို့ ကြီးပြင်းလာတဲ့အခါ ရိုးသား ကျိုးစား အကျင်နာတရားတွေ ရှိတတ်သလို အရာရာကို သံသယနဲ့ ကြည့်တတ်ကြပါသတဲ့။ သူတို့ဟာ ရဲ့ရင့်သူတွေဖြစ်သလို၊ အပြောအဆို အမူအရာ ဆွဲဆောင်မူ့အားကောင်းကြပြီး လွယ်လွယ်နဲ့ အရုံမပေးတတ်ကြသလို အောင်မြင်အောင် ကိုယ့်ကိုကိုယ် တွန်းအားပေးတတ်ကြသတဲ့။ သူတို့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ချရင်း အများရဲ့ ထောက်ခံမူ့ကို ရအောင်ယူနိုင်ပြီး ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ အရည်အချင်းရှိသလို တကိုယ်ကောင်းဆံပြိး ခန့်မှန်းလို့ မရနိုင်လောက်အောင် စိတ်အပြောင်းအလဲ မြန်တတ်သူများလဲ ဖြစ်ကြပါသတဲ့။ ထို့ပြင် လောင်းကစားကို ဝါသနာပါယုံတင်မက အသိုင်းအဝိုင်း မိတ်ဆွေတွေ အကြားမှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ ရုံးမှာ အလုပ်မှာ ဖြစ်စေ နိုင်ငံရေး ကစားတာ အရမ်း ဝါသနာပါကြပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အရှေ့ နဲ့ အရှေ့မြောက်ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။

မြေကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ သို့မို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အမူအရာ တည်ငြိမ် အေးဆေး တတ်ကြတယ်။ တာဝန်ယူမူ၊ တာဝန်ခံမ့ူ ရှိတတ်ကြတယ်။ ရင့်ကျက်ပြီး လူကြီးဆံကာ လွတ်လပ်စွာ တွေးခေါ် တတ်ကြတယ်။ ဘာဘဲလုပ်လုပ် နက်နက်နဲနဲ လေးလေးစားစား ရှိတတ်ကြပြီး ကျင်နာတတ်တဲ့ သူတွေလဲဖြစ်ကာ သူတပါးကို မိမိအကျိုး ပျက်သည့်တိုင် ကူညီတတ်သူများ ဖြစ်ပါသတဲ့။ သို့သော် သူတို့ဟာ ဆုံးဖြတ်ချက် နှေးကွေးခြင်း၊ အိမ်မက်တွေများပြီး တကိုယ်ကောင်းဆံကာ အချစ်ရေး ဆိုရင် မစွန့်စားရဲတဲ့ သူတွေဖြစ်တဲ့အပြင် အကြမ်းဖက် ဖြေရှင်းတာကို ပိုကြိုက်နှစ်သက်ကြသတဲ့။

ရေကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင် ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အရာတွေ ဘာသာစကား လေ့လာမူတွေမှာ နားလည်၊ ကျွမ်းကျင်ကြတယ်။ တော်တော်များများကို လုပ်ချင် ဖြစ်ချင်တဲ့ ဝါသနာအလျောက် လုပ်ကိုင်ကြပေမဲ့ စိတ်ရှည်မူ့နဲလို့ တကြောင်း၊ အသေးအဖွဲကို ပုံကြီးချဲ့ ကာ အတူလုပ်သူတွေနဲ့ သဟဇာတ မဖြစ်တတ်လို့ မအောင်မြင်တတ်ကြပေ။ အချစ်ရေး ကိတ်စတွေမှာ ပြောင်းလဲတတ်၊ အရွေး လွန်တတ်ကြသော်လည်း မိသားစု အသိုင်းအဝိုင်းအပေါ်မှာ သံယောဇဉ်ကြီးပြီး ဂရုတစိုက် ရှိတတ်ကြသူများ ဖြစ်ပါသတဲ့။ နောက်ပြီး သူတို့မှာ ငါလုပ်တာသာလျှင် မှန်တယ်ဆိုတဲ့ စိတ်မျိုးရှိတတ်ကြလို့ သူတပါးပေးတဲ့ အကြံညဏ်မျိုးတွေကို လစ်လျုရူ့လေ့ရှိသတဲ့။ များသောအားဖြင့် လူလတ်ပိုင်းအရွယ်လောက်မှာ ငွေရေးကြေးရေး စုစုဆောင်းဆောင်းရှိတတ်ကြလို့ လူကြီးပိုင်းလောက်မှာ ငွေကြေး ပြေလည် တတ်ကြသတဲ့။ သူတို့ဟာ ပန်းချီ၊ ဒီဇိုင်း နဲ့ သုတေသန လုပ်ငန်းတွေမှာလဲ ထူးချွန်တတ်ကြပါသတဲ့။

မီးကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် ထိုနစ်မှာ မွေးသူများဟာ မျော်လင့်မထားဘဲ အပြောင်းအရွေ့ လုပ်တတ်ကြပြီး၊ နေရာ ဌာန လုပ်ငန်းအသစ်တွေကို စွန့်စားလုပ်လိုတဲ့ ဆန်ဒမျိုး ရှိတတ်ကြပါတယ်။ သူတို့တွေဟာ ရိုးသားကြပြီး အင်တိုက်အားတိုက်လုပ်နိုင်လောက်အောင် စွမ်းရည်ရှိကာ အကောင်းမြင်တတ်ခြင်း၊ မျှမျှတတရှိခြင်း၊ မရမနေကြိုးစားအကောင်အထည်ဖော်လုပ်ဆောင်လိုခြင်း၊ လိုအပ်လာရင် ပရိရယ် မာယာ ဗျုဟာများသုံးကာ ခေါင်းဆောင်မူ့နေရာကို အရယူတတ်ကြသူများလည်းဖြစ်ကြပါသည်။

သစ်သားကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက်မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ လက်တွေ့ကျကျ လုပ်ကိုင်တတ်သူတွေ တီထွင်ကြံဆတတ်သူတွေ နိုင်ငံရေး အရည်အချင်းနဲ့ ပြည့်စုံတတ်သလို ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ပြီး စည်းမျည်းတွေအများကြီးနဲ့ နေတတ်သူတွေပါတဲ့။
ထို့ပြင် အပြုသဘောဆောင်လုပ်တတ်ခြင်း၊ ရက်ရောခြင်းတွေရှိပေမဲ့ မထင်မှတ်ဘဲ ဒေါသူပုန် ထတတ်တဲ့ အကျင့်ဆိုးတွေ ရှိတတ်ကြပါသတဲ့။ ရုပ်ရည်ရူပကာရှိတဲ့ အိမ်ထောင်ဖက် နဲ့ညားပြီး ပျော်ရွင်စရာ အိမ်ထောင်လေးတခု တည်ထောင်နိုင်တဲ့သူမျိုးတွေဖြစ်ပေမဲ့ ရက်ရောခြင်း နဲ့ တကိုယ်ကောင်း ဆံခြင်းကြားမှာ မိမိဆန္ဒ နဲ့ ဘဝရဲ့ တကဲ့ လက်တွေ့ကြားမှာ လွန်ဆွဲတဲ့ တိုက်ပွဲတွေနဲ့ ဘဝကို ဖြတ်သန်း နေရတတ်ပါသတဲ့။  

သတ်ထုကျားနစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့ လို့ ဆိုပါတယ်။ ထိုနစ်မှာ မွေးသူများဟာ လောဘရမက်ကြီးခြင်း၊ စိတ်မြန်လက်မြန်ရှိခြင်း၊ သူ့အတွက်ဘဲ သူကြည့်တတ်သူများ ဖြစ်ကြသော်လည်း တရားမျှတမူ့ကို ကြိုက်နှစ်သက်ကြပြီး မိတ်ဆွေ မိသားစုဝင်များနဲ့ ချစ်ချစ်ခင်ခင် ကျင်ကျင်နာနာ နေထိုင်တတ်သူများ ဖြစ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ဦးနှောက် အရမ်းကောင်းသူတွေ ဖြစ်ကြပြီး ဘယ်လို အလုပ်မျိုးဖြစ်စေ မရမနေ ကြိုးစားအားထုတ်ကြပါသတဲ့။ တခါတရံ အခက်အခဲတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါ၊ မိမိ ဘဝပျက်ချင်ပျက်ပါစေ ပေပေတေတေ စွန့်စားဖောက်ထွက် တတ်သလို အဲ့လို အခြေအနေမျိုးတွေမှာ အိမ်ထောင်နဲ့ကွဲခြင်း၊ ခွဲနေရခြင်းမျိုးတွေ ဖြစ်တတ်ပါသတဲ့။

Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

No comments: