Thursday, May 21, 2020

အကြွင်း ၁ MAHABOAT

အကြွင်း ၁ ရှိသောတနင်းဂနွေသားသမိး အသင်သည် မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွား အနေဖြင့် မွေးဖွားလာသူ ဖြစ်သဖြင့် သင့် မှာမွေးရာပါ ရောဂါတွေ ပါလာနိုင်ကိန်းရှိပါသည်။ ငယ်စဉ်အခါ သင့်အဖေဖြစ်သူနဲ့ သေကွဲ (သို့) ရှင်ကွဲခွဲ နေရကိန်းလဲရှိပါတယ်။ အသက် ၇ နှစ် နောက်ပိုင်း ၂၁ နှစ် အတွင်း ပုတိအိမ်မှာ ရောက်နေလို့ ကံကောင်းတာတွေ မလာသေးလို့ သတိထား နေရမဲ့ကိန်းရှိတယ်။အသက် ၂၂ နှစ် နောက်ပိုင်း ၂၉ နှစ်တွေမှာ အင်္ဂါဂြိုလ်စိးသော သိုက်ဖွားမှာ ရှိနေသဖြင့်သင် နဲ့ သင့် မိသားစုတို့ရဲ့ စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်း ရှိသော်လည်း အတိုက်အခံ အနှောင့်အယှက်တော့ နဲနဲရှိပါတယ်။ အဲဒီနစ်တွေထဲမှာလက်ထပ်မယ်ဆိုရင် ချမ်းသာတဲ့ အီမ်ထောင်ဖက်နဲ့ ညားကိန်းရှိပါတယ်။ အသက် ၃၀ နှစ်နောက်ပိုင်း ၄၇ နှစ်ရောက်တဲ့အခါ ဗုဒ္ဓဟူးဂြိုလ်ဟာ မရဏအိမ်မှာ ရောက်နေလို့ သားသမီးတွေအတွက် သောကများကိန်းရှိပါတယ်။ အထူးသဖြင့် အသက် ၄၆ မှာသေလောက်တဲ့ ရောဂါရနိုင်ပါတယ်။ အသက် ၄၈ နှစ်နဲ့ ၅၆ ကြားကနှစ်တွေမှာ အသင်ဟာ စနေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကောင်းတွေလဲ ရလာကိန်းရှိပါတယ်။အသက် ၅၇ နှစ်နောက်ပိုင်းနဲ့ ၇၆ နှစ်အကြား ကာလတွေမှာ ကြာသာပတေး ဂြိုလ်စိးသော အဓိပတိအီမ်မှာရှိလို့ ကူညီပံပိုးမဲ့ ကလေးတွေမရှိရင်တောင်မှ သြဇာ ရှိသော နောက်လိုက် အသိုင်းအဝိုင်းများသော ဘဝကိုရကိန်းရှိပါတယ်။ မိန်းမနဲ့ ကွဲကိန်းခွဲနေ ကိန်းရှိသော်လည်း အိုဇာတာကောင်းကိန်းရှိပါတယ်။ အကြွင်း ၁ ရှိသောတနင်းလာသားသမိး မွေးတုန်းကပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်က ကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခု ချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေ စိးပွားရေး အကြပ်ရိုက်တာမျိုး၊ အီမ်ထောင်ကွဲတာမျိုးလဲ ဖြစ်တတ်သလို အသင်ကမွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပါတယ်။ အသက် ၁၆ နှစ် ကနေ ၂၃ နှစ် အကြားအသင်ဟာ အင်္ဂါဂြိုလ်စိူးမိုးသော သိုက်အိမ်မှာရှိနေသဖြင့် သင့်မှာ အခွင့်အလမ်းကောင်းတွေ ရလာနိုင်ပါတယ်။ ထီလဲဘဲပေါက်ကိန်းရှိပါတယ်။အသက် ၂၄ နှစ် မှ ၄၀ နှစ်အကြားဗုဒ္ဓဟူးဂြိုလ် စိုးမိုးသော မရဏအိမ်မှာ ရောက်နေလို့ ကျန်းမာရေးညံ့ကာ စိးပွားရေးက မသေချာဖြစ်လာသော်လည်း နံမည်ကြီးကိန်းတော့ရှိပါတယ်။ ဒါပေမဲ့လဲ အသက် ၄၀ နှစ် မှ ၅၀ နှစ်အကြားမှာ စနေဂြိုလ်စိုးမိုးသော အထွန်းအိမ်၊ အသက် ၅၁ နှစ် မှ ၆၉ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသောအဓိပတိအိမ် မှာရောက်နေလို့ ၊စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေးလုပ်ဆောင်မူတွေ အတော်လေးအဆင်ပြေလာပေမဲ့ သောကမကင်းစရာလေးတွေလဲရှိပါတယ်။ ကျန်းမာရေးလဲ ကျဆင်းလာနိုင်လို့ အနေအထိုင် အစားအသောက်တွေ ဆင်ချင်ပြီး ကိုယ်လက်လေ့ကျင်ခန်း၊ စိတ်အတွက် လေ့ကျင့်ခန်းတို့ကို လုပ်ပေးရမှာဖြစ်တယ်။ ခြုံပြောရရင် ပထမဆုံးခလေးက သမိးဖြစ်ဖို့ ကိန်းရှိပြီး သားသမီးဆီကနေ ထောက်ပံမူ့ရခဲပါတယ်။ နံမည်ကြီးသူတယောက်ဖြစ်ဖို့ နှစ်အတော်ကြာ မမှိတ်မသုံ ကျိုးစားရမှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို အလောတကြီးမလုတ်မိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ အသင်ဟာ ခဏခဏမှားလဲ ပြင်တတ်တဲ့သူမဟုတ်လ့ိုပါ။ အကြွင်း ၁ ရှိသောအင်္ဂါသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူ ဖြစ်သဖြင့် ချမ်းသာသော မိသားစုမှာပေါက်ဖွားခြင်း၊သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပြီးအသင်ရဲ့ ကိုယ်ခန္ဓာပေါ်မှာ သိသာထင်ရှားတဲ့ အမှတ်အသားတွေ ပါလာတတ်ပါတယ်။ အသံသြဇာရှိခြင်း၊ တဖက်သားကို ကျအောင်ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။အသက် ၂၁ နှစ် အရွယ်မှာသေနတ်၊ ဓါးစတဲ့ လက်နက်တွေနဲ့ ထိခိုက်မူ့ကိန်းရှိသဖြင့် သတိရှိဖို့လိုပါတယ်။ အသက် ၂၅ နှစ်နဲ့ ၃၅ ကြားကနှစ်တွေမှာ အသင်ဟာစနေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်လို့ စိးပွားရေးတွေလဲကောင်း၊ နံမည်ကောင်းတွေလဲ ရလာကိန်းရှိပါတယ်။ နေရာပြောင်းရွေ့နေရကိန်းလဲရှိပါတယ်။ အသက် ၃၆ နှစ် မှ ၅၄ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသော အဓိပတိအိမ် မှာရောက်နေလို့ ၊ စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေးလုပ်ဆောင်မူတွေ အရမ်းအဆင်ပြေလာပေမဲ့ ကျန်းမာရေးက စတင်ကျဆင်းလာနိုင်တယ်။အသက် ၅၅ နှစ် မှ ၆၆ နှစ်အကြားရာဟုဂြိုလ် စိုးမိုးသောမရဏအိမ် မှာရောက်နေသဖြင့် ကျန်းမာရေးဂရုစိုက်ပါ၊ ကြိုတင်ပြင်ဆင်မူ့မရှိလျှင် အသက်ဆုံးရူံးရကိန်းရှိပါသည်။ အသက် ၆၇ ကနေ ၈၇ နှစ် အတွင်းမှာတော့ သင်ဟာသောဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင် စိးပွားတိုးတက်မုူမှာသင်ဟာအခရာ ဖြစ်လာကိန်းရှိပါတယ်။ အသက် ၈၅ မှာအသင် သေဆုံးကိန်းရှိပါတယ်။ ခြုံပြောရရင်ဖြင့် သင်သည် အိမ်ထောင်ဖက်ကောင်းကိုရကိန်းရှိပါတယ် ဒါပေမဲ့ ဖခင် နဲ့ ကြာကြာနေရကိန်းမရှိပါ။ ကံကောင်းသူတယောက်လို့ ပြောလို့ရပေမဲ့ မကြာခဏအမှားလုပ်တတ်တယ်။ အဲ့ အမှားကို သင်ခန်းစာယူပြီးအမှန်တွေလုပ်ရင် သင်မှာပိုပြီးအောင်မြင်မူ့ ရကိန်းရှိပါကြောင်း။ အကြွင်း ၁ ရှိသောဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်ဟာ မရဏလို့ခေါ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုအလွန်အမင်း ဖြစ်စေခြင်းနဲ့ သေမင်း ဂြိုလ်အိမ်မှာမွေးဖွားလာသောကြောင့် ကျန်းမာရေးညံ့ခြင်း (သို့) တယောက်ထဲနေလျင် ကြောက်တတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ သို့သော် သင့်မှာဆွဲဆောင်နိုင်သော သနားကမား ရုပ်ရည်မျိုးရှိတတ်ပါတယ်။ အသက်အရမ်းငယ်တဲ့ အရွယ် (သို့) ၁၇ နှစ်လောက်မှာသေလောက်တဲ့ ရောဂါမျိုးရတတ်ပါတယ်။အသက် ၁၈ ကနေ ၂၇ နှစ်ထိ စနေဂြိုလ်စိးသော အထွန်းအီမ်မှာရောက်နေသဖြင့် ထိုနှစ်များမှာ ကုသိုလ်ကံ အတော်ကောင်းမွန်ကိန်းရှိပါတယ်။ လုပ်ငန်းခွင်ကျွမ်းကျင်သူတွေရဲ့ အထောက်အပံတွေ ရပြီး သက်မွေးဝမ်းကြောင်း ပညာမျိုးတတ်မြောက်ကိန်းရှိပြီး အဲဒိလုပ်ငန်းမျိုးနဲ့ နံမည်ရလာနိုင်ပါတယ်။အသက် ၂၈ နှစ် မှ ၄၆ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသောအဓိပတိအိမ်မှာ ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစုအခြေအနေ၊ လူမူရေးလုပ်ဆောင်မူတွေ တိုးတက် အဆင်ပြေလာကိန်းရှိပြီး မိသားစုအမျိုးတို့ကို ထောက်ပံ့နိုင်သူဖြစ်လာနိူင်ပါတယ်။အသက် ၄၇ သို့ ဝင်ဝင်ချင်း သေနိူင်လောက်သော မတော်တဆထိခိုက်မူ၊ ဖျားနာမူ့ ဖြစ်ကိန်းရှိပါတယ်။အသက် ၄၈ နှစ် မှ ၅၈ နှစ်အကြား အသင်ဟာရာဟုစိုးမိုးသောမရဏ ဂြိုလ်အိမ်မှာရောက်နေသောကြောင့် ကျန်းမာရေးညံ့နေကိန်းရှိပြီး အရက်၊ဆေးလိပ်၊ကွမ်းဖြတ်ခြင်း၊ ပုံမှန်ဆရာဝန်တွေ့၊ ဆေးစစ်ချက်ယူခြင်း၊ အစားအသောက် အနေအထိုင် ကျန်းမာရေးနှင့်အညီ နေထိုင်ခြင်းတို့ မလုပ်ဆောင်ပါက မာလကီးယားကိန်းရှိပါတယ်။ အသက် ၅၉ နှစ် မှ ၇၉ နှစ်အကြားမှာတော့ သင်ဟာသောဂြိုလ် စိုးမိုးတဲ့ ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလုပ်အကိုင် စိးပွားတိုးတက်မုူတွေနဲ့အတူ အိုဇာတာရယ်စန်းထလာကိန်းရှိပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် မိန်းမကောင်းရနိုင်ပြီး အထောက်အပံ့ရမဲ့ ကလေးမျိုးတော့ မရနိုင်။ သင့်ရဲ့ ကူညီတတ်တဲ့ စိတ်ကြောင့် မိတ်ဆွေတွေလဲပေါများကိန်းရှိနင်းကီးကြောင်းပါ။ အကြွင်း ၁ ရှိသော ကြာသာပတေးသားသမိး အသင်ဟာအဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလို့ ကျန်းမာသန်စွမ်းကာ စိးပွားရေးတောင့်တင်း ပညာတတ်သော မိဘများဆီမှာ မွေးဖွားတတ်ပါတယ်။သင့်မိဘတွေလဲ သင်မွေးပြီးနောက် ပိုကံကောင်းလာကိန်းရှိပါတယ်။ အသက်၂၀ နှစ်လောက်မှာ သေလောက်တဲ့ ရောဂါမျိုးရတတ်ပါတယ်။အသက် ၃၂ ကနေ ၅၂ နှစ် အတွင်းမှာတော့ သင်ဟာသောကြာဂြိုလ် စိုးမိုးတဲ့ သြဇာ ဂုဏ်ရှိန်မြင့်စေသော ရာဇဂြိုလ်အိမ်မှာရောက်နေသဖြင့် အလုပ်အကိုင် စိးပွားတိုးတက်လာကိန်းပြီး အဆင့်မြင့်မြင့် နေရကိန်းရှိပါတယ်။ အသင်သည် အသက် ၅၃ ကနေ ၅၈ နှစ် အတွင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီးအလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲခွဲနေရကိန်းလဲရှိပါတယ်။အသက် ၅၉ ကနေ ၇၄နှစ် အတွင်းတနင်းလာဂြိုလ် ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ ပညာရေးဟာသင့်ဘဝအတွက် အတော်အရေးပါ အခရာဖြစ်ပါတယ်။သားသမိးတွေ နဲ့ ဖခင်ဆီမှ ထောက်ပံ့မူ့ ရခဲလိမ့်မယ်။ အသက်ကြီးအိုမင်းမလာခင် ကြိုတင်ပြင်ဆင်ထားသင့်ပြီး သို့မဟုတ်ပါကအခက်အခဲများစွာ ကြုံနိင်ကိန်းရှိပါတယ်။ အကြွင်း ၁ ရှိသောသောကြာသားသမိး အသင်သည် သောကြာဂြိုလ်စိးသောရာဇအိမ်မှာမွေးဖွားလို့ သင်ရဲ့ မိဘများအောင်မြင်နေတဲ့ အချိန်မှာမွေးဖွားလာသူဖြစ်နိုင်ပါတယ်။ သင်ဟာငယ်စဉ်ကတည်းကလူချစ်လူခင်များပြီး၊ ဘာသာတရားကိုင်းရိုင်းသုူမို့ အသက် ၂၁ နှစ်တိုင် ဘဝကောင်းလေးတခုကိုရထားနိုင်ပါတယ်။အသင်သည် အသက် ၂၂ ကနေ ၂၇ နှစ် အတွင်းမှာတော့ တနင်းဂနွေဂြိုလ်စိုးမိုးသောမတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်းအလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ ရိးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲခွဲနေရကိန်းလဲရှိပါတယ်။ အသက် ၂၈နှစ် ကနေ ၄၂နှစ် အတွင်းတနင်းလာဂြိုလ် ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ ရင်းနီးထားတာတွေအလိမ်ခံရလို့ အဆင်မပြေ ဖြစ်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ အသက် ၄၃နှစ် ကနေ ၅၀နှစ်ရောက်တော့ အင်္ဂါဂြိုလ်စိုးမိုးသောသိုက်အိမ်မှာရောက်လို့အလုပ်အကိုင် အရောင်းအဝယ် စိးပွားရေးလုပ်ငန်းတွေ အဆင်ပြေလာကိန်း ရှိနိုင်သော်လည်းအလိမ်မခံရအောင် သတိတော့ထားရအုံးမယ်။ အသက် ၅၁နှစ် ကနေ ၆၇နှစ် အတွင်းဗုဒ္ဓဟူးဂြိုလ်စိးသော မရဏဂြိုလ်အိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေကသိတ်မဆိုးပေမဲ့ သားရေးသမိးရေး အီမ်ထောင်ရေး သောကဗျာပါဒတွေများလို့ တရားရုံးတွေဘာတွေရောက်နိုင်ပြီး ကျန်းမာရေးမလိုက်စားရင် ဆေးရုံရောက် အသက်ပါ ပျောက်ကိန်းရှိပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ ပညာရေးဟာသင့်ဘဝအတွက် အတော်အရေးပါ အခရာဖြစ်ပါတယ်။ အိမ်ထောင်ဘက်က ကောင်းကိန်းရှိ၊ ထောက်ပံမူ့ရပြီးသားသမိးတွေ နဲ့ မိဘတွေဆီမှ ထောက်ပံ့မူ့ ကတော့ သိတ်မမြင်။ အသက်ကြီး အိုဇာတာကတော့ မကောင်းတကောင်းကိန်းလို့ ပြောရမလိုဘဲ။ အကြွင်း ၁ ရှိသောစနေသားသမိး အသင်သည် စနေဂြိုလ်စိးနေပြီး၊ နံမည်ကြော်ကြား လူချစ်လူခင်များစေသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်းစတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာကိန်းရှိသည်။ အသင်ဟာ မိန်းခလေးဆိုရင် ပုရိသတွေ ဂျွမ်းပစ်သွားနိုင်လောက်တဲ့ စွဲမက်စရာတွေ၊ မာယာတွေလဲ ရှိကိန်းမြင်တယ်။ အသက် ၁၁ နှစ် မှ ၂၉ နှစ်အကြား ကြာသာပတေးဂြိုလ် စိုးမိုးသော အဓိပတိအိမ် ကိုရောက်နေလို့ ၊မိဘတို့ရဲ့ စိးပွားရေးလုပ်ငန်းတွေ၊ မိသားစုအခြေအနေ၊ အတော်လေး အဆင်ပြေလာပေမဲ့ အသက် ၁၁ နှစ် မှာကျန်းမာရေးမကောင်းတဲ့ကိန်း၊ မတော်တဆ ထိခိုက်မူ့ကိန်းတွေရှိပါသည်။အိမ်မက်တွေ အကောင်အထည် ဖော်လာနိုင်ပြီး အသက်မွေးဝမ်းကြောင်းပညာတွေလဲ တတ်မြောက်ကိန်းရှိပါတယ်။အသက် ၂၉ ကနေ ၄၁ နှစ် ကာလမှာ ရာဟုဂြိုလ် မရဏ ဂြိုလ်အိမ်မှာရောက်နေခြင်းကြောင့် သင့်ခလေးတွေအတွက်နဲ့ သောကရောက်ကိန်းရှိသလို ကျန်းမာရေးလဲညံ့ကိန်းရှိပါတယ်။ အသက် ၄၂ ကနေ ၆၂ နှစ်ထိကာလမှာ သောကြာဂြိုလ်စိးသောရာဇအိမ်ရောက်နေလို့ မြောက်ဖက် နဲ့ တောင်ဖက်အရပ်ဆီကနေ ဝင်ငွေကောင်းကောင်း ရနိုင်ပါတယ်။ ခရိးကောင်းတခုလဲ သွားရကိန်းရှိနိင်ပါတယ်။အသက် ၆၃ ကနေ ၆၈ နှစ်ထိကာလမှာ တနင်းဂနွေဂြိုလ် ဘင်္ဂအိမ်ရောက်နေခြင်း၊ အသက် ၆၉ ကနေ ၈၃ နှစ်ထိကာလမှာတနင်းလာဂြိုလ် ပုတိအိမ်ရောက်နေခြင်း ကျန်းမာရေးညံ့ကိန်းရှိပြီး အထူးသဖြင့် အသက် ၆၃ နှစ် နဲ့ ၆၇ နှစ် မှာအသက်ဆုံးပါးကိန်းရှိပါတယ်။ အချုပ်ပြောရရင် အိမ်ထောင်ဘက်ဟာကောင်းကိန်းရှိပြီး ပထမအိမ်ထောင်ဖက် (သို့) ပထမဆုံးရတဲ့ ခလေးဟာစောစောသေကိန်းရှိပါတယ်။ အသင့်မှာ ထူးခြားတာကသတင်းဌာနတွေဟာ သင့်အကျိူးစိးပွားကိုအထောက်အပံပေးနိူင်တဲ့ နေရာ၊ သင့်ကို လူသိများစေတဲ့နေရာတွေဖြစ်ကြပါတယ်။ အကြွင်း ၁ ရှိသောရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး သင့်ကို ရာဟုစိုးမိုးသော မရဏဂြိုလ်မှာ မွေးဖွားလာသဖြင့် အသက် ၆ နစ် နဲ့ ၁၂ နှစ်ကြားမှာ သေတတ်ပါတယ်။ နောက် အသက် ၁၃ မှ ၃၃ နှစ်ထိသောကြာဂြိုလ် စိုးမိုးသော ရာဇအိမ်မှာရှိနေလို့ မိဘတွေ စိးပွားတက်သလို သင်လဲ ပညာရေး ကံကောင်း ထူးချွန်နိင်ကိန်းရှိပါတယ်။ သင့်မှာ ဥပတိရုပ်ကောင်းရှိနိုင်ပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ ပူဇော်ခံရကိန်းရှိပါတယ်။ အသင်သည် အသက် ၃၄ ကနေ ၃၉ နှစ် အတွင်းမှာတော့ တနင်းဂနွေဂြိုလ်နဲ့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေ ရကိန်းရှိပြီး အလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။ နေအိမ် အပြောင်းအလဲ ရှိနိုင်ပါတယ်။အသက် ၄၀ မှ ၅၄ နှစ်ထိ တနင်းလာဂြိုလ် ပုတိအိမ်မှာ ရှိနေလို့ ကျန်းမာရေး၊ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေးစသည်တို့မှာ ပြသနာလေးများရှိနေတတ်ပြီး စိးပွားရေးကလည်းတက်လိုက်ကျလိုက်ရှိနေတတ်ပါသည်။ အသက် ၅၅ မှ ၆၂ နှစ်ထိ အင်္ဂါဂြိုလ် သိုက်အိမ်မှာရှိနေသဖြင့် စိးပွားရေးလုပ်ငန်းများ တိုးတက်လာကာ အခြားစိးပွား ရှယ်ရာပိုင်သူများအပေါ် သြဇာညောင်းသူ ဖြစ်လာနိုင်သော်လည်း အောက်ခြေမလွတ်မိဖို့ အရေးကြီးပါသည်။ အသက် ၆၃ မှ ၇၉ နှစ်အကြားဝယ် ဗုဒ္ဓဟူးဂြိုလ် မရဏဂြိုလ် အိမ်ရောက်နေလို့ စိးပွားရေး လုပ်ငန်းတွေကသိတ်မဆိုးပေမဲ့ သားရေးသမိးရေး အီမ်ထောင်ရေး သောကဗျာပါဒတွေများလို့ တရားရုံးတွေ ဘာတွေရောက်နိုင်ပြီး ကျန်းမာရေးမလိုက်စားရင် ဆေးရုံရောက် အသက်ပါပျောက်ကိန်းရှိပါတယ်။ အချုပ် ပြောရမယ်ဆိုရင်တော့ ပညာရေးဟာသင့်ဘဝအတွက် အတော်အရေးပါ အခရာဖြစ်ပါတယ်။ အိမ်ထောင်ဘက်က ထောက်ပံမူ့ပေးပြီးကောင်းကိန်းရှိ၊ သားသမိးတွေ နဲ့ မိဘတွေဆီမှ ထောက်ပံ့မူ့ ကတော့ သိတ်မမြင်။ အသက်ကြီးအိုဇာတာကတော့ မကောင်းတကောင်းကိန်းလို့ ပြောရမလိုဘဲ။

No comments: