တရုပ်ဗေဒင်နည်းအရ မျောက် နစ်တွင် မွေးဖွားလာသူများအကြောင်း
မျောက် နစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝမှာ ကတည်းက ပျော်ရွှင်တတ်၊ ပြိုင်ဆိုင်တတ်၊ စူးစမ်းတတ်၊ စိတ်လူပ်ရှားတတ်ပြီး အစအနောက်သန်၊ ကျီစားသန်ကာ ခန့်မှန်းရခက်တဲ့ သူမျိုးတွေ ဖြစ်ပါသတဲ့။ သူတို့ဟာ ရည်ရွယ်ချက်ကြီးမားကာ သူများကို ကြိုးကိုင် ချယ်လှယ်လိုပြီး လောဘလဲကြီးတတ်ကြပါသတဲ့၊ နောက်ပြီး အကောင်းမြင်တတ်၊ တီထွင်တတ်၊ ပညာသင်ယူရန် အမြဲလိုလားနေတတ်၊ ဘာဘဲသင်သင် တတ်မြောက်လွယ်ပြီး အောင်မြင်ပြီးဆုံးသည်အထိ လုပ်ဆောင် တတ်ကြသော်လည်း အတ္တကြီးကာ ဟန်ဆောင်တတ်၊ ပရိယယ်မာယာ များတတ်ပြီး တခါတရံမှာ သူတို့သိတာကို ရှင်းပြနိုင်ဖို့ အားနဲသူများ ဖြစ်ကြပါသတဲ့။ ကြီးပြင်းလာတဲ့အခါ ဗဟုသုတများသော၊ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် အစီအစဉ်များအဆင့်လိုက်ပြင်ဆင်တတ်သော၊ ကျွမ်းကျင်သူများ ဖြစ်လာကြသလို ဘဝင်ကိုင်တတ်ခြင်း၊ လျို့ဝှက်တတ်ပြီး မနာလိုစိတ် အတော်များတဲ့သူတွေ ဖြစ်ကြပါသတဲ့။ ထို့ပြင် ပေါ်လစီ အသစ်များနဲ့ ရေတိုရေရှည် စိမံကိန်းများ ရေးဆွဲရာမှာ ကျွမ်းကျင်ကာ အများနဲ့ ပူးပေါင်းအကောင်အထည် ဖော်လုပ်ဆောင်နိုင်သူများ ဖြစ်ကြပြီး အလုပ်အစမှာ တက်ကြွတတ်သလောက် အဖျားရူးပြီး နောက်တခုကို လှမ်းကိုင်ချင်ကြသတဲ့။ သူတို့ဟာ မှတ်ညဏ် အတော်ကောင်းကြပြီး ဘာသာဗေဒ လေ့လာရာမှာ တတ်လွယ်မြန်တတ်ကြသတဲ့။ ပြီးတော့ သားသားနားနားဝတ်ဆင်ကာ အပျော်အပါး နဲ့ ပါတီ ပွဲကြိုက်တတ်သူများလဲဖြစ်ပြီး တခါတရံမှာ သတိမမူလို့ ဂူမမြင်တတ်တဲ့ သူတွေလဲ ဖြစ်ကြပါသတဲ့ကွယ်။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အနောက် နဲ့ အနောက်တောင် ဖက်အရပ်တွေမှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေ မျောက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အေးချမ်းတဲ့ အသွင်အပြင်၊ တည်ငြိမ်တဲ့ အပြုံး၊ ရိုးသားပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်ကြကာ အလုပ်ကို တာဝန်ကြေ တတ်ကြသူများဖြစ်ပါသတဲ့။ ကျင်နာတတ်သော နှလုံးသား၊ အကောင်းမြင်တတ်တဲ့ စိတ်၊ စိတ်ချ ယုံကြည်ရလောက်တဲ့ လုပ်ပုံကိုင်ပုံ တွေရှိသော်လည်း သူတို့ဟာ အယူအဆတွေ သီအိုရီတွေအပေါ်မှာ မူတည်နေတတ်ခြင်း၊ သူတိုလုပ်ချင်တဲ့ အရာကို လုပ်ခွင့်ရဖို့ အတွက် သူတု့ိရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် နဲ့ နံမည်ကို ထိခိုက်မှာကို စိုးတတ်ခြင်းတွေကြောင့် အောင်မြင်မူ့ နှောင့်နှေးတတ်ကြသတဲ့။ ငွေကြေးနဲ့ ပတ်သက်ပြီးတော့ အသက်ကြီးပိုင်းမှာ စုမိဆောင်းမိ ရှိတတ်ကြပြီး အိုချိန်မှာ သူဌေးလေး ဖြစ်တတ်ကြသတဲ့။ သူတို့ဟာ တီထွင် ဖန်တီးတတ်ကြပြီး တပါးသူတွေနဲ့ ပတ်ဝန်းကျင်ကို အရမ်းစူးစမ်း တတ်ကြပါသတဲ့။ နောက်ပြီး သူတို့ဟာ ဆန့်ကျင်ဖက်တွေကို ဆွဲဆောင်အား ကောင်းကြသော်လည်း အိမ်ထောင်ရေး မှာတော့ မပျော်နိုင်ကြဘူးတဲ့။
ရေ မျောက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ပူးပေါင်း အလုပ်လုပ်တတ်ကာ ကျင်နာတတ်၊ စိတ်ရှည်တတ်ပြီး ညှိနိုင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြသလို ဖုံးကွယ်တတ်ပြီး လိုရာခရီးသို့ ဦးတည်ရာ လမ်းကြောင်းများ အားနဲလေ့ရှိတတ် ကြပါသတဲ့။ ထို့ပြင် သူတို့ဟာ ထိမ်းချုပ်နိုင်စွမ်းရှိကာ၊ အကောင်းမြင်တတ်သူများ၊ ပျော်ပျော်နေတတ်သူများဖြစ်ပေမဲ့ စိတ်ဂယောက်ဂယက် တကိုယ်တည်း အဖော်မဲ့နေရတတ်ပါသတဲ့။ သူတို့က အရေးကြုံလာရင် အမြန်ဖြေရှင်းနိုင်တဲ့ အရည်အချင်း ရှိသူတွေဖြစ်ကြပြီး အခြေအနေအလိုက် မိးစင်ကြည့် ကတတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဝေဖန်လေကန်ရင် မကြိုက်တတ်ကြဘဲ သူများကို နင့်ပဲကဆတော့ ပြောတတ်ကြပါသတဲ့။ ထို့ပြင် အနာဂတ်ကို ကြိုတွေးပြီး စိတ်ပူနေတတ် သူများဖြစ်ကြပြီး၊ များသောအားဖြင့် သူတပါးကို အကူအညီတွေ ပေးတတ်ကြပေမဲ့ တခါတရံမှာ သူများကို စိတ် အနှောက်အယှက် ပေးတတ်ကြကာ တချို့က အခွင့်အရေးသမားများ ဖြစ်ကြသတဲ့။
မီး မျောက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ခွန်အားကောင်းသူများ၊ ရက်ရောတတ်သူများ၊ ယုံကြည်မူ့ အားကောင်းသူများဖြစ်ကြပြီး၊ စိတ်ကူးယဉ်တတ်တာကို တီထွင်ကြံဆတတ်သူများဖြစ်ကြသလို မနာလိုတတ်သော၊ ခေါင်းမာတတ်သော သူများလဲ ဖြစ်ကြပါသတဲ့။ အသက်မွေးဝမ်းကြောင်းပညာတွေ စိတ်ဝင်စားကာ၊ ပြိုင်ဆိုင်လိုစိတ်ရှိပြီး၊ သူတို့ရဲ့ စိတ်ကူးအတိုင်း စတင်ပြုလုပ်လေ့ရှိသလို လောဘလဲကြီး စိတ်ကြီးဝင်တတ်တဲ့သူတွေ ဖြစ်ကြသတဲ့။ သူတို့ဟာ နိုင်ငံရေး၊ ဘာသာရေး၊ သမိုင်း ရာဇဝင်၊ ဝိညဉ် စုံး တဆေ သူရဲ စသောထူးဆန်းသော အရာများ နဲ့ တမလွန်အကြောင်း၊ ဆေး၊ ခရီးသွား၊ ဖျေဖျော်ရေး အနုပညာ စသည်ဘာသာရပ်တွေကို ဝါသနာ ပါတတ်ကြပါတယ်။ သူတို့ဟာ စွန့်စွန့်စားစား လုပ်တဲ့ အရာတွေမှာ အောင်မြင်တတ် ကံကောင်းတပ်ကြပြီး၊ အငြင်းသန်သလို ချုပ်ကိုင်ထားလိုတဲ့ စိတ်တွေလဲ ရှိတတ်ကြပါသတဲ့။ အချစ်ရေးမှာ ဆန့်ကျင်ဖက် လိင်ကို အရမ်းကြိုက်တတ်ပြီး သူတို့အချစ်က အရမ်းမြန်တတ်သတဲ့။ အိမ်ထောင်ပြုဖို့ကြတော့ တဆင့်ပြီး တဆင့် ကြိုးစားတာမျိုးမလုပ်ဘဲ ဖူးစာကံကို စောင့်နေတတ်သတဲ့ကွယ်။
သစ်သား မျောက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက်မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထို့ကြောင့် အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ ဆက်သွယ်ရေး ဆက်ဆံရေး အရေအသွေးရှိပြီး၊ အခွန့်အရေးအတွက် အလွန် စပ်စုတတ်သူတွေဖြစ်ပါသတဲ့။ အချိန်ကို မဖြုန်းတတ်ကြဘဲ အတိတ်က ရှိထားခဲ့တဲ့ အိမ်မက်တွေကို အမြဲလိုလို တီထွင်ကြံဆ မနားမနေ အကောင်အထည် ဖော်တတ်သူတွေလဲ ဖြစ်ကြပါသတဲ့။ ထို့ပြင် ရိုးသား ကြိုးစား ကျင်နာတတ်သော နှလုံးသား၊ သစ်စာတရားကို ရင်ဝယ်ထားရှိတတ်ကြသလို စီမံကိန်းအသစ်တွေအတွက် တခါတရံ စိန်ခေါ်မူ့နဲ့ စွန့်စားမူ့အကြားမှာ တခါတလေ အငြင်းပွား နေတဲ့ အနေအထားတွေနဲ့ အမှန်တကယ် အနေအထားအကြား ဒွိဟတွေ ဖြစ်နေတတ် ကြပါသတဲ့။ သူတို့ရဲ့ ဘဝတွေက ကံကြမာရဲ့ ရိုက်ခတ်မူ့ နဲ့ တွန်းမြောက်မူကြောင့် ဘာဖြစ်လာနိုင်လိမ့်မလဲလို့ မှန်းရ အတော်ခက်တတ်ကြသတဲ့။ အချစ်ရေးမှာဆိုရင်လဲ သစ္စာ မေတ္တာ နဲ့ တဏှာတွေ အကြား ဘတပြန် ကျားတပြန် လုံးထွေးနေကြတယ်ဆိုဘဲ။
သတ်တု မျောက် နစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထို့နေ့မှာ မွေးသူများသည် ကြံခိုင်သန်စွမ်းကြပြီး တိုက်ခိုက်လိုစိတ်ပြင်းပြကာ လွတ်လပ်မူ့ကို မြတ်နိုးတတ်သူများဖြစ်ကြပါသတဲ့။ အကောင်းမြင်ပြီး နွေးထွေးသော၊ လက်တွေ့ကျပြီး အလုပ်ကျိုးစားသော၊ သူတို့ဘဝကို ကျေနပ်စွာ နေထိုင်တတ်ပြီး ဆရာကြီးဆံကာ ခေါင်းလဲအတော်မာသူများ ဖြစ်ကြကာ သူတို့ မှန်နေပြီဆို လျော့ပေးတတ်သူများမဟုတ်ကြ။ သူတို့ဟာ စိးပွားရေး လုပ်ငန်းဆောင်တာတွေမှာ ထူးချွန်တတ်ကြပြီး၊ အကျိုးအမြတ် မျက်မျက်စွက်စွက် ရနိုင်မဲ့ အရင်းအနှီးတွေ မြုပ်နှံတတ်ကါ၊ ပြသနာများကို ဖြေရှင်းတတ်၊ ကိုယ့်ကိုကိုယ် ထိမ်းချုပ်တတ်၊ တယောက်ထဲ နေတာကို ပိုကြိုက်ကြပါသတဲ့။ အချစ်ရေးကိတ်စတွေမှာ ရိုမက်တစ် အရမ်းဖြစ်ကြပြီး တခါတလေ အရူးအမူးဖြစ်တတ်ကြပါသတဲ့။
Sources: : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com
No comments:
Post a Comment