Thursday, May 21, 2020

အကြွင်း ၄ MAHABOAT

အကြွင်း ၄ ရှိသော တနင်းဂနွေသားသမိး အသင်ဟာ အဓိပတိဖွား (ခေါင်းဆောင်ဂြိုလ်အိမ်) မှာမွေးဖွားလို့ ကျန်းမာသန်စွမ်းကာ စိးပွားရေးတောင့်တင်း ပညာတတ်သော မိဘများဆီမှာ မွေးဖွားတတ်ပါတယ်။ အသားအရည်လှပ၊ ကိုယ်လုံးကိုယ်ထည်ပြေပြစ်၊ ဆံပင်ကောက်ပြီး မထင်ရင်မထင်သလို ပညာပေးဖို့ ဝန်မလေး သူတယောက် ဖြစ်နိုင်ကိန်းရှိပါတယ်။ အသက် ၇ ကနေ ၂၁ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိသားစုရဲ့ အလူပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ကိန်းရှိပါတယ်။ ပြီးတော့ အသက် ၂၂ ကနေ ၂၉ နှစ်မှာတော့ အင်္ဂါစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေပြီး စစ်တပ်၊ ရဲတပ်ထဲမှာ အောင်မြင်ကိန်းတွေရှိပါတယ်။ အသက် ၃၀ မှ ၄၆ အတွင်း ဗုဒ္ဓဟူးဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ ရှိသလို၊ သားသမိးတွေကြောင့် လုပ်ငန်းတွေမှာ ဆုံးဖြတ်ရခက်တာမျိုး၊ အသက်ကြီးသော အမျိုးသမိးတွေနဲ့ တရားရုံးမှာ အမူရင်ဆိုင်ရတာမျိုးကိန်းတွေရှိပါတယ်။ အသက် ၄၇နှစ် ကနေ ၅၇ နှစ် အတွင်း စနေဂြိုလ်စိးသော မရဏဂြိုလ်အိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်ပြီး အိမ်မက်တွေ အကောင်အထည် ဖော်ဆောင်နိုင်မဲ့ကိန်း (သို့) လုပ်ငန်းခွင်နိုင်ငံရေး အပြိုင်အဆိုင်တွေ၊ စိးပွားရေးမှာ မနာလို သဝန်တိုလို့ သောကဗျာပါဒတွေဖြစ်ပြီး တရားရုံးတွေဘာတွေရောက်နိုင်ပြီး ထောင်တွေ၊ အချုပ်တွေရောက်နိုင်သလို၊ တခါတရံ ကျန်းမာရေးမကောင်းလို့ ဆေးရုံလဲရောက်တတ်ပါတယ်။ အသက် ၅၈ နောက်ပိုင်းမှာတော့ ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်မှာ ရောက်လာကာ ကံကောင်းတာတွေ မလာသေးလို့ သတိထားနေရင်းနဲ့ အသက် ၇၇ မှာ သေမဲ့ကိန်းရှိပါတယ်။ အချုုပ်ပြောရရင်တော့ မိဘတွေဆီက အထောက်အပံ့ ကောင်းကောင်းရနိုင်ပေမဲ့ သားသမိးဆီကတော့ မမျော်လင့်ပါနဲ့။ အကြွင်း ၄ ရှိသော တနင်းလာသားသမိး အသင်သည် စနေဂြိုလ်စိးသော ရာဇအိမ်မှာ မွေးဖွားလို့ ချမ်းသာ အာဏာရှိ ဂုဏ်သရေရှိ မိဘများမှ မွေးဖွားလာသူဖြစ်နိုင်ပါတယ်။ သင်ဟာ ငယ်စဉ်ကတည်းက၊ အရမ်းတော် အရမ်းထက်တဲ့ ခလေး (သို့) အထိမ်းရ အတော်ခက်မဲ့ ခလေးမျိုး ဖြစ်နိုင်ချေရှိပါသည်။ အသက် ၁၅ နှစ်တိုင် လိုတရ ပြည့်စုံသော ဘဝကောင်းလေးတခုကို ရထားနိုင်ပါတယ်။ ဥပတိရုပ်ကောင်းသူ တယောက် ဖြစ်နိုင်ပါတယ်။ အသက် ၁၆ နှစ်နဲ့ ၂၃ နစ် ကြားမှာ အသင်ဟာ အင်္ဂါဂြိုလ်စိးသော အထွန်းအီမ်မှာ ရောက်လို့ နံမည်ကောင်းတွေလဲရ၊ လူချစ်လူခင်ပေါလာပြီး၊ မိန်းခလေးဆိုရင် ယောက်ကျားကောင်းရနိုင်သလို၊ သက်မွေးဝမ်းကြောင်း အတတ်ပညာတို့ နေရာပြောင်းရွေ့ သင်ရကိန်းရှိပါတယ်။ အသက် ၂၄ ကနေ ၄၀ နှစ် အတွင်းမှာတော့ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်း အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ ရိးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ နောက်အသက် ၄၁နှစ်မှ ၅၀ နှစ်တွေအတွင်းမှာ စနေဂြိုလ် မရဏအိမ်ရောက်နေလို့ ကောင်းစရာရှိရင် အရမ်းကောင်း၊ ဆိုးရင်လဲ အလွန်ဆိုးကိန်းရှိပါတယ်။အသက် ၄၄ မှာ ကျန်းမာရေးညံ့ပြီး အချိန်မှီပြင်ဆင်မူ့မရှိပါက တိမ်းပါးရကိန်းရှိပါတယ်။ အသက် ၅၁ ကနေ ၆၉ နှစ် အတွင်း ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေ သိတ်မဆိုးပေမဲ့ နားလည်မူ့လွဲလို့ အဆင်မပြေဖြစ်တာတွေ၊ ခလေးတွေ နဲ့ အိမ်ထောင်သည်အတွက် သောကရောက်တာတွေ ခဏခဏကြုံကိန်းရှိပါတယ်။ အသင်သည် အသက် ၇၀နှစ် နောက်ပိုင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ရာဟုစိုးမိုးသော ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး နေရာပြောင်းရွေ့မူ့တွေနဲ့ အဆင်မပြေရှိတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ သင့်ရဲ့ အိုဇာတာက သိတ်ကောင်းပုံမရပါ သို့သော် မွေးဂြိုလ်ကကောင်းနေလို့ အရမ်းတော့ မစိုးရိမ်ရပါ။ အချုုပ်ပြောရရင်တော့ မိဘတွေဆီက အထောက်အပံ့ ကောင်းကောင်းရနိုင်ပေမဲ့ သားသမိးဆီကတော့ မမျော်လင့်ပါနဲ့။ ကံကောင်းနေတဲ့အချိန်မှာ အတတ်ပညာတွေ နဲ့ အရင်းအနှိးပြုပြီး လုပ်ငန်းတွေကို ထူထောင်ထားမှသာ ကံနှိမ့်တဲ့ အခါမှာ ဒုက္ခလှလှ မရောက်ဘဲ နေမှာပါ။ အကြွင်း ၄ ရှိသော အင်္ဂါသားသမိး အသင်သည် နံမည်ကြော်ကြား လူချစ်လူခင်များသော အထွန်းဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် ချစ်ခင်နှစ်သက်ဖွယ် ရုပ်ရည်ရှိခြင်း၊ ပညာညဏ် ထက်မြက်ခြင်း၊ နံမည်ကျော်ခြင်း စတဲ့ ဂုဏ်ဓါတ်တို့ဖြင့် မွေးဖွားလာနိုင်ကိန်းရှိသည်။ အသင်သည် အသက် ၉ နှစ် ကနေ ၂၅ နှစ် အတွင်းမှာတော့ ဗုဒ္ဓဟူး ဂြိုလ်စိးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ကျန်းမာရေးညံ့ကိန်းရှိပြီး မိဘတို့ရဲ့ အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ မိဘတွေ ကွဲကြ (သို့) သင်က မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းရှိပါတယ်။ ယောက်ကျားလေးဆိုရင် ချမ်းသာတဲ့ မိန်းမ ရကိန်းရှိပြီး မိန်းခလေးဆိုရင် အပြောကောင်း ရုပ်ချောတဲ့ စိတ်ကောင်းတဲ့ ယောက်ကျားမျိုး တွေ့တတ်ပါတယ်။ အသက် ၂၆နှစ် ကနေ ၃၅နှစ် အတွင်း စနေဂြိုလ်စိးသော မရဏဂြိုလ် အိမ်ရောက်နေလို့ စိးပွားရေးလုပ်ငန်းတွေက သိတ်မဆိုးပေမဲ့ သားရေးသမိးရေး အီမ်ထောင်ရေး သောကဗျာပါဒတွေများလို့ တရားရုံးတွေဘာတေ ွရောက်နိုင်ပြီး ကျန်းမာရေးမလိုက်စားရင် အသက် ၃၅ နှစ်မှာ ဆေးရုံရောက် အသက်ပါပျောက်ကိန်းရှိပါတယ်။ အသက် ၃၆ မှ ၅၄ နှစ်ထိ ကြာသာပတေးဂြိုလ် ပုတိအိမ်မှာရှိနေလို့ ကျန်းမာရေး၊ အလုပ်အတုူလုပ်သူ အမျိုးသမိးများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ နိုင်ငံရေး စသည်တို့မှာ ပြသနာလေးများရှိနေတတ်ပြီး စိးပွားရေးကလည်း တက်လိုက်ကျလိုက်ရှိနေတတ်ပါသည်။ အသက် ၅၅ နှစ် မှ ၆၆ နစ်အတွင်း ရာဟုဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ အကြပ်အတည်းရှိသလို၊ အလိမ်ခံရကာ တရားရုံးမှာ အမူရင်ဆိုင်ရကိန်းလဲရှိသည်။ အိမ် မီးလောင်ကိန်းလဲရှိသလို အချုပ်အနှောင်ခံရကိန်းလဲ ရှိပါတယ်။ သို့သော် အသက် ၆၇ နစ် ကနေ ၈၇ နှစ်မှာ သောကြာဂြိုလ်စိးနင်းသော သိုက်အိမ်ရောက်နေလို့ ငွေးရေးကြေးရေး အလုပ်အကိုင် စိးပွားရေးတွေ ပြန်လည်စိုပြေလာလို့ အိုဇာတာကောင်းကိန်းရှိပါတယ်။ ချုုပ်ပြောရမယ်ဆိုရင် ဘဝအစ နဲ့ ဘဝအဆုံး ကောင်းသော်လည်း ဘဝအလည်မှာ ညံ့နေလို့ အတတ်ပညာ နဲ့ ဗဟုသုတကိုရင်းနှီးလုပ်ရတဲ့ အလုပ်မျိုးကို ဆုပ်ကိုင်ထားနိုင်မှ ဆိုးတဲ့အချိန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်။ အကြွင်း ၄ ရှိသော ဗုဒ္ဓဟူး(နေ့လည်မတိုင်ခင်မွေးသော)သားသမိး အသင်သည် အင်္ဂါဂြိုလ်စိးပြီး မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင် နဲ့ သင့် မိဘတို့သည် သင်ငယ်စဉ်အခါ ကံနိမ့်နေကိန်းရှိပါသည်။ မွေးကင်းစမှာ အသဲအသန် ဖျားနာကိန်းရှိပြီး မိဘတွေ ငွေအကုန်အကျများကိန်းရှိပါတယ်။ ဖခင်ဖြစ်သူနဲ့ အကြောင်းတခုခုကြောင့် ခွဲခွာနေရကိန်းလဲရှိပါတယ်။ အသင်ဟာ ညဏ်ထက်မြက်သူ တယောက်ဖြစ်ပြီး ဒေါသ ခဏခဏ ထွက်တတ်သူ၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူဖြစ်နိုင်ပါတယ်။ အသက် ၁၈ နှစ် မှ ၂၇ နှစ်အကြား စနေဂြိုလ်စိုးမိုးသော မရဏအိမ်မှာ ရောက်နေလို့ ကျန်းမာရေးညံကာ ဂရုမစိုက်လျှင် ၁၈ နှစ်မှာ အိမ်မိးလောင်ကိန်း၊ သေပျောက်ကိန်းတွေရှိပါတယ်။ အသက် ၂၈ နှစ်နောက်ပိုင်း ၄၆ နှစ်အတွင်း ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေ၍ နေအိမ်၊ ကျောင်း အရွေ့အပြောင်းများ၊ ပစည်းခဏခဏပျောက်ကိန်းရှိပါတယ်။ အသက် ၄၇ နှစ်နောက်ပိုင်း ၅၈ နှစ်အတွင်း ရာဟုဂြိုလ်စိး ဘင်ဂအိမ်မှာရောက်နေသဖြင့် ကံကောင်းတာတွေ မလာသေးလို့ သတိထားနေရမဲ့ကိန်းရှိတယ်။ အသက် ၅၉ နှစ်မှ ၇၉ နှစ်အတွင်း သောကြာဂြိုလ် စိုးမိုးသော သိုက်အိမ်မှာ ရောက်လာလို့ အိုဇာတာရယ် စမ်းထလာပါပြီ။ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ထီသော်လည်းပေါက်ကိန်းရှိပါကြောင်း။ ချုံပြောရရင် မိဘတွေဆီက ထောက်ပံ့မူတွေရပေမဲ့ သားသမိးတွေ၊ ညီအကိုမောင်နှမတွေ၊ အမျိုးတွေဆီကတော့ ရကိန်းမရှိ။ ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းတော့ရှိပါတယ်။ အကြွင်း ၄ ရှိသော ကြာသာပတေးသားသမိး မွေးတုန်းက ပုတိဖွားအနေနဲ့ မွေးလာလို့ ငယ်စဉ်ကစ အသက် ၁၉ နှစ်ထိကျန်းမာရေးချိုု့တဲ့တာမျိုုး၊ အင်္ဂါတခုခု ချို့ယွင်းတာမျိုးတွေနဲ့ မွေးလာတတ်ပါတယ် (သို့) မိဘတွေက သင့်အတွက်စိုးရိမ်နေရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ သတ္တိကြောင်ပြီး ရှက်တတ်သူလဲ ဖြစ်နိုင်ပါတယ်။ အသင်သည် အသက် ၂၀ ကနေ ၃၁ နှစ် အတွင်းမှာတော့ ရာဟုဂြိုလ် စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး အလုပ်အကိုင်တွေမှာ စပ်တူလုပ်တဲ့သူတွေ၊ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်၊ ဆုံးရူံတတ်ပါတယ်။ အသင်က မွေးရပ်မြေရဲ့ အဝေးမှာ သွားရောက်နေထိုင်ရတတ်ပြီး မိသားစုဝင်တွေနဲ့ ခွဲနေရကိန်းလဲရှိပါတယ်။ ခြေထောက်၊ ဝမ်းဗိုက် စသည်တို့မှာ နာကျင်မူ့ ရောဂါရတတ်ပါတယ်။ အသက် ၃၂ နှစ်နောက်ပိုင်း ၅၂ နှစ်အတွင်း သောကြာဂြိုလ် စိုးမိုးသော သိုက်အိမ်မှာ ရောက်လာလို့ ငွေရေးကြေးရေး၊ စိးပွားရေးနဲ့ ပတ်သက်တဲ့ အောင်မြင်မူ့တွေရ၊ ဝင်ငွေလဲကောင်းလာကိန်းရှိပြီး ချမ်းသာကြွယ်ဝနိုင်ပါတယ်။ ဒါပေမဲ့ မနာလိုသူ ခြေထိုးလို့ ဒုက္ခလဲ ရောက်နိုင်ပါတယ်။ အသက် ၅၃ နှစ်မှ ၅၈နှစ် တွေမှာ တနင်းဂနွေဂြိုလ် အဓိပတိအိမ် ရောက်သဖြင့် စိးပွားရေး လူမူရေး နိုင်ငံရေး နဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွေမှာ ခေါင်းဆောင်ရကိန်းတွေရှိနေပြီး သတိမထားရင် အလိမ်လဲ ခံရကိန်းရှိပါတယ်။ အသက် ၅၉ မှ ၇၃ နှစ်ထိ တနင်းလာဂြိုလ်စိုးမိုးသော ရာဇအိမ်မှာ ရှိနေလို့ စိးပွားရေးတွေ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ဆိုင်သော လုပ်ငန်းမျိုးတွေ ဦးဆောင်နိုင်သလို၊ ကံကောင်း အောင်မြင် နိင်ကိန်းရှိပါတယ်။ ချုံငုံသုံးသပ်ရရင် ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းရှိပါတယ်။ သားသမိးတွေ ဆီက ထောက်ပံ့မူတွေမရနိုင်ပါ။ အိုဇာတာကတော့ ရှယ်ပါ။ အကြွင်း ၄ ရှိသော သောကြာသားသမိး အသင်သည် ချမ်းသာ ကြီးပွားနိုင်မည့် သိုက်ဖွားတွင် မွေးဖွားလာသူဖြစ်သဖြင့် ချမ်းသာသောမိသားစုမှာ ပေါက်ဖွားခြင်း၊ သင့်ကိုမွေးပြီးနောက် အိမ်စီးပွားတက်ခြင်းများ ရရှိနိုင်ပါတယ်။ ရုပ်ရည် နှင့် အသံသြဇာရှိပြီး၊ တဖက်သားကို ကျအောင်ပြောနိုင်တဲ့ အရည်အချင်းတွေ ပါလာတတ်ပါတယ်။ အသက် ၂၂ ကနေ ၂၇ နှစ်မှာတော့ တနင်းဂနွေဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ အသက် ၂၈ နစ် ကနေ ၄၂ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိဘတွေ ထောက်ပံ့မူတွေရပြီး အလုပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ကိန်းရှိပါတယ်။ ပြီးတော့ အသက် ၄၃ နစ် ကနေ ၅၀ နှစ်မှာတော့ အင်္ဂါစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့ ဆုတံဆိပ်တွေနဲ့ ဝေဆာနေကိန်းရှိပါတယ်။အသက် ၅၁ မှ ၆၇ အတွင်း ဗုဒ္ဓဟူးဂြိုလ် ဘင်ဂအိမ်သို့ ရောက်ရှိသဖြင့် အလုပ်အကိုင်၊ နေအိမ်၊ စိးပွားရေးလုပ်ငန်း စသည်တို့ အပြောင်းအရွေ့ ရှိသလို၊ တရားရုံးမှာ အမူရင်ဆိုင်ရကိန်းလဲရှိသည်။ သို့သော် ဒီဂြိုလ်အိမ်သည် မွေးဂြိုလ်နှင့် မိတ်ဖက်ဖြစ်နေသဖြင့် သိတ်စိုးရိမ်စရာမရှိ။ နောက်အသက် ၆၈နှစ်မှ ၇၇ နှစ်တွေအတွင်းမှာ စနေဂြိုလ် မရဏအိမ်ရောက်နေလို့ ကောင်းစရာရှိရင် အရမ်းကောင်း၊ ဆိုးရင်လဲ အလွန်ဆိုးကိန်းရှိပါတယ်။ အသက် ၇၁ နှစ်မှာ ကျန်းမာရေးညံ့ပြီး အသက်ပါဆုံးကိန်းရှိပါတယ်။ အလူဒါနပေးခြင်း၊ အခြားသူများကို ကူညီခြင်း၊ တိရိစ္ဆာန်များကို ဘေးမဲ့လွတ်ပေးခြင်းစတဲ့ ကောင်းမူ့တွေလုပ်ပေးခြင်းဖြင့် မကောင်းသော အကုသိုလ်ကံကို ဖယ်ရှားပေးပါ။ ခြုံပြောရရင် မိဘတွေရဲ့ ထောက်ပံ့မဲ့မူ့ကို ရပြီး ထောက်ပံ့မဲ့ သားသမိးမျိုး မထွန်းကားနိုင်။ ယောက်ကျားဆိုက မိန်းမ တယောက်ထက်ပိုမည်။ ပညာရေးထက် စိးပွားရေးက ပို အောင်မြင်ကိန်းရှိသည်။ အကြွင်း ၄ ရှိသော စနေသားသမိး အသင်ဟာ မရဏ လို့ခေါ်တဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကို အလွန်အမင်း ဖြစ်စေခြင်း နဲ့ သေမင်း ဂြိုလ်အိမ်မှာ မွေးဖွားလာသောကြောင့် ကျန်းမာရေးညံ့ခြင်း (သို့) တယောက်ထဲ နေလျင် ကြောက်တတ်ခြင်း၊ မိဘတွေနဲ့ ရှင်ကွဲ (သို့) သေကွဲ ကွဲနေရခြင်း၊ ဆွေမျိုးများနဲ့ အမူန်းပွားတတ်ခြင်းတို့ဖြစ်တတ်ပါတယ်။ အသက် ၁၁ နှစ်နောက်ပိုင်း ၂၉ နှစ်အတွင်း ကြာသာပတေးဂြိုလ်စိးသော ပုတိအိမ်မှာရောက်နေလို့ ကံကောင်းတာတွေမလာသေးဘဲ၊ သတိထားနေရမဲ့ကိန်းရှိတယ်။အသင်သည် အသက် ၃၀ ကနေ ၄၁ နှစ် အတွင်းမှာတော့ ရာဟုဂြိုလ်စိုးမိုးသော မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂအိမ်မှာ ရောက်နေသဖြင့် အိမ်အရွေ့အပြောင်း၊ ကျောင်းအရွေ့အပြောင်း အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ ရိးစားနဲ့ ကွဲကိန်းလဲရှိပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ သို့သော် အသက် ၄၂နှစ် ကနေ ၆၂ နှစ်ရောက်တော့ သောကြာဂြိုလ်စိုးမိုးသော သိုက်အိမ်မှာရောက်လို့ အလုပ်အကိုင် အရောင်းအဝယ် စိးပွားရေးလုပ်ငန်းတွေ အဆင်ပြေလာကိန်းရှိနိုင်ပါတယ်။ အသက် ၆၃ နှစ် မှ ၆၈ နှစ်အကြား တနင်းဂနွေဂြိုလ် စိုးမိုးသော အဓိပတိအိမ် မှာရောက်နေလို့ ၊စိးပွားရေး လုပ်ငန်းတွေ၊ အိမ်ထောင်ရေး မိသားစု အခြေအနေ၊ လူမူရေး လုပ်ဆောင်မူတွေ အရမ်း အဆင်ပြေလာပေမဲ့ ကျန်းမာရေးက စတင်ကျဆင်းလာနိုင်တယ်။အသက် ၆၉ ကနေ ၈၃ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန် တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် လူမူရေး၊ နိုင်ငံရေးနယ်ပယ်မှာ သင်ဟာ ဆရာ၊ အခရာ ဖြစ်လာကိန်းရှိပါတယ်။ ခြုံပြောရရင် မိဘတွေရဲ့ ထောက်ပံ့မဲ့မူ့ကို ရပြီး ထောက်ပံ့မဲ့ သားသမိးမျိုး မထွန်းကားနိုင်။ ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းရှိပါတယ်။ အကြွင်း ၄ ရှိသော ရာဟု (ဗုဒ္ဓဟူးမွန်းလွဲပိုင်းမွေးသော)သားသမိး အသင်သည် အင်္ဂါဂြိုလ်စိးပြီး မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဘင်ဂဖွားအနေဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သင် နဲ့ သင့် မိဘတို့သည် သင်ငယ်စဉ်အခါ ကံနိမ့်နေကိန်းရှိပါသည်။ မွေးကင်းစမှာ အသဲအသန် ဖျားနာကိန်းရှိပြီး အသက် ၁၂ နှစ်မတိုင်ခင်ထိ မိဘတွေနဲ့ သေခွဲ (သို့) ရှင်ခွဲ ခွဲနေရကိန်းရှိပါတယ်။ အသင်ဟာ ညဏ်ထက်မြက်သူတယောက်ဖြစ်ပြီး ဒေါသ ခဏခဏ ထွက်တတ်သူ၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူဖြစ်နိုင်ပါတယ်။ အသက် ၁၃ နှစ်မှ ၃၃ နှစ်တွေမှာ သောကြာဂြိုလ်စိးသော သိုက်ဖွားအိမ်မှာ ရှိနေသဖြင့် စိးပွါးရေးလုပ်ငန်းများ တိုးတက်ကိန်းရှိပြီး ထီပေါက်ကိန်းလဲရှိပါတယ်။ အသက် ၃၄ ကနေ ၃၉ နှစ်မှာတော့ တနင်းဂနွေဂြိုလ်စိုးမိုးတဲ့ အဓိပတိအိမ်ရောက်လာလို့ မိဘတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေ၊ စိးပွားရေးတွေ တိုးတက်ပြီး သင့်ဘဝလဲ ကောင်းမွန်လာလိမ့်မယ်။ အသက် ၄၀ ကနေ ၅၄ နှစ် အတွင်းမှာတော့ သင်ဟာ တနင်းလာဂြိုလ် စိုးမိုးတဲ့ သြဇာဂုဏ်ရှိန်တက်နေသော ရာဇဂြိုလ်အိမ်မှာ ရောက်နေသဖြင့် မိဘတွေထောက်ပံ့မူတွေရပြီး အလူပ်အကိုင် စိးပွား တိုးတက်ခြင်း၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ဖြစ်ကိန်းရှိပါတယ်။ ပြီးတော့ အသက် ၅၅ ကနေ ၆၂ နှစ်မှာတော့ အင်္ဂါစိုးမိုးသော အထွန်းမှာမို့ သင့်ရဲ့ အောင်မြင်မူ့က အံမခန်းလောက်ပါပေတယ်။ ငွေကြေး၊ ရာထူးတိုး၊ စိးပွားရေး တိုးတက်မူ့၊ အောင်မြင်မူ့တွေနဲ့ ဝေဆာနေပြီး ကုန်မဏီတွေတောင် ပိုင်ဆိုင်ကိန်းရှိပါတယ်။အသင်သည် အသက် ၆၃နှစ် နောက်ပိုင်းမှာတော့ မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ဗုဒ္ဓဟူးစိုးမိုးသော ဘင်ဂအိမ်မှာ ရောက်နေသဖြင့် ရောဂါတွေရကိန်းရှိပြီး နေရာပြောင်းရွေ့မူ့တွေနဲ့ အဆင်မပြေရှိတတ်ပါတယ်။ မိသားစုဝင်တွေနဲ့ လဲ ခွဲနေရကိန်းလဲရှိပါတယ်။ သင့်ရဲ့ အိုဇာတာက သိတ်ကောင်းပုံမရလို့ အလူဒါနပေးခြင်း၊ အခြားသူများကို ကူညီခြင်း၊ တိရိစ္ဆာန်များကို ဘေးမဲ့လွတ်ပေးခြင်းစတဲ့ ကောင်းမူ့တွေလုပ်ပေးခြင်းဖြင့် မကောင်းသော အကုသိုလ်ကံကို ဖယ်ရှားပေးပါ။ ခြုံပြောရရင် မိဘတွေရဲ့ ထောက်ပံ့မူ့ကို ရပြီး ထောက်ပံ့မဲ့ သားသမိးမျိုး မထွန်းကားနိုင်။ပံ့ပိုးမူ့ပေးနိုင်မဲ့ အိမ်ထောင်ရှင်နဲ့ လက်ထပ်ရမဲ့ကိန်းရှိပါတယ်။

No comments: