Sunday, May 10, 2020

ယုန်နစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ ယုန်နစ်တွင် မွေးဖွားလာသူများအကြောင်း
ယုန်နစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက ငြိမ်းချမ်းသော အပြုံးပိုင်ရှင်ကလေးများဖြစ်ကြပြီး၊ မိဘပြောစကားကို လိုက်နာကာ မိဘတို့ အရိပ်အကဲကိုလည်း သတိထား အကင်းပါးသူများဖြစ်ကြပါတယ်တဲ့။ သူတို့ဟာ တခါတရံ စကားကို တွတ်တီးတွတ်တာ ပြောကြကာ တခါတရံ ငြိမ်သက်လို့ တစုံတရာမှာ စိတ်ဝင်စားနေလေ့ရှိတတ်ပြီး အအိပ်အနေ နဲတတ်ကြသတဲ့။ အိမ်မှာဆိုလဲ မိဘတွေကို ကူညီတတ်ပြီး၊ ကျောင်းမှာဆိုလဲ လိုအပ်တဲ့ လူပ်ရှားမူ့တွေမှာ တက်တက်ကြွကြွ လုပ်အားပေးတတ်ကြပြီး ပတ်ဝန်းကျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးတတ်ကြလို့ ဒီလို ယုန်နစ်မှာ ကလေးမွေးလာရင် ကံအကောင်းဆုံး မိဘတွေလို့ တရုပ်တွေအသိုင်းအဝိုင်းမှာ ပြောတတ်ကြသတဲ့။ အဲလိုနဲ့ ကြီးပြင်းလာတဲ့အခါကြတော့ ပြင်းပြတဲ့ ဆန်ဒရှိသော၊ ထက်မြက်သော၊ တသမတ်ထဲမထားသော၊ နွေးထွေးသော၊ ပျော်ပျော်ရွင်ရွင်နေတတ်သော သူတွေဖြစ်လာကြပါသတဲ့။ လူမူပေါင်းသင်းဆက်ဆံရေးကို နားလည်တတ်ကျွမ်းသူတွေဖြစ်ပြီး တရားမျှတရေးကို မြတ်နိုးတတ်ကြလို့ အစိုးရ ဌာနတွေမှာ တာဝန်ထမ်းဆောင်နိုင်သူတွေ ဖြစ်လာနိုင်ပါသတဲ့။ ရန်သူကိုဘဲဖြစ်စေ၊ မိတ်ဆွေကိုဘဲ ဖြစ်စေ တလေးတစား ဆက်ဆံတတ်လို့ ရန်သူတောင် မိတ်ဆွေဖြစ်လာနိုင်ပြီး သတ်စရာရှိရင်လဲ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့သူတွေ ဖြစ်ပါသတဲ့။ တခါတရံမှာတော့ သင်ယူလိုစိတ်မရှိ၊ ပျင်းရိညီးငွေ့တတ်ပြီး၊ စိတ်လူပ်ရှားမူ့ များနေတတ်သလို၊ အချစ်ရေးမှာ တကိုယ်ရေ ဆွဲဆောင်မူ့ရှိကာ စိတ်ပြောင်းမြန်တတ်ပြီး အမှန်တကယ် အနေအထားကနေပြီး ဝေးရာကို ရှောင်လွဲနေတတ်ကြပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အရှေ့ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။

မြေယုန်နစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ကမ်ဘာမြေကြီးက ယုန်သတ်တဝါကို တိုက်ရိုက်ပတ်သက် နေသလိုဘဲတဲ့။ သူတို့ဟာ ဆင်ခြင်တုံတရားရှိပြီး၊ စိတ်လူပ်ရှားတတ်ကြသတဲ့။ သိုသိုဝှက်ဝှက်နေတတ်ပြီး၊ ရွှေညဏ်တော် ကွန့်မြူးတတ်ကာ ညရဲ့ သန်းခေါင်ယံ အချိန်တွေမှာ တောက်ပသော နက်ရိူင်းသော အတွေးအခေါ်တွေ ထွက်ထွက်လာတတ်ပါသတဲ့။ စိမံကိန်း အသစ်တွေကို အရေးတကြီး ဆွဲနိုင်ကြပြီး အကောင်အထည်ဖော်တဲ့အခါ  ရေရှည်ဖြစ်လာပြီဆိုရင် ငွေကြေးမပြည့်စုံတတ်လို့ မပြီးစီးနိုင်ဘဲ ရှိတတ်ပါသတဲ့။ သူတို့ဟာ ရိုးသားကြတယ်၊ အချစ်ရေးကိတ်စတွေကို အလေးထားတတ်ကြတယ်။ ဒါပေမဲ့ အခြားသူတွေက သူတို့ရဲ့ လူမူ့ရေးရာ ရူ့ထောင့်အမြင်တွေကို ဝေဖန် ပြစ်တင် ရူတ်ချတာကို ခံနိုင်ရည် မရှိတတ်ကြတဲ့ ရှေးရိုးစွဲ သမားတွေဖြစ်ကြပါသတဲ့။ နောက်ပြီး သူတို့စိတ်ကူးထားတဲ့ ပန်းတိုင်တွေဆီအရောက် အသိပညာတွေ အတတ်ပညာတွေ ကိုသုံးပြီး တဆင့်ခြင်း လှမ်းတတ်တဲ့သူတွေဖြစ်ကြသလို ရုပ်ဝါဒီသမားတွေဖြစ်ကာ တကယ်လို့ သူ့တို့ရဲ့ အကျိုးစိးပွား လမ်းကြောင်းထဲမှာ မပါဝင်တဲ့ အခြားသူတွေကို ထည့်တွက်တပ်တဲ့ သူမျိုးတွေ မဟုတ်ကြပါတဲ့။

ရေယုန်နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အေးချမ်းတတ်၊ သဘာဝ နဲ့ ဂီတကို မြတ်နိုးတတ်သူတွေဖြစ်ကြပြီး အရမ်းကြေကွဲလွယ်၊ စိတ်လူပ်ရှားလွယ်၊ ပေါက်ကွဲလွယ်ကြပြီး၊ အတိတ်က အရိပ်ထဲမှာ နစ်မြောနေတတ်တဲ့ သူမျိုုးတွေဖြစ်ကြပါသတဲ့။ အပေါင်းအသင်း နဲ့ ငွေကြေး၊ အချစ်ရေး ကိတ်စတွေမှာ ပေါ့ပေါ့လေး သဘောထားတတ်ကြပြီး အပြစ်တင်ခံရမှာကိုတော့ အသေကြောက်တတ်ကြသတဲ့။ ခလေးတွေကို ချစ်တတ်တဲ့ သူတို့ဟာ အချစ် နဲ့ တဏှာ ကို ကစားတတ်ပြီး ရာဂ အိမ်မက်တွေ တလှေကြီးနဲ့ စိတ်ကူးယဉ်နေတတ်ပါသတဲ့။ နိုင်ငံခြား ဘာသာစကားတွေ၊ ဖီလော်ဆော်ဖီ နဲ့ စိတ်ပညာ၊ ပန်းချီ ပန်းပု နဲ့ အနုပညာ တို့မှာ ထူးချွန်တတ်ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ပတ်ဝန်းကျင် အသစ်မှာ ရှင်သန်နေထိုင် တတ်ကြသူတွေဖြစ်သလို အလွယ်တကူနဲ့ လှည့်ဖျားလို့လဲ မရပါတဲ့။ ယဉ်ကျေးပြီး ရန်ဖြစ်တာကို မနှစ်သက်တတ်ကြသလို သူတို့ချမှတ်ထားတဲ့ စည်းမျည်းတွေကို တင်းကြပ်စွာ ကိုင်တွယ်ထားတာမျိုးလဲ မလုပ်ကြပါတဲ့။
မီးယုန်နစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ အဲ့နစ်မှာမွေးတဲ့သူတွေမှာ ချစ်စရာကောင်း၊ အပြောကပွင့်လင်း၊ စိတ်ကလဲလူပ်ရှားတတ်၊ ပညာတွေလဲတတ်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိကြပါသတဲ့။ သူတို့ဟာ ပျော်ပျော်နေတတ်ကြပြီး၊ အကြမ်းနည်းနဲ့ ရင်ဆိုင်ဖြေရှင်းတာထက် သံတမန်နည်းအရ ဖြေရှင်းတာကို ပိုကြိုက်နှစ်သက်တတ်ကြလို့ိ နိင်ငံတကာ အဖွဲ့အစည်း၊ တိုင်းနိုင်ငံတွေ နဲ့ ကုမ်မဏီတွေရဲ့ ကိုယ်စားလယ်ခေါင်းဆောင်တွေ ဖြစ်တတ်ကြသလို သူတို့အလုပ်မှာ အပြောင်းအလဲတွေ၊ နိုင်ငံရေးတွေများပြီး တွန်းအားတွေ၊ ဖိအားတွေ ရှိတတ်ကြပါသတဲ့။ အကြံကြီး ညဏ်ကြီးတဲ့ သူတို့ဟာ ရေရှည်စီမံကိန်းကောင်းတွေ ရေးဆွဲနိုင်ကြပြီး အနှောင်အဖွဲ့ကင်းတဲ့ အလုပ်မျိုးကို ပိုနှစ်သက်ကြပေမဲ့ ငွေကြေးအခက်အခဲ ပြသနာအတွက် စိုးရိမ်နေရတတ်ပါသတဲ့။ ထို့ပြင် သူတို့ဟာ ချစ်တတ်သူတွေဖြစ်ပြီး၊ အချစ်ကို အလေးအနက်ထားကာ အဲ့ အချစ်အတွက် သတ္တိလဲ ရှိတတ်ကြပါသတဲ့။ မျော်လင့်ချက်ကြီးမားပြီး ရှေ့ဆောင်တွေဖြစ်တဲ့သူတို့ဟာ စိတ်ကြီးလဲဝင်နေတတ်ပြီး သူတပါးကို လစ်လျုရူတတ်သူတွေလဲ ဖြစ်ကြပါသတဲ့။

သစ်သားယုန်နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်း ကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ ရက်ရောတတ်ခြင်း၊ အားနာတတ်ခြင်း၊ ချိုသာခြင်း နဲ့ အချစ်ကြီးတတ် သူများဖြစ်ပြီး နားလည်လွန်ကာ လိုက်လျောလွန်းသူများ ဖြစ်တတ်ကြပါသတဲ့။ သူတို့ဟာ စာပေအနပညာ၊ သမိုင်းရာဇဝင် နဲ့ ဖီလော်ဆော်ဖီ ဘာသာရပ်တွေမှာ ဝါသနာပါ ထူးချွန်တတ်ကြပြီး ဗြုုရိုကရက်တွေလို နေတတ် ဆက်ဆံတတ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ အသက်ကြီးချိန် လောက်ရောက်မှ တည်တည်ငြိမ်ငြိမ် ဘဝတွေ ရှိတတ်ပါသတဲ့။ ညဏ်ရည်ထက်မြက်ပြီး အပြင်ဘန်းအနေဖြင့် ပြုံးရွှင်သော ရက်ရောတတ်သော မျက်နှာပိုင်ရှင်များဖြစ်ကာ အတွေးထဲတွင် မျက်နှာရူံမဲ့ တွက်ချက်နေတတ်သူများလဲ ဖြစ်ကြပါသတဲ့။

သတ်တုယုန်နှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင် ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ သူတို့တွေဟာ ရိုးသားတတ်၊ ကျင်နာတတ်၊ စိတ်လုပ်ရှားတတ်ပြီး၊ ညဏ်ထက်မြက်ကာ သွေးအေးအေးဖြစ် ရက်စက်တတ်သောသူများ ဖြစ်ကြပါသတဲ့။ နောက်ပြီးတော့ လရောင်ကို နှစ်သက်ကြပြီး ရှက်ကြောက်တတ်၊ ရိုမက်တစ်ဆံတတ်ကြပြီး အုံဘုန်းချစ် နဲ့ ချစ်တတ်သူများ ဖြစ်ကြကာ အချစ်ရေးကို တန်ဖိုးလဲ ထားတတ်သူများ ဖြစ်ကြပါသတဲ့။ အနုပညာ နဲ့ ဂီတ၊ ဖီလော်ဆော်ဖီနဲ့ နတ်ခတ်ဗေဒင်ပညာတွေမှာ ထူးခွျှန်တတ်ပြီး စိးပွားရေး အတွေးအခေါ် ကောင်းတွေလဲ ရှိတတ်ပါသတဲ့။ အလုပ်ကို မြတ်နိုးတတ်၊ မအောင်မြင်မှာကို စိုးရိမ်တတ်၊ နိုင်ငံရေး နယ်ပယ်မှာ လူထု စည်းရုံးလူပ်ရှားမူ့တွေ အောင်မြင်တတ်ကြပေမဲ့ ရှေးရိုးစွဲသမားတွေ ဖြစ်နေတတ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ ဒူပေဒံပေ ခံနိုင်ရည်ရှိပြီး ဆုံးဖြတ်ချက် ပြတ်သားကာ တုံပြန်မူ့မြန်သူတွေ ဖြစ်ကြပါသတဲ့။

Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

No comments: