တရုပ်ဗေဒင်နည်းအရ နဂါးနစ်တွင် မွေးဖွားလာသူများအကြောင်း
နဂါးနစ်တွင် မွေးဖွားလာသူများသည် ကလေးဘဝ မှာကတည်းက အကြောက်တရား ကင်းမဲ့ခြင်း၊ သန်မာခြင်း၊ ထက်ထက်မျက်မျက်ရှိခြင်း စသည့် အရည်အချင်း တို့ရှိတတ်ကြပြီး သူတို့ သဘောကျသည့် မိဘ၊ ဆရာသမားတို့ကို ပုံတူကူးချလိုသူများ ဖြစ်ကြပါသတဲ့။ ထို့ပြင် လွတ်လပ်တာကို ကြိုက်တတ်ကြပြီး အိမ်မက်တွေကိုလဲ လက်တွေ့ အကောင်အထည် ဖော်နိုင်ကြသူတွေ ဖြစ်ပါသတဲ့။ မှားနေတာကို ထိမ်းချုပ်နိင်စွမ်းရှိပြီး အမှန်ကိုပြင်တာတို့၊ ခေါင်းဆောင်နေရာကို အရယူထားတတ်တာတို့၊ အမှတ်တမဲ့ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်တာတို့လဲ လုပ်တတ်ကြပါသတဲ့။ အဲ သူတို့ ကြီးပြင်းလာတဲ့အခါ၊ စွမ်းရည်ရှိသော အောင်မြင်သော၊ ရက်ရောသော၊ လေးစားခံရသော သူတွေဖြစ်လာသလို အာဏာ နဲ့ နေရာမက်သော၊ မနာလို မဖြစ်ပေမဲ့ ခေါင်းမာတတ်သောသူတွေ၊ မောက်မာပြီး သူတပါးကို အထင်အမြင်သေး တတ်ပါသတဲ့။ ထို့ပြင် သူတို့ဟာ စကားပြောကောင်းခြင်း၊ သဘာဝအလှကို မြတ်နိုးခြင်းတို့အပြင် အားကစားသမား ကောင်းတွေလဲ ဖြစ်နိုင်သလို အပြင်သိတ်ထွက်တတ်တဲ့ သူတွေဖြစ်ပြီး လူထူထပ် စည်ကားတဲ့အရပ်တွေကို ကြိုက်နှစ်သက်ပါသတဲ့။ အချစ်ရေးမှာတော့ ကံအကျိုးပေးနဲလို့ လိုချင်သူနောက် တကောက်ကောက် လိုက်နေရင်း မရတတ်ကြဘူးတဲ့။ ထူးဆန်းချက်ကတော့ သူတို့ရဲ့ မွေးဖွားတဲ့ အချိန်မှာ ရှိတတ်တဲ့ ရာသီဥတု အနေအထားအတိုင်း သူတို့ ဘဝက လိုက်ဖြစ်နေတတ်သတဲ့။ ဥပမာ မွေးတဲ့အချိန်မှာ မုန်တိုင်းရှိနေရင် အဲဒိသူရဲ့ ဘဝက မူန်တိုင်းထန်နေပြိး၊ အေးရင်အေးသလို၊ ပူရင်ပူသလို၊ လေပြေလေညင်းဆို ဒူးလေးနှပ်နေလို့ရတဲ့ဘဝမျိုး ဖြစ်နေတတ်ပါသတဲ့ဗျား။
အဲဒီနစ်မှာ မွေးတဲ့သူတွေဟာ အလုပ်အကိုင် ရှာဖွေမယ်ဆိုရင် မိမိနေအိမ်ရဲ့ အရှေ့ နဲ့ အရှေ့တောင်ဖက်အရပ်မှာ အလုပ်ကောင်းတွေ၊ အဆင်ပြေစေမဲ့ အလုပ်တွေ ရနိုင်ပါသတဲ့။
မြေနဂါးနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မြေဆိုတာကို ခိုင်ခံ့ခြင်း၊ တည်ငြိမ်ခြင်း၊ လက်တွေ့ကျခြင်းလို့ ယူဆကြသတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ လူမူရေးကျွမ်းကျင်သော၊ ဦးစီးဦးဆောင်နိုင်သော၊ တည်ငြိမ်ပြီး လက်တွေ့ကျသော သူများဖြစ်ကြပြီး အရင်းအမြစ် ကုန်ကြမ်းတွေကို ဘယ်လိုအသုံးချ ရမယ်ဆိုတာလဲ ကောင်းကောင်း သဘောပေါက် သူတွေဖြစ်သတဲ့။ ငွေကြေးကိတ်စ ကိုင်တွယ်မူတွေမှာ ကျွမ်းကျင်သူတွေဖြစ်သလို ဆိတ်ဆိတ်နေတတ်ကြပြီး ပြောစရာရှိရင် သတ်တိရှိရှိ တည့်တည့်ဘွင်းဘွင်းပြောပြီး လုပ်စရာရှိရင်လဲ တည့်တည့်ဘဲတဲ့။ ဝေဖန်စရာရှိရင်လဲ အရမ်းမြန်ပြီး တဖက်လူကို အရူးလုပ်နိုင်စွမ်းရည် ရှိသူတွေဖြစ်သလို သူတို့နဲ့ ထိပ်တိုက်တွေ့ပြီးသူကို ပြန်ပြီး ယုံကြည်မူ့ တည်ဆောက်ဖို့ အချိန် အတော်ယူကြရပါသတဲ့။ နောက်ပြီး သူတို့ဟာ စောင့်နေရတဲ့ အလုပ်မျိုးတွေမှာ စိတ်မရှည်ကြပါဘူးတဲ့။
ရေနဂါးနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က ရေဆိုတာကို ရောင်ပြန်ဟပ်တဲ့ သဘာဝ၊ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အပြောင်းအလဲ လွယ်တဲ့ သဘောတဲ့။ အဲဒိနစ်မှာ မွေးတဲ့သူတွေဟာ အကောင်းလဲမြင်၊ အတ်တလဲရှိ၊ သူတပါးအတွက်လဲ ကြည့်တတ်တဲ့သူမျိုးတွေဖြစ်ပြီး မိတ်ဆွေဖွဲ့ ကောင်းတဲ့သူတွေဖြစ်ကြတယ်တဲ့။ စိးပွားရေးလုပ်ကိုင်ရာမှာ စိတ်မြန်လူမြန်တွေဖြစ်ပေမဲ့ သေချာတတ်ပြီး ဈေးကွက်စနစ်ကို တတ်ကျွမ်းနားလည်တတ်ကြသတဲ့။ သူတို့တွေမှာ စေ့စပ်ညိုနိုင်းပေးနိုင်တဲ့ အရည်အချင်းမျိုးတွေ ပိုင်ဆိုင်တတ်ကြပြီး မဆုတ်မနှစ် လုံလပြုကာ မရရအောင် စွမ်းဆောင်တတ်တဲ့ သူမျိုုးတွေဖြစ်သလို သူတို့ဘာဆက်လုပ်မလဲ ကြိုမှန်းမရနိုင်တဲ့ သူမျိုးတွေ ဖြစ်ကြပါသတဲ့။ သူတိ့ဟာ တရားမျှတမူ့ကို နှစ်သက်ပြီး ဒုက်ခရောက်သူကို ကူညီတတ်သူတွေ၊ ထူးချွန်သော စိတ်ပညာရှင်များ၊ စိတ်ဝေဒနာရှင်တွေရဲ့ ရောဂါအမှန်ကို ထိုးထွင်းမြင်ပြီး အပျောက်ကုသပေးနိုင်သော စိတ်ရောဂါကု ဆရာဝန်ကောင်းတွေ ဖြစ်နိုင်ကြပါသတဲ့။ နောက်ပြီး အသက်မွေး ဝမ်းကြောင်းအလုပ်တွေမှာ ကံကောင်းတတ်သူတွေဖြစ်ကြကာ တီထွင်ကြံဆမူ့ကောင်းလို့ ရာထူးအတိုးခံရသူတွေဖြစ်သလို အချစ်ရေးကို အလေးထားကြသူတွေဖြစ်ပါသတဲ့။
မီးနဂါးနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က မီးဆိုတာကို အင်အားစွမ်းပကား ကြီးမားခြင်း၊ ရမက်ကြီးကာ ရန်လိုတတ်ခြင်း၊ အရှိန်အဟုန်မြန်ပြီး ဦးဆောင်နိုင်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ အဲ့နစ်မှာ မွေးတဲ့သူတွေဟာ ကိုယ်ရည်ကိုယ်သွေး ကောင်းကြပြီး ပညာ ဗဟုသုတ ပြည့်စုံကြကာ ပွင့်လင်းမြင်သာသူတွေ၊ လူကုံတန်တွေ ဖြစ်သလို အပြိုင်အဆိုင် လုပ်တာကို နှစ်သက်တတ်ကြသတဲ့။ သူတို့ဟာ တော်တဲ့ ဖြောင့်မတ်သူတွေ ဖြစ်ကြသလို၊ သစ်စာလဲရှိတတ်ပြီး၊ စီမံခန့်ခွဲတတ်မူ့နဲ့ စိမံကိန်း အသစ်တွေကို ဖန်တီးတပ်ကြပေမဲ့ စိတ်တိုတတ်ပြီး အာဏာရှင် ဆံတတ်ပါသတဲ့။ နောက်ပြီးတော့ ဆွဲဆောင်တတ်တဲ့ ဓါတ်တွေရှိပြီး ဖေးမကူညီနိုင်တဲ့ အကြံကောင်း ညဏ်ကောင်းတွေ လဲရှိတတ်ကြပါသတဲ့။ အချစ်ရေးမှာ တာဝန်ယူတတ်သူတွေ ဖြစ်သလို မိသားစုကို တာဝန်ယူတတ်လွန်းလို့ ငွေကြေးမလောက်ငှမူ့တွေ ခဏခဏ ကြုံတတ်သူတွေလဲ ဖြစ်ပါသတဲ့။ နောက်ပြီး အိမ်ထောင်ဖက်နဲ့ အသေးစိတ်ကစ ငြင်းတတ်ကြလို့ တယောက် နဲ့ တယောက် စေတနာတွေက ဝေဒနာဖြစ် စိတ်ညစ်စရာတွေ ကြုံတတ်ပါသတဲ့လေ။
သစ်သားနဂါးနစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သစ်သားဆိုတာကို စိတ်ကူးစိတ်သန်းကွန့်မြုုးခြင်း၊ တီထွင်ကြံဆခြင်း၊ ယုံကြည်ချက်မြင့်မားခြင်းလို့ ဆိုကြပါတယ်။ ထိုနစ်မှာ မွေးသူများဟာ တီထွင်ကြံဆလိုကြခြင်း၊ ရက်ရောတတ်ခြင်း၊ ညဏ်ကောင်းပြီး မကောင်းတဲ့ အဟောင်းတွေအစား အနေအထားနဲ့ ကိုက်ညီမဲ့ နည်းအသစ်ကို အစားထိုးလိုသူများဖြစ်ပြီး အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ နေရတာကို ပိုကြိုက်ကြပါသတဲ့။ သူတို့ဟာ အများနဲ့ တွဲလုပ်တဲ့နေရာမှာ အရည်အချင်းရှိသူများဖြစ်ပြီး၊ ပြသနာများကို ဖြေရှင်းရာမှာ အကြောင်းကြောင့် အကျိုး ဒသနကို သေချာပိုင်နိုင်သူများဖြစ်ကြပါသတဲ့။ အမြဲတန်းလို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပြီး စိမ်ခေါ်လာရင် တိမ်ပေါ်တက်လာရမလားဆိုတဲ့ သတ်တိမျိုးတွေ ရှိတတ်ကြသော်လည်း အမြဲလိုလို သူ့ဘက်ကိုပဲယှက်တဲ့ လိပ်မျိုးလေးတွေ ဖြစ်ပါသတဲ့။ ထို့ပြင်သူတို့ဟာ နွေးထွေးတတ်သော၊ ရက်ရောတတ်သော၊ စကားပြောကောင်းသော သူများဖြစ်ပြီး စွန့်စားရဲသူတွေလဲ ဖြစ်ကြပေမဲ့ ဆန့်ကျင်ဘက် လိင်ကို သိတ်မဆွဲဆောင် နိုင်ကြပါသတဲ့။
သတ်တုနဂါးနှစ်မှာ မွေးဖွားသူများအကြောင်း
တရုပ်ဗေဒင်ပညာရှင်တို့က သတ်တုဆိုတာကို သတ်တိရှိခြင်း၊ စိတ်ဓါတ်မာကြောခြင်း၊ စွန့်စားတတ်ခြင်းတို့လို့ ဆိုပါတယ်။ ထိုနစ်မှာ မွေးသောသူများဟာ ရိုးသားခြင်း၊ စိတ်ဓါတ်ခိုင်ပြီး ဖြတ်ထိုးညဏ်ကောင်းကာ တိုက်စစ်မူးလို နေတတ်ကြသတဲ့။ သူတို့ဟာ ရှင်းရှင်းနဲ့ပြတ်ပြတ်ပြောပြီး ဆုံးဖြတ်ချက်များလုပ်နိုင်သလို တာဝန်ယူတတ်သူများလဲဖြစ်ကာ ရှေ့ရေးကို မျှော်တွေး ကြည့်တတ်သူများ ဖြစ်ကြပါသတဲ့။ သူတို့လုပ်လိုတာကို အခြားသူများက လိုက်မလုပ်နိုင်ရင်လဲ ပြသနာမရှိ၊ သူတို့ဟာသူတို့ ပြီးအောင် ဆက်လုပ်ပြီး အခြေအနေကို ထိမ်းချုပ်နိုင်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ သစ်စာရှိသော စိတ်မြန်သော၊ တစိုက်မတ်မတ်လုပ်တတ်သောသူများ ဖြစ်ကြသလို သူတ့ိုဆုံးဖြတ်ချက်ကိုသာ အဓိက အကောင်အထည်ဖော်ပြီး အခြားသူများရဲ့ ပြောစကားကို အရေးမပါ အနေအထားရောက်အောင် တွန်းပို့တတ်ပြီး၊ တခါတရံ ပြောမနိုင်ဆိုမနိုင်ပေတတ်ကပ်တပ်ပြီး စိတ်ကြီးလဲဝင်တတ် သူတွေဖြစ်ပါသတဲ့။ ထို့ပြင် ခရိးသွားတာကို ဝါသနာပါကာ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြကာ၊ လျို့ဝှက်ထူးဆန်းတဲ့ ယုံကြည်မူ့မျိုးတွေကို စူးစမ်းတာ ဝါသနာ ပါတတ်ကြပါသတဲ့။
Sources: : This research is the combination of sources from The Handbook of Chinese Horoscopes by Theodora Lau Published by arrow Books Limited and from the following web sites;
http://www.travelchinaguide.com
http://www.chinesenewyear.net
http://www.yourchineseastrology.com
No comments:
Post a Comment