Thursday, June 4, 2020

Vrischika ဗြိစ္ဆာ ရာသီ (Scorpio) လဂ် (Ascendant)

Vrischika  ဗြိစ္ဆာ ရာသီ (Scorpio)  လဂ် (Ascendant)

                          မွေးဇာတာ လဂ် =   ဂြိုလ်အိမ် နံပါတ် (၁)    ဗြိစ္ဆာရာသီ (Scorpio)
                                                      ဂြိုလ်အိမ် နံပါတ် (၂)   ဓနုရာသီ (Sagittarius)      
                                                      ဂြိုလ်အိမ် နံပါတ် (၃)   မကာရရာသီ (Capricorn)
                                                      ဂြိုလ်အိမ် နံပါတ် (၄)   ကုံရာသီ (Aquarius)
                                                      ဂြိုလ်အိမ် နံပါတ် (၅)    မိန်ရာသီ  (Pisces)
                                                      ဂြိုလ်အိမ် နံပါတ် (၆)    မိဿ ရာသီ (Aries)
                                                      ဂြိုလ်အိမ် နံပါတ် (၇)    ပြိဿရာသီ (Taurus)
                                                      ဂြိုလ်အိမ် နံပါတ် (၈)    မေထုန်ရာသီ (Gemini)
                                                      ဂြိုလ်အိမ် နံပါတ် (၉ )    ကရကဋ်ရာသီ (Cancer)
                                                      ဂြိုလ်အိမ် နံပါတ် (၁၀)    သိဟ်ရာသီ (Leo)
                                                      ဂြိုလ်အိမ် နံပါတ် (၁၁)    ကန်ရာသီ (Virgo)
                                                      ဂြိုလ်အိမ် နံပါတ် (၁၂)    တူရာသီ (Libra)
                                                                                                                                                                 
မှတ်ချက်။       ။ အောက်ပါ ခန့်မှန်းချက် ဟောကိန်းသည် ပထမအိမ် မှာ လာဂ်ကိုထားပြီး အခြား ရာသီ ဂြိုလ်များကို အိမ် ၁၂ အထိ တဂြိုလ် တအိမ်နုံးနဲ့ အစဉ်လိုက်တည်ရှိနေသည်ဟု့ ယေဘူရ ယူဆကာ တွက်ချက်ထားခြင်းဖြစ်သည်။ တခါတရံမှာ တချို့သောသူများရဲ့ မွေးတဲ့အချိန် နဲ့ မွေးရာဒေသများကြောင့် ရာသီဂြိုလ် ၂ခု ဟာ အိမ်တအိမ်ထဲမှာ ရှိနေတတ်ပြီး အချို့အိမ်တွေမှာ ဘာဂြိုလ်မှ မရှိတတ်ကြသလို တချို့ ဂြိုလ်တွေက အိမ် ၂ အိမ်ကို ခွပြီး ဆက်တိုက်နေရာ ယူထားတတ်ကြလို့ ထိုသူများရဲ့  ပုံမှန်မဟုတ်သော ရာသီခွင်တွေအတွက် မမှန်နိုင်ပါ။

မွေးဇာတာ လဂ်က ဗြိစ္ဆာရာသီ စကော်ပီယိုနတ်ခတ် ကို အင်္ဂါဂြိုလ် စိုးမိုးသဖြင့် ကြီးမားသောမျက်လုံး၊ မျက်နှာလေးထောင့်၊ ကျယ်ပြန့်သော ရင်ဘတ်၊ ကောက်ကွေးသော ဆံပင်၊ ကြီးမားသော လည်ဂုတ် နဲ့ ပခုံးသားကြီးများ၊ လက်တံရှည်ပြီး မာဆယ်များဖြင့် တည်ဆောက်ထားသော ကိုယ်ခန္ဓာနှင့် မပုလွန်း မရှည်လွန်းသော အရပ်တို့ ရှိတတ်ပါသတဲ့။ ဝေဖန်ထောက်ပြချက်ကောင်း၊ ထေ့လုံး ငေါ့လုံးတွေက ပြောင်မြောက်သလို လူပ်ရှားမူ့က သန်မာ၊ မြန်ဆန် သွက်လက်၊ရက်စက်တတ်ပြီး ကြောင့်ကြစိတ်တွေနဲ့ အထူးဂရုစိုက်တတ် သူများဖြစ်ပါသတဲ့။ ထို့ပြင် သူတို့ဟာ လွတ်လပ်စွာနေတတ်၊ စိတ်ခံစားမူ့လွယ်ပြီး၊  ဆွဲဆောင် အားကောင်းကြပေမဲ့ အာဏာရှင်ဆံပြီး၊ ပတ်ဝန်းကျင် အခြေအနေအလိုက် ပြော့ပြောင်းမူ့၊ ပြောင်းလဲမူ့ မရှိတတ်သူများ ဖြစ်ကြပါသတဲ့။ သူတို့ဟာ ငယ်စဉ်ကာလမှာ မိဘတွေနဲ့ ခွဲနေရတတ်ပါသတဲ့။ ဆီးအိမ်ဘရိတ်ဒါ ပိုးကူးစက်ခံရမူ့၊ အစာခြေအင်္ဂါများ အားနဲမူ့၊ နောက်ကျော နဲ့ နှလုံးရောဂါ များဖြစ်နိုင်ချေများသဖြင့် အစားအသောက် အနေအထိုင်ပုံများကို ကြိုတင်သတိထားသင့်ပါသတဲ့။ စိတ်ဓါတ်ကျချိန်တွေမှာ အရက် နဲ့ ဆေးဝါးအလွန်အကျွံ သုံးတတ်ခြင်းဟာ စကောပီယိုတို့ရဲ့ အဓိက အားနာချက် ဖြစ်ပါသတဲ့။

ဒုတိယမြောက်အိမ်မှာ ဓနုရာသီ စက်ဂျီတေးရိယတ်နတ်ခတ် ကို ကြာသာပတေးဂြိုလ် စိုးမိုးသဖြင့် (Jupiter occupy 2nd house and Sagittarius ruled) အဖေမိဘ၊ ကံတရား၊ စေတီ၊ ဘုရား၊ ဘုန်းကြီးကျောင်း၊ ဘာသာရေး၊ ခရီးရှည်၊ နိုင်ငံခြားခရီး စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် အင်္ဂါဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် အဖေဟာ ပညာလဲတတ်၊ ဘာသာတရားကိုင်းရိုင်းပြီး လူမူရေးကောင်းကာ ပျော်တတ်ရွှင်တတ်တဲ့သူမျိုးဖြစ်ပါသတဲ့။ သူတို့ကတော့ ကျင့်ဝတ်ထုံးတမ်းအစဉ်အလာ၊ ယုံကြည်မူ့ဘာသာ တို့ကို လေးစား လိုက်နာ တတ်ကြပြီး ခရိးသွားခြင်း၊ ဘာသာစကားသင်ယူခြင်းကို နှစ်သက်ကြပါတယ်။ စကားစစ်ထိုးမူ့ကောင်းခြင်း၊ ဆန်ကျင်ဖက်တို့ကို ထောက်ပြဝေဖန်မူ့ အားကောင်းခြင်း နဲ့ စကားပြောရာမှာ ဆွဲဆောင်မူ့ကောင်းခြင်းတို့ကြောင့် လူမူရေး စည်းရုံးရေး နိုင်ငံရေး အနုပညာ နယ်ပယ်တွေမှာ အရေးကြီး နံမည်ကြီးသူများ ဖြစ်လာနိုင်ပါသတဲ့။

တတိယမြောက်အိမ်မှာ မကာရရာသီ ကက်ပရီကွန်နတ်ခတ် ကို စနေဂြိုလ် စိုးမိုးသဖြင့် (Saturn occupy 3rd house and Capricorn ruled) အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်၊ တာဝန်ယူမူ့၊ တာဝန်ခံမူ့၊ နံမည်ကြီးလူသိများမူ့၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် စနေဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့ဟာ စည်းရုံးမူ့အားကောင်း၊ ခေါင်းဆောင်မူ့ အရည်အချင်းရှိ၊ အလုပ်ကျိုးစားပြီး ပန်းတိုင်ကို မမှိတ်မသုံ အရောက်လှမ်းတတ်တဲ့သူတွေဖြစ်ကြသော်လည်း အစနှေးတတ်သူများဖြစ်ပါသတဲ့။ သိပ္ဗံပညာ၊ သုတေသနပညာ၊ ပညာရေးဌာန ဆိုင်ရာလုပ်ငန်းများ၊ သတ္တုဗေဒပညာ၊ ပန်းပု ရုပ်ထု ဖောင်းကြွ စတဲ့ ပညာတွေမှာ အောင်မြင်နိုင်ပြီး ဒါရိုက်တာ၊ မန်နေဂျာ နဲ့ စီစဉ်ညွန်ကြားသူတွေ ဖြစ်နိုင်ပါသတဲ့။

စတုထ္တမြောက်အိမ်မှာ ကုမ်ရာသီ အက်ကွာရိယပ်စ်နတ်ခတ် ကို စနေဂြိုလ် စိုးမိုးသဖြင့် (Saturn occupy 4th house and Aquarius ruled) အကျိုးအမြတ်၊ အခွင့်အရေး၊ အကို အစ်မ၊ သူငယ်ချင်း မိတ်ဆွေ၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် စနေဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့တွေဟာ လူမူရေးကောင်းပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သူတွေ ဖြစ်ကြပေမဲ့ တပါးသူတွေအပေါ်မှာ ခပ်တင်းတင်း နဲ့ အဆုံးအဖြတ၊ အမိန့်ပေးတတ် သူတွေ ဖြစ်ကြပြီး၊ အလေးအနက်ထားသူ၊ တာဝန်ယူတတ်သူ၊ သစ္စာရှိသူတွေကိုသာ ရွှေးပြီး အပေါင်းအသင်း လုပ်တတ်လေ့ ရှိပါသတဲ့။

ပဉ္စမကြိမ်မြောက်အိမ်မှာ မိန်ရာသီ ပိစ်နတ်ခတ် ကို ကြာသာပတေးဂြိုလ် စိုးမိုးသဖြင့် (Jupiter occupy 5th house and Pisces ruled) အသုံးစရိတ်၊ စားသောက်မူ့အကျင့်၊ နိုင်ငံခြားခရိး၊ ဆေးရုံတက်၊ ခိုးမူ့၊ အချုပ်အနှောင် စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ကြာသာပတေးဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့က တယောက်ထဲနေပြီး သူတို့ရဲ့ ဘာသာရေး ယုံကြည်မူ့ နဲ့ စိတ်နယ်လွန်ခြင်းတွေကို ရှာဖွေစူးစမ်းလိုကြပါသတဲ့။

ဆဌမကြိမ်မြောက်အိမ်မှာ မိဿ ရာသီ (Aries) ကို အင်္ဂါဂြိုလ် စိုးမိုးသဖြင့် (Mars occupy 6th house and Aries ruled)
အသုံးစရိတ်၊ စားသောက်မူ့အကျင့်၊ နိုင်ငံခြားခရိး၊ ဆေးရုံတက်၊ ခိုးမူ့၊ အချုပ်အနှောင် စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ကြာသာပတေးဂြိုလ်  ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် သူတို့က စည်းစိမ်ခံစားမူ့မှာ အလွန်ကြိုက်နှစ်သက်သူတွေဖြစ်သဖြင့် ကိုယ်ကျိုးမနဲအောင် အလွန်အကွျှံမဖြစ်အောင် သတိထားရမဲ့သူတွေဖြစ်တယ်။ အလွန်အမင်း အကျိုးအမြတ်ကို မတော်လောဘနဲ့ ရဘို့ကျိုးစားရင်း ရှိတာပြောင်နိုင်ကိန်းလဲ ရှိတတ်ကြပါသတဲ့။

သတ္တမကြိမ်မြောက်အိမ်မှာ ပြိဿရာသီ သောကြာဂြိုလ် စိုးမိုးသဖြင့် (Taurus occupy 7th house and Venus ruled) မိသားစု ကိစ္စအရေး၊ စိးပွားရေး၊ ဝင်ငွေ၊ အကြွေး၊ မျက်လုံး၊ သွား၊ စားသောက်မူ့ အလေ့အကျင့်၊ ကာယကံရှင်ရဲ့ သေရေး၊ အိပ်မရရောဂါ၊ အလုပ်အကိုင် နဲ့ အချုပ်အနှောင် စတာတွေနဲ့ ပါတ်သတ်တယ်လို့ဆိုပါတယ်။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် သောကြာဂြိုလ် Venus ရဲ့တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ဒီဇာတာရှင်မှာ မွေးရာပါ အရည်အချင်းတွေ ပါလာတတ်ပါသတဲ့။ ငွေကြေးပိုင်ဆိုင်မူ့နဲ့ လုံခြုံမူ့ကို အလေးထားတတ်ကြသလို အစားအသောက် နဲ့ ကာမဂုဏ်မှာ အလွန်ပျော်ပါးလိုကြသတဲ့။

အဌမကြိမ်မြောက်အိမ်မှာ မေထုန်ရာသီ ဗုဒ္ဓဟူးဂြိုလ် စိုးမိုးသဖြင့် (Gemini occupy 8th house and Mercury ruled) သတ္တိဗျတ္တိ၊ ခံန္ဓာကိုယ် ကြံခိုင်မူ့၊ ကာမဆက်ဆံနိုင်မူ့ အခြေအနေ၊ အောင်မြင်ကျော်ကြားမူ့၊ ခရီးသွားလာမူ့၊ မိတ်ဆွေ၊ စစ်တပ်၊ စိတ်စွမ်းရည်၊ ဖန်တီးမူ့၊ အားကစား၊ ပန်းချီ ပန်းပု၊ ဂီတ စတဲ့ အနုပညာ၊ ပခုံး၊ နားရွက်နဲ့ လည်ချောင်းစတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း၊ မိဘ၊ မိထွေးတို့ရဲ့  ကျန်းမာရေး၊ ညီ၊ ညီမတို့ အကြောင်း စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ဗုဒ္ဓဟူးဂြိုလ် Mercury ရဲ့တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ဒီဇာတာရှင်ဟာ အခြားသူများကို နားလည်အောင် သဘောကျအောင် စကားပြောကောင်းသူများဖြစ်ကြပြီး ပုံပြောကောင်းသူတွေလဲ ဖြစ်ကြပါသတဲ့။ သူတို့ရဲ့ ညီ၊ ညီမတွေဟာလဲ အတတ်ပညာတော်ပြီး၊ စိးပွားရေး တတ်ကွျှမ်းနားလည်သူတွေဖြစ်ကြပါသတဲ့။ သူတို့ရဲ့နေအိမ် နဲ့ အလုပ်အကိုင်တွေဟာလဲ မကြာခဏရွေ့ပြောင်းနေရတတ်ပါသတဲ့။

နဝမကြိမ်မြောက်အိမ်မှာ ကရကဋ် ကင်ဆာရာသီ တနင်းလာ လဂြိုလ် စိုးမိုးသဖြင့် (Moon occupy 9th house and Cancer ruled) ပျော်ရွင်မူ့၊ အမေ၊ စည်းစိမ်ဥစ္စာ၊ ကားတိုက်မုူ့၊ အိမ်၊ မြေ၊ ခြံ ပိုင်ဆိုင်မူ့၊ ရင်ပတ်၊ ရင်အုံ စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် တနင်းလာဂြိုလ် Moon ရဲ့တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် အမေလုပ်တဲ့သူက ရိုးရာကို ထိမ်းကြောင်းသူ၊ မိသားစုကို ချစ်သော်လည်း စိတ်ပျောင်းလွယ်၊ စိတ်ဆိုးလွယ်၊ သူလုပ်တာ သိတာ အမှန်လို့ ထင်နေပြီး တင်းကြပ်တဲ့ မိသားစုမျိုးကို တည်ထောင်လိုသူ ဖြစ်နိုင်ချေရှိပါသတဲ့။

ဒဿမကြိမ်မြောက်အိမ်မှာ သိဟ်ရာသီ လီယိုနတ်ခတ် တနင်းဂနွေ နေဂြိုလ် စိုးမိုးသဖြင့် (Sun occupy 10th house and Leo ruled) သားသမိးရေး၊ ပညာရေး၊ ကိုးကွယ်ယုံကြည်မူ့၊ နိုင်ငံခြား ပညာတော်သင်၊ သင်ယူလေ့လာသင့်သော ဘာသာရပ် စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် တနင်းဂနွေဂြိုလ် ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ခလေးယူတာကို အချိန်ဆွဲခြင်း (သို့) သားသမိး မွေးမြူထိမ်းကျောင်းရန် အခက်အခဲရှိတတ်ပြီး ပွဲလမ်းသဘင် ရုပ်ရှင် နဲ့ ပါတီပွဲတွေမှာ အချိန်အား၊ ငွေအား သုံးကာ ပျော်ရွင်နေတတ်ကြသူတွေဖြစ်ပါသတဲ့။

ဆယ့်တစ်ကြိမ်မြောက်အိမ်မှာ ကန်ရာသီ ဗာဂိုနတ်ခတ် ကို ဗုဒ္ဓဟူးဂြိုလ် စိုးမိုးသဖြင့် (Mercury occupy 11th house and Virgo ruled) အကြွေးကိစ္စ၊ ဒဏ်ရာ အနာတရ၊ ရန်သူ၊ တရားဥပဒေ၊ အမူ့အခင်း၊ မျက်လုံးကျန်းမာရေး၊ အိပ်မပျော်တဲ့ ရောဂါ၊ အရေပြားရောဂါ၊ အူသိမ်အူမရောဂါ၊ ယောက်ကျား ငယ်ပါရောဂါ၊ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် ဗုဒ္ဓဟူးဂြိုလ် Mercury ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် တပါးသူတွေ ရဲ့ အရူတ်ထုတ် ပြသနာများကို ဝင်ရောက်ဖြေရှင်းပေးရင်း တာဝန်ရှိသူများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အစာခြေအင်္ဂါများ၊ အစာအိမ် နဲ့ အူသိမ် အူမတို့ ရောဂါအလွယ်တကူ ရကိန်းရှိသောကြောင့် ကိုလက်ကျန်းမာရေး လေ့ကျင့်ခန်း၊ လေကောင်းလေသန့်ရူလေ့ကျင့်ခန်းများလုပ်ပြီး၊ အစာကြေလွယ်သော အစားအစာ အသီးအနှံများစားကာ ရေသန့်များများသောက်ပေးရန် လိုအပ်ပါသတဲ့။

ဆယ့်နှစ်ကြိမ်မြောက်အိမ်မှာ တူရာသီ လီဘရာနတ်ခတ် ကို သောကြာဂြိုလ် စိုးမိုးသဖြင့် (Venus occupy 12th house and Libra ruled) အချစ်ရေး၊ အိမ်ထောင်ရေး၊ လက်တွဲဖော်၊ နိုင်ငံခြားခရိး၊ ပြည်ပမှာ နေထိုင်ရေး၊ ကာမ အင်္ဂါများ စသည်တို့နဲ့ ပတ်သက်ပါသတဲ့။ အကောင်းအဆိုး အကြောင်းအကျိုးအတွက် သောကြာဂြိုလ် Venus ရဲ့ တည်နေရာပေါ်မှာ မူတည်သဖြင့် မွေးဇာတာခွင်ကို ကြည့်မှ ပိုသိနိုင်ပါသတဲ့။ အထွေထွေအနေနဲ့ ပြောရမယ်ဆိုရင် ရုပ်ရည်လှပ ဆွဲဆောင်မူ့ ကောင်းကြသလို အချစ်ရေးမှာ မနာလိုတတ်သူများ ဖြစ်ကြပါသတဲ့။ သူတို့နဲ့ငြားတဲ့ အိမ်ထောင်ဖက်တွေဟာလဲ အချစ်စိတ် ပြင်းထန်သူများဖြစ်နိုင်ပါသတဲ့။

Source: : This research came from the combination of S. GENESH’S BHAVA ANALYSIS, ANDREW BLOOMFIELD’S  How To Practice VEDIC Astrology, Umang Taneja’s The Text Book of Astrology, and Ronnie Gale Dreyer’s VEDIC ASTROLOGY (A Guide to the Fundamentals of Jyotish) book and can get free birth chart from following web sites;
http://www.vedicastrology.us.com
http://www.horoscopes.astro-seek.com

No comments: