တရုပ်ဗေဒင်နည်းအရ ကြွက်နစ်တွင် မွေးဖွားလာသူများအကြောင်း
ကြွက်နစ်တွင် မွေးဖွားလာသူများသည် ငယ်စဉ်ကတည်းက လူကြီးဆံဆံ တွေးတတ်၊ ငေးတတ်၊ ရေးတတ်၊ ပြောတတ်ကြသူများ ဖြစ်ပါသတဲ့။ သူတို့ဟာ တယောက်ထဲ နေရတာကို မနစ်သက်ဘဲ ရှက်လဲရှက်တတ်သတဲ့။ ကိုယ့်ကိုကိုယ် ထိမ်းနိုင်ခြင်း၊ အကောင်းမြင်တတ်ခြင်း၊ အပေါင်းအသင်းများခြင်း၊ ကျောင်းတက်ရန် တက်ကြွနေတတ်ခြင်း၊ ပျော်ပျော်နေတတ်ပေမဲ့ အရေးကြီးတာဆိုရင် အလေးထားတတ်သတဲ့။ ကြီးပြင်းလာတဲ့ အခါကြတော့ အခက်အခဲတွေကို ရင်ဆိုင်ရဲခြင်း၊ ဖြတ်ထိုးညဏ်ကောင်းခြင်းစတဲ့ အရည်အသွေးတွေ ရှိလာသလို ကပ်စေးနဲတတ်လာခြင်း၊ ဈေးချိုတဲ့ ပစည်းတွေ ဈေးဆစ်ပြီး မလိုအပ်တာတွေပါ ဝယ်လေ့ဝယ်ထရှိခြင်း၊ ကိုယ်ပိုင် ခံစားချက်ကို လျို့ဝှက်ထားတတ်ခြင်းတွေလဲ လုပ်တတ်သတဲ့။ သူတို့ဟာ အတတ်ပညာတွေကို လေ့လာရာမှာ လွယ်လွယ်နဲ့ မြန်မြန် သင်ယူနိုင်ပြီး စပ်စုတပ်သလို ပညာလောဘကြီးသူတွေ ဖြစ်ပါသတဲ့။ နောက်ပြီး အလွန်အမင်း သံသယတွေများ၊ မဆုံးဖြတ်ရဲဘဲ ရိုးရာယုံကြည်မူ့တွေ အောက်မှာနေတတ်ပြီး အခွင့်အရေးကို စောင့်နေတတ်တဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ မြောက်ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ လက်တွေ့ကျကျ လုပ်တတ်ခြင်း၊ ရိုးသားခြင်း၊ သူ့နံမည် အပျက်မခံခြင်း၊ လူတွေနင့်ပေါင်းသင်းခြင်းကိုလည်းကောင်း၊ အလုပ်ကိုလည်းကောင်း ရည်ရှေမြဲတဲ့ သူများဖြစ်ပါသတဲ့။ ချစ်ခင်တတ်၊ တာဝန်ယူတတ်ပြီး လေးစားတဲ့ သူတယောက် အပေါ်မှာ ဂတိကဝတ်ကို အမြဲလို ထိမ်းသိမ်းထားတတ်သတဲ့။ ပိုက်ဆံသုံးတဲ့ နေရာမှာတော့ ကပ်စေးနဲတတ်ပေမဲ့ လောင်းကစားမှာတော့ သုံးတတ်ကြသတဲ့။
ရေကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ဒါကြောင့်လဲ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ သဘာဝကို လေ့လာရာမှာဖြစ်စေ၊ အခြားသူများကို လေ့လာရာမှာဖြစ်စေ အကင်းပါးသူတွေဖြစ်နိုင်ပါတယ်တဲ့။ အများအကျိုး ဆောင်ရွက်လိုကြပြီး၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်အောင် လုပ်နိုင် နေနိုင်ကြသူတွေလဲဖြစ်ပါသတဲ့။ မိသားစု၊ သူငယ်ချင်းတွေ နဲ့ ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ချစ်တတ်ကြပြီး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တို့ကိုလဲ နစ်သက်ကြပါသတဲ့။ ဒါပေမဲ့ သူတို့တွေဟာ ကွေ့ကောက်ဝေ့ဝိုက်တတ်ကြတယ်။ စိတ်အပြောင်းအလဲမြန်ပြီး ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်ကောင်းတွေ မရှိတတ်ကြဘူးတဲ့။
မီးကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ သို့မို့ကြောင့် ထိုနစ်မှာ မွေးသူများဟာ အားကောင်းမောင်းသန် စိတ်မြန်လူမြန်တွေဖြစ်ပြီး စကားအခြေအတင်ပြောကာ အနိုင်ယူလိုသူတွေ ဖြစ်ပါသတဲ့။ ထို့ပြင် သူတို့ဟာ လွပ်လပ်မူတို့၊ အပြိုင်အဆိုင် စိးပွားရေး လုပ်ကိုင်မူ့တို့ နှစ်သက်ကြပြီး အဲလို ဒေသတွေကို ပြောင်းရွေ့နေလိုကြတဲ့သူမျိုး ပြီးတော့ သူတို့ ခင်တဲ့သူတွေကိုဘဲ လေးစားအလေးထားတတ်သလို ပိုက်ဆံဟာ သူတို့ရဲ့ လိူ့ဝှက်ထားတဲ့ ဘုရားသခင်တဲ့။ သူတို့ဟာ အောင်နိုင်မူ့အတွက် အမြဲတန်း ဂုဏ်ယူဝင့်ကြွားလေ့ရှိလို့ ဘဝနောက်ပိုင်းမှာ တယောက်ထဲ နေကြရတာများပါသတဲ့။
သစ်သားကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ သိုသိုသိပ်သိပ်နေတတ်ခြင်း၊ မနေမနား အလုပ်များနေတတ်ခြင်း၊ စပ်စုတတ်ခြင်း၊ အခြေအနေ ကာလံဒေသံ အလိုက် ပြောင်းလဲပေးနိုင်ခြင်းအပြင် သူတို့နဲ့ ပတ်သက်နေတဲ့ သူတွေရဲ့ စိတ်နေစိတ်ထားကိုလဲ နားလည်နိုင်စွမ်းရှိပြီး ရက်ရောတတ်တဲ့သူတွေလဲ ဖြစ်ပါသတဲ့။ ဒါပေမဲ့ သူတို့တွေက အတ္တများတတ်ပြိး အနာဂတ် နဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတတ်ကြကာ သူတို့လုပ်ခဲ့တာကို ဘယ်တော့မှ မကြေနပ်နိုင်ပါဘူးတဲ့။
သတ်တုကြွက်နှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုလိုပါတယ်။ ထိုနစ်မှာ မွေးသူများဟာ အ န္တရယ် နဲ့ ကြုံလာတဲ့အခါ ရင်ဆိုင် ရှင်သန်နိုင်ခြင်း၊ လူအများကို ခေါင်းဆောင်နိုင်ခြင်း၊ စွယ်စုံ အရည်အချင်းရှိလို့ လုပ်ငန်းများစွာကို လုပ်ဆောင်နိုင်ပါသတဲ့။ ထို့ပြင် သူတို့တွေဟာ စိတ်လူပ်ရှားလွယ်ပြီး ဝေဖန်လေကန်လွန်းလို့ မကောင်းမြင်တဲ့သူတွေလို့ အများက အထင်ခံရတတ်ပါသတဲ့။ သူတိူ့က အနီးကပ် မိတ်ဆွေတွေကို ယုံကြည်အားကောင်းပြီး ပျင်းရိတဲ့သူတွေကို မုန်းတတ်သတဲ့။ နောက်ပြီးတော့ သူတို့ဟာ မနာလိုတတ်တာတွေ၊ တကိုယ်ကောင်းဆံတာတွေကို သူများ မမြင်အောင်ဖုံးကြရင်းနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းမှာ အရုံးသမားတွေ ဖြစ်တတ်ကြပါသတဲ့။
Sources: : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and from the following web sites;
http://www.astrosonia.com/five_elements_05.shtml
http://www.tuvy.com/entertainment/horoscope
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com
No comments:
Post a Comment