Sunday, May 10, 2020

မြွေနစ်တွင် မွေးဖွားလာသူများအကြောင်း

တရုပ်ဗေဒင်နည်းအရ မြွေနစ်တွင် မွေးဖွားလာသူများအကြောင်း

မြွေနစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက တခါတရံ ငြိမ်ငြိမ်လေး နေလိုက်၊ တခါတလေ အလွန်ဆော့ပြီး မှတ်ညဏ်ကောင်းကာ၊ တခါတရံ စိတ်အလွန်ကောင်းပြီး၊ တခါတလေ အညိုအညင်ပေးတတ်ကြလို့  နားလည်ရခက်သော စရိုက်ရှိသူတွေလို့ ပြောစမှတ်ပြုကြပါတယ်။ သူတို့ဟာ ဇွဲလုံလ ရှိကြသလို အိုင်ကြူမြင့်သော၊ ဦးနှောက်ပြေးသော ကျောင်းသားများ ဖြစ်လာတတ်ပါသတဲ့။ သူငယ်ချင်း အပေါင်းအသင်းကို နှစ်ရှည်ပေါင်းတတ် ကြသူတွေဖြစ်ပြီး၊ လူတွေကို ဘယ်လို သုံးရမလဲဆိုတာရယ်၊ ဘယ်အချိန်မှာ သုံးရမလဲဆိုတာကို ကောင်းကောင်းသိသလို မနာလိုစိတ် အလွန်ကြီးသော သူတွေဖြစ်ကြပါသတဲ့။ ဒီလိုနဲ့ လူကြီးဖြစ်လာတဲ့အခါ၊ စာဖတ်တာ ဝါသနာပါလာပြီး၊ သီချင်းကောင်းတွေလဲ မြတ်နိုးတတ်သလို အစားကောင်းတွေ ကြိုတ်တတ်ကာ ဈေးကြီးတာကိုမှ လိုချင်သူတွေ ဖြစ်လာကြရောတဲ့။ သူတို့ဟာ ရက်ရောတတ်ပြီး သတိထား ဆက်ဆံတတ်တဲ့ သူတွေဖြစ်ကာ တယောက်သောသူကို ပေးထားတဲ့ ဂတိကို ဘယ်တော့မှ မမေ့တတ်ကြသလို၊ ဂတိပျက်သွားသူကိုလဲ အမြဲမှတ်ထားကြသတဲ့။ ဆွဲဆောင်နိုင်တဲ့ အရည်အသွေးရှိပြီး တည်တည်ညိမ်ညိမ်နေတတ်ကာ တခါတရံမှာ အန်တရယ်ကို အကြောက်အရွံမရှိ ရင်ဆိုင်တတ်ကြသတဲ့။ ထို့ပြင် သိုသိုသိပ်သိပ် နေတတ်ကြကာ သမြောတတ်သလို၊ သံသယများကာ အလွန်လဲအယူသည်းပြီး လောင်းကစား လုပ်ခြင်းဖြစ် ဘဝပျက် တတ်ကြပါသတဲ့။ အချစ်နဲ့ ပတ်သက်လာရင် ရိုမက်တစ်ဖြစ်ကြသလို ဆန့်ကျင်ဖက်လိင်ရဲ့ စိတ်ကို ဖတ်နိုင်ပြီး မနာလိုလဲဖြစ်တတ်ကြကာ အချစ်ကို ရယူပိုင်ဆိုင်လိုသူများ ဖြစ်တတ်ကြပါသတဲ့။ စကားပြောကောင်းကြသလို မွေးရာပါ အတွေးအခေါ် ကောင်းသူတွေဖြစ်လို့ ဖီလိုဆိုဖာတွေ၊ သင်္ချာပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေနဲ့ အခြားပြိုင်ဖက်တွေကို ကောင်းကောင်း ပညာပေးတတ်တဲ့ ငွေကြေးဘဏ်လုပ်ငန်း အစုရှင်တွေ ဖြစ်တတ်ပါသတဲ့။ နောက်ပြီး သွေတိုး နဲ့ ဆိးချို ရောဂါကို အလွယ်တကူ ဖြစ်တတ်သဖြင့် ကျန်းမာရေး လိုက်စားသင့်သူတွေ ဖြစ်ပါသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ တောင် နဲ့ အရှေ့တောင်ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေမြွေနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ယုံကြည်စိတ်ချလောက်သော၊ စည်းကမ်းရှိသော၊ တာဝန်ယူတတ်သော သူများဖြစ်ပြီး အများနဲ့ ဆက်ဆံရေး ပြေလည်သူများဖြစ်ကြပြီး အထိတ်တလန့် အနေအထားမှာတောင် ထိန်းချုပ်နိုင်စွမ်းရှိသော သူများဖြစ်ကြပါသတဲ့။ ထို့ပြင် ဆွဲဆောင်နိုင်သော ရုပ်ရည်ရှိကာ၊ အပေါင်းအသင်းများနှင့် နိုင်ငံ့ ကာကွယ်ရေး တပ်မတော်ကို လေးစား သစ္စာထားတတ်ကြပြီး၊ ရှေးရိုးသမားများ ဖြစ်တတ်ကြပါသတဲ့။ တည်ငြိမ်သောနှလုံး၊ ချိုသာသောအပြုံး တို့ရှိကာ အလုပ်ကြိုးစား တတ်ကြသော်လည်း လောင်းကစားလုပ်တတ်သောကြောင့် ငွေကြေးမတည်ငြိမ် မူ့တွေရှိတတ်ပါသတဲ့။ လူအများနဲ့ဆက်ဆံရသော ဆက်သွယ်ရေးရုံးများ၊ စိးပွားရေး စင်တာများ၊ ဘဏ်များ၊ အာမခံလုပ်ခန်းများ၊ ငွေကြေး အစူရှယ်ရာ ဌာနများ၊ လူနေအိမ် ဆောက်လုပ်ရေး လုပ်ငန်းရုံးများမှာ အလုပ်လုပ်လျှင် ပိုအဆင်ပြေ တတ်ကြပါသတဲ့။ သူတိ့ုက ဆုံးဖြတ်ချက်ချဖို့ အတင်းတိုက် တွန်းတာမျိုးကို မကြိုက်ကြသလို မိတ်ဆွေတွေ ဆွေမျိုး မိသားစုဝင်တွေကို တတ်နိုင်သလောက် ကူညီတတ်တဲ့ သူမျိုးတွေ ဖြစ်ကြပါသတဲ့။
ရေမြွေနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အမျှော်အမြင်ရှိပြီး၊ လက်တွေ့ကျကျ တွေးခေါ်တတ်ကာ စိးပွားရေး အတွေးအခေါ် ကောင်းတတ်သော်လည်း စိုးရိမ်တတ်သူတွေ ဖြစ်ပါသတဲ့။ နောက်ပြီးတော့ တော်လှန်တတ်သော အတွေးအခေါ်တွေ နဲ့ အကောင်းမြင်ဝါဒ ရှိပေမဲ့ တဖက်သားကို လုံးဝယုံကြည်မူ့ မရှိတတ်ကြပေ။ သူတို့တွေဟာ အချစ်ရေးမှာ ကံကောင်းတတ်ကြတယ်။ အရောင်းအဝယ်တို့၊ ရုံးအလုပ် စီမခန့်ခွဲတတ်ခြင်းထက် ငွေကြေးစီမံခန့်ခွဲမူ့ တို့ဘက်မှာ ပိုအဆင်ပြေတတ်ကြပြီး အသေးအဖွဲလေးတွေကို ထိလျှပေါက်ကွဲ တတ်သူများဖြစ်ပါသတဲ့။ စွန့်စားတတ်တာတွေ၊ ဖြတ်ထိုးညဏ်ကောင်းပြီး လုပ်ဆောင်နိုင်မူ့ စွမ်းရည်မြင့်မားသူများ ဖြစ်ကြသဖြင့် အခွင့်အရေးတွေကို အလွယ်တကူ ရယူနိုင်သူများ ဖြစ်သလို အမှားနဲနဲနဲ့ လုပ်ဆောင်နိုင်သူတွေလဲ ဖြစ်ကြပါသတဲ့။

မီးမြွေနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ အဲ့နစ်မှာမွေးတဲ့သူတွေဟာ စိတ်ကော၊ လူရော သန်မာတတ်ပြီး ယုံကြည်ချက်မြင့်မားတတ်ကြပါသတဲ့။ အချစ်လဲကြီး၊ အမုန်းလဲကြီး၊ ထိလွယ်ရှလွယ် နှလုံးသား နဲ့ အရုံးသမားဖြစ်လာရင် သူတို့ဘဝနဲ့ရင်းပြီး ပေးဆပ်တတ်ကြသတဲ့။ နောက်ပြီး ကိုယ်ချင်းစာတရားတွေ၊လောကပါလတရားတွေ၊ ဖြတ်ထိုးညဏ်ကောင်းခြင်းတွေ၊ သစ်စာတရားတွေ၊ရက်ရောခြင်းတွေရှိလို့ အပေါင်းအသင်းများတတ်ပြီး ကံကောင်းခြင်းတွေက တဖြေးဖြးဖြစ်လာတတ်ပါသတဲ့။  ခေါင်းဆောင်မူ့ကောင်းခြင်း၊ ငွေကြေးကိတ်စတွေ ကျွမ်းကျင်မူ့ရှိခြင်းကြောင့် နိုင်ငံရေး၊ စိးပွားရေး ကဏ္ဍတွေမှာ ခေါင်းဆောင်နေရာရတတ်ပါသတဲ့။ များသောအားဖြင့် ဘဝရဲ့ အသက်ကြီးပိုင်းတွေမှာ ငွေကြေးပြေလည် တည်ငြိမ်မူ့ရှိတတ်ပြီး ကံကြမာရဲ့ လိုအပ်မူ့ အခြေအနေအရ လိုအပ်ရင် မြွေအရေခွံလဲသလိုမျိုး ပြောင်းနိုင်သူတွေလဲ ဖြစ်ကြပါသတဲ့။ ပြသနာတခု ဖြစ်ပြီဟေ့ ဆိုတာနဲ့ နောက်တလှမ်းဆုတ် ပတ်ဝန်းကျင်အနေအထား အခြေအနေအရပ်ရပ်ကို အသာလေး ညိမ်ကြည့်နေပြီးမှ သူတို့ လုပ်ကိုင်နိုင်စွမ်းအနေအထား နဲ့ လိုက်လျှောညီထွေ အခြေအနေမျိုုးမှာ လျှောကနဲ ပြန်ဝင်လာတတ်သူတွေ ဖြစ်ကြပါသတဲ့။

သစ်သားမြွေနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို  စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက်မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ ပညာညဏ် အမျှော်အမြင်ကြီးခြင်း၊ လက်ရှိအခြေအနေကို အမှန်အတိုင်းမြင်ပြီး၊ ရှေ့လာမဲ့ အနာဂတ်ကို ကြိုတင်ခန့်မှန်းတတ်ကြပါသတဲ့။ ပန်းချီ အနုပညာ၊ ဂီတ၊ အကောင်းစား အမှန်အကန် အသုံးအဆောင်ပစည်းတွေ ကြိုက်နှစ်သက်ကြပြီး အဆင့်အတန်းမြင့် တဲ့ လူနေမူ့ဘဝကို ခုံမင်ကြသတဲ့။ သွေးတိုး ဆီးချို ဖြစ်တတ်လို့ ကျန်းမာရေးကို ပိုဂရုစိုက်တတ်ကြကာ၊ အီမ်မက်တွေ အကောင်အထည်ဖော်ရန် အမြဲတန်း ကြိုးစားနေတတ်ပြီး၊ မိတ်ဆွေကောင်းတွေရှိတတ်တဲ့ သူတွေဖြစ်ကြသလို လုပ်ချင်တဲ့ ပန်းတိုင်တွေကများလို့ လွတ်သွားတဲ့ အခွင့်အရေးတွေလဲ ရှိတတ်သတဲ့။ သူတို့ဟာ စကားပြောကောင်းကြသူတွေဖြစ်ပြီး အချစ်ရေးမှာ နက်နဲတတ်သလို တာဝန်ယူမူလဲရှိတတ်ပေမဲ့ ခေါင်းမာတတ်တဲ့ ညဉ်ရှိတတ်လို့  အိမ်ထောင်ဖက်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကတောက်ကစ ရှိတတ်ပါသတဲ့။ နောက်ပြီး သူတို့ဟာ ပျော်ပျော်နေသေခဲ ဖီလော်ကိုကိုင်ထားပြီး အပေါင်းအသင်းလဲ များသူတွေမို့ လူသိများတဲ့သူတွေဖြစ်ကြပါသတဲ့။

သတ်တုမြွေနှစ်မှာ မွေးဖွားသူများအကြောင်း

တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို  သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထိုနစ်မှာ မွေးသောသူများဟာ ညဏ်ထက်သော၊ စိတ်အင်အား ကြီးမားသော သူများဖြစ်ပြီး အရာရာမှာ တွက်ချက်တတ်သူများဖြစ်ကြပါသတဲ့။ ပြသနာရှိလာရင် တိတ်တိတ်ဆိတ်ဆိတ် နေ၊ အနေအထားကို ရှင်းရှင်းလင်းလင်းကြည့် တတ်ကာ မြန်မြန်လူပ်ရှား ကျော်ဖြတ်သွား တတ်တဲ့သူတွေ ဖြစ်ပါသတဲ့။  အနုပညာ၊ တေးဂီတ၊ အစားအသောက် စတာတွေကို ကြိုက်နှစ်သက်ကြပြီး၊ ဆင်ချင်တုံတရား ကျော်လွန်သော သဘာဝလွန် အဖြစ်အပျက်များကိုလဲ ဝါသနာပါတဲ့ သူများဖြစ်ကြသတဲ့။ ရက်ရောတတ်ခြင်း၊ မြတ်နိုးတတ်ခြင်း၊ မာနရှိခြင်း၊ လုံခြုံစွာနေတတ်ခြင်း၊ အများနဲ့ အလုပ်အတူတူ လုပ်ဆောင်တတ်ကြပေမဲ့ အရမ်းလိူ့ဝှက်တတ်ကြသလို သူများတွေကို အမြဲသံသယရှိတတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်လွန်းသူတွေ ဖြစ်ကြပါသတဲ့။ သူတို့ဟာ ငွေအရင်းအနှီး မြုပ်နှံရာမှာ ကျွမ်းကျင်တတ်ကြပြီး ဆန့်ကျင်ဖက် လိင်ကို ဆွဲဆောင်မူ့ အားကောင်းကာ ရက်ရက်စက်စက် ရက်ရောသောသူများ ဖြစ်ကြပါသတဲ့။
Sources:  : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and  from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com

No comments: