တရုပ်ဗေဒင်နည်းအရ သိုး/ဆိတ် နစ်တွင် မွေးဖွားလာသူများအကြောင်း
သိုး/ဆိတ် နစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာကတည်းက သီချင်း ဂီတ၊ ကဗျာ၊ ပြုံးနေတဲ့ အရုပ်မျိုးတွေနဲ့ အဝတ်အစားတွေကို နှစ်သက်လေ့ရှိတတ်သတဲ့။ နောက်ပြီး သူတို့ဟာ နွေးထွေးတတ်သော၊ ရက်ရောတတ်သော၊ ရှက်တတ်သော၊ ပျော့ပျောင်းပြီး စိတ်ရှည်တတ်သော သူများဖြစ်ပြီး စိတ်နုးညံ့ကာ သူများငိုတာမြင် လိုက်ငိုချင်တတ်သူများဖြစ်ကြပြီး မိဘတို့ရဲ့ အနီးကပ်စောင့်ကြည့်မူ့ လိုတတ်သူများ ဖြစ်ကြပါသတဲ့။ သူတို့က အရာရာမှာ ကိုယ်တိုင်လုပ်ချင်ကြပြီး သူများကို ဆရာလုပ်ပြီး ပြန်လုပ်ပြရတာကို နှစ်သက်ကြပါသတဲ့။ တရုပ်ပြည်မှာ နံပါတ် ၈ ကို ငြိမ်းချမ်းရေး သင်ကေတ အဖြစ်သတ်မှတ်သလို သိုး/ဆိတ် နှစ်မှာမွေးသူတွေဟာ ငြိမ်းချမ်းတတ်ကြပြီး လှည့်ဖျားတာကို မုန်းပြီး သဝန် တိုတတ်ပါသတဲ့။ သူတို့တွေ ကြီးပြင်းလာတဲ့အခါ ရက်ရောတတ်၊ ကျင်နာတတ်၊ ကူညီတတ်၊ ယဉ်ကျေးပြီး၊ တပါးသူတွေကိုလေးစားတတ်သလို သူများရဲ့ လေးစားမူ့ကိုလဲ ရရှိကြပါသတဲ့။ အပေါင်းအသင်းများပြီး ချစ်သူလဲ များတတ်ကြကာ အိမ်ထောင်ကောင်းတခုကို ဘဝနောက်ပိုင်းမှာ တည်ထောင်နိုင်ကြသူတွေဖြစ်ကြသော်လည်း စိတ်ကူးယဉ်တတ်၊ အရမ်းစိတ်လူပ်ရှားတတ်၊ ခေါင်းမာတတ်၊ အလွယ်တကူ ဝမ်းနဲတတ်ပြီး သူတို့ ခံစားချက် အမှန်ကို တော်ရုံနဲ့ မမြင်မသိနိုင်အောင် ဖုံးကွယ်ထားတတ်ပြီး ပုန်ကန်လိုတဲ့ စိတ်ဓါတ်တွေ ရှိတတ်ပါသတဲ့။ နောက်ပြီး သူတို့ဟာ ချစ်သူကို ယုံကြည်တတ်ကြလို့ နှစ်ယောက်ထဲဆို ဘာပြသနာမှ မရှိတတ်ဘဲ နောက်တယောက် ဝင်လာတဲ့အခါ ပြသနာ စတတ်ပါသတဲ့နော်။ ဆောင်းတွင်းမှာ မွေးတဲ့ သူတွေရဲ့ ဘဝ ပိုမိုခက်ခဲတတ်ကြသတဲ့။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အနောက်တောင် နဲ့ တောင်ဖက်အရပ်တွေမှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေ သိုး/ဆိတ် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အကောင်းမြင်တတ်သော၊ သတိရှိသော၊ အလွန်အမင်း တာဝန်ယူတတ်သော၊ အလုပ်ကြိုးစားပြီး ရှေးရိုးစွဲသူများဖြစ်ကြပါသတဲ့။ ထို့ပြင် စာဖတ်ဝါသနာပါပြီး အပေါင်းအသင်းတွေနဲ့ ခရီးသွားတာကို နှစ်သက်တတ်ကြတယ်တဲ့။ လူမူ့ဆက်ဆံရေးကောင်းမွန်ခြင်းကြောင့် အသင်းအဖွဲ့ စက်ရုံ အလုပ်ရုံ များတွင် အလုပ်အကိုင် အဆင်ပြေတတ်ကြသော်လည်း ကြိုတင်မှန်းလို့ မရတဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားကြောင့် အဆင်မပြေမူ့တွေ ရှိတတ်ပါသတဲ့။ သူတို့ဟာ အသက်ကြီးပိုင်းမှာ မမျှော်လင့်ဘဲ ငွေကြေးကံကောင်းတတ်ပါသတဲ့။ သူတို့ရဲ့ အချစ်ရေး အိမ်ထောင်ရေးတွေမှာတော့၊ နွေးထွေးခြင်း၊ ကျင်နာခြင်း၊ ဂရုတစိုက်ရှိခြင်း၊ ကာမဂုဏ်နွယ် တဏာစုံပန်းဝတ်မူံ တို့ဖြင့် ထုံမွန်းရစ်ပတ် ကြိုင်သင်းနေတတ်ပါကြောင်း။
ရေ သိုး/ဆိတ် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အရည်အချင်းရှိသော၊ တည်ငြိမ်ပြီး စကားကို ညင်သာစွာ နှင့် ထိရောက်စွာပြောတတ်သော၊ ချစ်တတ်ခင်တတ်သော အမူအရာရှိတတ်ကြပြီး သူတပါးကို အလွန်အမင်း တောင်းပန်တတ် အားနားတတ်ပြီး ချစ်ခင်တဲ့သူတွေအတွက် မိမိရဲ့ ပိုင်ဆိုင်မူ့ကို အနစ်နာခံ ပေးဆပ်တတ်ကြတဲ့ သူများဖြစ်ကြပါသတဲ့။ သူတို့က အချိန်တွေ၊ စည်းမျည်းတွေ နဲ့ အလုပ်လုပ်ကိုင်ရတာမျိုုး မကြိုက်နှစ်သက်သလို၊ သက်တောင့်သက်သာ နဲ့ တင်းကျပ်မူ့နဲတဲ့ နေရာဌာနမျိုးမှာ ပို နေချင်တတ်ကြပါသတဲ့။ ပြီးတော့ သူတို့ဟာ နိုင်ငံရေး နဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးတတ် ဖြေရှင်းတတ်တဲ့ ခေါင်းဆောင်မျိုး ကိုယ်စားလှယ်မျိုးတွေဖြစ်နိုင်ပေမဲ့ လူအများအကြိုက် လိုက်လုပ်တတ်ပြီး အခွင့်အရေးသမားတွေလဲ ဖြစ်တတ်ပါသတဲ့။ အချစ်ရေးမှာ ကံကောင်းတတ်ကျပေမဲ့ ငွေကြေးကတော့ သိတ်မပြေလည်တတ်ကြသလို ကျန်းမာရေးလဲ ညံ့တတ်ကြပါသတဲ့။ ထို့ပြင် သူတို့နဲ့ ညားကြတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းသူတွေလို့ ပြောရမလောက်အောင် သူတို့က ပြုစုကောင်းသူတွေ ဖြစ်ကြပါသတဲ့။
မီး သိုး/ဆိတ် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ လုပ်ရဲကိုင်ရဲတဲ့စိတ်ရှိပေမဲ့ အပျော်ကိုဘဲ လိုက်ရှာနေတတ်သူတွေ၊ ခွန်အားကြီးသလို အနိုင်ကျင့် တိုက်ခိုက်ချင်တာမျိုးလုပ်ချင်သူတွေ ဖြစ်တတ်ကြသတဲ့။ သူတို့ဟာ စကားကို ရှင်းရှင်းဘွင်းဘွင်း နဲ့ ရယ်ရွှင်စရာတွေ လုပ်ပြောတတ်ကြပြီး ဆွဲဆောင်မူ့ကောင်းတဲ့ လူထူးဆန်းတွေ ဖြစ်သတဲ့။ သူတို့ဟာ ပါတီလုပ်တာတို့၊ လူစုပြီး စားပွဲသောက်ပွဲလုပ်တာတို့နဲ တက်ကြွနေတတ်ပြီး ငွေသုံးစွဲမူ့လဲ များနေတတ်ကြပါတယ်။ နောက်ပြီး သူတို့ဟာ ရာသီဥတု ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ၊ ကျန်းမာရေး နဲ့ အစာလဲဆေး၊ ဆေးလဲအစာ ဘာသာရပ်တွေကို ဝါသနာပါလေ့ရှိသတဲ့။ ငွေရေးကြေးရေးအနေနဲ့ သူတို့ရဲ့ ဒုတိယအရွယ်နောက်ပိုင်းမှာ ပိုအဆင်ပြေတတ်ကြပါသတဲ့။ သူတို့ဟာ တစိမ်းတွေနဲ့ဆို ဆိတ်ညိမ်နေတတ်ကြပေမဲ့ အတော်လေး အကြောင်းသိလာပြီး ယုံကြည်လာရတဲ့သူတွေနဲ့ဆိုရင် စကားတော်တော် များလာတတ်ကြပါသတဲ့။ သူတို့ဟာ ချစ်ရေးကိတ်စမှာ အလွန် တွယ်တာနှောင်ဖွဲ့ တတ်ကြတယ်ဆိုဘဲ။
သစ်သား သိုး/ဆိတ် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက်မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ စိတ်ထားကောင်း၊ အတွေးကောင်းပြီး ခံစားတတ် ရက်ရောတတ် သူတော်ကောင်းတရားတွေကို ကျင့်သုံးတတ်သူများဖြစ်ကြပါသတဲ့။ သူတပါးကို ကူညီရမယ်ဆိုရင် အမြဲတန်း တက်ကြွနေတဲ့ သူတို့ဟာ ငွေကြေးကံကလဲ ကောင်းတတ်ကြပါသတဲ့။ သူတို့ဟာ အကောင်းမြင်တတ်သူတွေ၊ စည်းရုံးရေးကောင်းသူတွေ၊ ပြသနာ အဖြေရှာပေးတတ်သူတွေလဲ ဖြစ်နိုင်ကြသလို ပြင်းတတ်တဲ့သူတွေလဲဖြစ်နိုင်ပါသတဲ့။ ငယ်ငယ်တုန်းက အတ်တနဲနဲ ရှိတတ်တဲ့ သူတို့ဟာ ကြီးလာတဲ့အခါ တချို့က အခွင့်ရေးသမားတွေ ဖြစ်လာကြပါသတဲ့။ အချစ်ရေးမှာ သူတို့က အလွန်အမင်းချစ်တတ်သူတွေဖြစ်သလို မရိုးသားတာကို သိလိုက်တဲ့အခါဖြစ်စေ၊ သဝန်အလွန်ကြောင်တတ်လို့ နားလည်နိုင်စွမ်း မရှိတဲ့ အိမ်ထောင်ဖက် မျိုးနဲ့ တွေ့တဲ့အခါ စေတနာ ကို ဝေဒနာထင်လို့ဖြစ်စေ အိမ်ထောင်ကွဲတာတွေ ဖြစ်တတ်ပါသတဲ့။
သတ်တု သိုး/ဆိတ် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထို့နေ့မှာ မွေးသူများသည် ကိုယ့်ကိုယ်ကို ယုံကြည်သူများ၊ ထိလွယ်ခိုက်လွယ်ဖြစ်ပြီး သတိကြီးသူများ၊ အသက်မွေးဝမ်းကြောင်းအတတ်ပညာ တတ်မြောက်ကြပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်းသူများ ဖြစ်ကြပါသတဲ့။ ယေဘူရ အားဖြင့် သူတို့ဟာ ကံကောင်းတတ်ကြသူတွေဖြစ်ပြီး စိးပွားရေးလုပ်ငန်းတွေမှာ လတ်မြင်တတ်တဲ့သူတွေ ဖြစ်ကြပါတယ်။ မိမိတို့ မိသားစုဝင်တွေကိုလည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်းတို့ကိုလည်းကောင်း၊ အလုပ်ရှင် နဲ့ အထက်အရာရှိကိုလည်းကောင်း လေးစားမူ့ ယုံကြည်မူ့တွေ ရှိကြသူတွေဖြစ်ပါသတဲ့။ ထို့ပြင် သူတို့ဘဝ လူနေမူ့စတိုင်က ရိုးစင်းကြပြီး စေ့စပ်ဆွေးနွေးအဖြေရှာ ပေးတာတို့၊ ကြားဝင်ဖြန်ဖြေပေးတာတို့၊ လူအများအတွက် လုပ်ပေးရတဲ့ ဌာနတွေမှာ လုပ်ကိုင်တာတို့ အောင်မြင်တတ်ကြပါသတဲ့။ သူတို့ လုပ်ဆောင်ချင်စိတ်ရှိလာရင် မဖြစ်မနေ မရပ်မနား လုပ်တတ်ကြသတဲ့။ သူတို့ရဲ့ အချစ်ဆိုတာက ခဏခဏ မွေးဖွားတတ်ကြပြီး ဘယ်သူ့ကို ဘယ်အချစ်က တကယ့်အချစ်ဆိုတာ သူတို့ဟာ သူတို့ မသဲကွဲတတ်ကြဖူးတဲ့။ အချစ်ကို ပိုင်ဆိုင်လိုခြင်း၊ မနာလိုခြင်းတွေ နဲ့ အလွန်အမင်း ကာကွယ် တတ်ကြတဲ့ သူမျိုးတွေ ဖြစ်တတ်ကြပါသတဲ့။
Sources: : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com
No comments:
Post a Comment